ပြီးခဲ့သော ရက်များအတွင်း 'စီးရီးအေပုံရိပ်' ဘောလုံးသမားများဖြစ်သော ကာဗာနီ(နာပိုလီ)၊
ဂျိုဗီတစ်(ဖီအိုရင်တီးနား)နှင့် မာကွင်ဟို (ရိုးမား)တို့ နိုင်ငံခြားကလပ်များသို့ မြင့်မားသော ပြောင်း
ရွှေ့ကြေးများဖြင့် အသင်းပြောင်း သွားကြသော သတင်းများ ဦးစားပေးဖော်ပြခံရပြီးနောက် အီတ
လီဘောလုံး ကျွမ်းကျင်သူများက စီးရီးအေထိပ်သီး အချို့၏အနေအထားနှင့် အလားအလာ ကို
သုံးသပ်လာကြသည်။
၎င်းတို့အဓိက ပစ်မှတ်ထားကာ သုံးသပ်လာသော အသင်းများမှာ အေစီ မီလန်၊ အင်တာမီလန်၊
ရိုးမားနှင့် နာပိုလီ တို့ ဖြစ်သည်။ ထိုအသင်းများ၏ အနေ အထားနှင့် အလားအလာ၊ ကစားသမား
ခေါ် ယူအားဖြည့်မှုများကို အီတလီ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
အေစီမီလန် ပြီးခဲ့သောရာသီက မီလန်ခြေစွမ်းနှင့် အသင်းအခြေအနေများသည် ရှုပ်ထွေးခဲ့သည်။
အမှတ်ပေးဇယား အောက်ဖက်သို့ ကျဆင်းသွားပြီးမှ မန်စီးတီးတိုက်စစ်မှူး ဘာလိုတယ်လီကို ခေါ်
ယူနိုင်ခြင်းနှင့်အတူ ဘောလုံးရာသီ ဒုတိယထက်ဝက်ခြမ်းတွင် ခြေစွာလာ သည်။
လက်ရှိအချိန်တွင် အေစီမီလန် သည် ဂျူဗင်တပ်ကို ခြိမ်းခြောက်နိုင် သည့် အနေအထားရှိသော်
လည်း ပြီးခဲ့ သောရာသီကထက် ပိုကောင်းရန် လိုအပ်သည်။ လာမည့်ရာသီအတွက် အေစီမီလန်
သည် လူငယ်ကစားသမားသစ်များ ခေါ်ယူထားသည်။ သို့ရာတွင် အေစီမီလန်၏ အဓိကလိုအပ်
ချက်မှာ ခံစစ် ကြောင်းဖြစ်ကြောင်း ကျွမ်းကျင်သူများ က သုံးသပ် ကြသည်။
အေစီမီလန်သည် အီတလီနောက်ခံလူ အော့ဘွန်နာကို စိတ်ဝင်စားခဲ့သော်လည်း ဂျူဗင်တပ် ကို
မယှဉ်နိုင်ဘဲ လက်လွှတ်လိုက်ရ သည်။ တစ်ဖန် ဗလင်စီယာမှ ပြင်သစ် နောက်ခံလူ အဒီရာမီကို
ခေါ်ယူလို သည်။ သို့ရာတွင် ရော်ဘင်ဟိုကို ရောင်းချ ခြင်းမပြုနိုင်ဘဲ စာချုပ်သက်တမ်းတိုး လိုက်
ရပြီးနောက် အဒီရာမီကို ခေါ်ယူ မည့်သတင်းများ မှုန်ဝါးသွားပြန်သည်။
ကွင်းလယ်တွင် အင်အားဖြည့်တင်း ရန် အေစီမီလန်သည် စီအက်စ်ကေအေ မော်စကိုမှ ဂျပန်လက်
ရွေးစင် ဟွန်ဒါ နှင့် ဖီအိုရင်တီးနားမှ အဒမ်လာဂျစ် တို့ကို ပစ်မှတ်ထားသော်လည်း ၎င်းတို့ ထဲမှ
တစ်ဦးတလေကိုမျှ ယခုချိန်ထိ အပြီးအပြတ် ခေါ်ယူနိုင်ခြင်း မရှိသေး ပေ။
အလားတူပင် အစောပိုင်းက အာဂျင်တီးနားတိုက်စစ်မှူး တေဗက်ဇ် ကို ခေါ်ယူရန် အေစီမီလန်
ဒုဥက္ကဋ္ဌ ဂယ်လီယာနီနှင့်တွေ့ဆုံသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသော် လည်း တေဗက်ဇ်သည်
ဂျူဗင်တပ်သို့ ပြောင်းရွှေ့သွားသည်။
ခြံုကြည့်လျှင် ဘတ်ဂျက်ကို ချွေတာသုံးစွဲနေရသောကြောင့် အေစီမီလန်ပစ်မှတ် ကစားသမားများ
သည် ပြိုင်ဘက် များလက်ထဲသို့ ရောက်သွားခဲ့ရသည်။ အေစီမီလန်သည် ကျူပီအာရ်မှ မော်ရိုကို
ကွင်းလယ်တိုက်စစ်သမား အဒီလ်တာရက်ဘ်ကို ခေါ်ယူရန် နှစ်ဖက် အသင်းများ ပြောဆိုဆွေးနွေး
လျက်ရှိ သည်။
တစ်ဖန် မန်ယူကွင်းလယ်လူ အင်ဒါဆင်ကိုလည်း ၎င်းတို့ စိတ်ဝင်စား နေကြောင်း သတင်းများက
ဖော်ပြ သည်။ အေစီမီလန်သမိုင်းကြောင်းတွင် ကာဖူး၊ ပါတို၊ ကာကာ၊ ဆာဂျင်ဟို အစရှိသော
ဘရာဇီးလ် ဘောလုံးသမား များ ခြေစွမ်းပြအောင်မြင်သွားခဲ့ သော ကြောင့် အင်ဒါဆင် (၂၅ နှစ်)
သည် လည်း အေစီ မီလန်သို့ ပြောင်းရွှေ့လာပါက တိုးတက်မှုရှိလာနိုင်ကြောင်း သုံးသပ်ကြသည်။
နာပိုလီ ရီးယဲလ်မက်ဒရစ် မှ တောင်ပံတိုက်စစ် မှူး ဟိုဆေးကယ်လီဂျွန်နှင့် နောက်ခံလူ ရာအူးလ်
အဲလ်ဘီရော တို့ကို ခေါ်ယူနိုင် ခဲ့သော်လည်း နာပိုလီသည် ၎င်းတို့၏ အကောင်းဆုံး တိုက် စစ်မှူး
ကာဗာနီ ကို ဆုံးရှုံး လိုက်ရသောကြောင့် ပုံရိပ် ကျဆင်းသွား ပြီး ဥရောပ အဆင့်ရှိ တိုက်စစ်မှူး
တစ်ယောက် ကို မဖြစ်မနေ ရှာဖွေခေါ်ယူရတော့မည် ဖြစ်သည်။
စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ် သည် ဥရောပပြိုင်ပွဲအတွေ့အကြံု များပြားသောကြောင့် ၎င်း၏
စွမ်းရည် ကိုသာ နာပိုလီတွင် ထုတ်သုံးနိုင်ပါက အသင်းအတွက်များစွာ အထောက် အကူဖြစ်မည်
ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ ပြီးခဲ့သောရက်များအတွင်း နာပိုလီ သည် ရီးယဲလ်မက်ဒရစ်
မှ အာဂျင် တီးနားတိုက်စစ်မှူး ဟီဂူအင်ကို ခေါ်ယူ နိုင်တော့မည်ဟု ယူဆခဲ့ကြသော်လည်း တကယ်
တန်းတွင် အကျီစပွန်ဆာကိစ္စ အတွက် နှစ်ဖက်သဘောတူညီမှုမရ သေးသောကြောင့် အပြီး
သတ်နိုင်ခြင်း မရှိသေးပေ။
သို့ကလို'လိပ်ခဲတည်းလည်း' အနေအထားတွင် နာပိုလီနည်းပြ ဘင်နီတက်ဇ်က ဘရာဇီးလ်တိုက်
စစ် မှူး လီယန်ဒရိုဒါမီယိုကို ခေါ်ယူလို ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းကြောင့် ပိုမိုရှုပ်ထွေး
သွားနိုင်သည်။
တစ်ဖန် ဂိုးသမားတစ်ယောက်ရှာဖွေ နေသော နာပိုလီသည် အစော ပိုင်းက ဘရာဇီးလ် ဂိုးသမား
ရာဖေးလ်ကို ခေါ်ယူနိုင်ပြီဟု သတင်းများ ထွက်ပေါ် ခဲ့သေးသော်လည်း အမှန်တကယ်တွင် ခေါ်
ယူနိုင်ခြင်းမရှိသေး သောကြောင့် လီဗာပူး ဂိုးသမားရေနာ၊ ကျူပီအာရ်မှ ဘရာဇီးလ်ဂိုးသမား ဂျူ
လီယိုဆီဇာတို့ကို ခေါ်ယူမည့် သတင်းများ ထပ်မံထွက်ပေါ်လာပြန်သည်။
မကြာသေးမီက ကစားခဲ့သောခြေစွမ်း ပွဲတွင် ခြေစွမ်းပြနိုင်ပြီး အသင်း၏ အဓိကဘောလုံးသမားဖြစ်
လာသော ကွင်းလယ်တိုက်စစ်သမား ဟမ်ဆစ်က လည်း ကာဗာနီမရှိသော်လည်း နာပိုလီ ခြေစွမ်း
ထိခိုက်ကျဆင်းသွားမည် မဟုတ် ကြောင်း အခိုင်အမာ ပြောဆိုလိုက် သည်။
နည်းပြသစ် ဘင်နီတက်ဇ်ကို ကစားသမားအများစုက ယုံကြည်ထောက်ခံလာသောကြောင့် နာပို
လီ အနေအထားသည် ကစားသမားသစ် ခေါ်ယူရာတွင် အားပြိုင်မှုများ ရှိလာ နိုင်သည်။ ရိုးမား
ယူဒီးနိစ်နောက်ခံလူ ဘင်နာတီယာ၊ ပီအက်စ်ဗီတောင်ပံတိုက်စစ်သမား ကီဗင်စထရွတ်မန်း၊ မန်
စီးတီးနောက်ခံ လူ မိုင်ကွန် အစရှိသော ဘောလုံးသမား များကို ခေါ်ယူရာတွင် ရိုးမားသည် ယူရို
၄၅ သန်း သုံးစွဲထားသည်။
သို့ရာ တွင် အပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားသည် လှုပ်လှုပ်ရှားရှား ဖြစ်မသွားဘဲ သွေးအေး
အေးဖြင့် စိတ်ကြိုက်ဘောလုံးသမားများ ကို ခေါ်ယူထားသောကြောင့် ၎င်းတို့အနေအထားကို
မှန်းဆရခက်ပြီး မထင်မှတ်ဘဲ ထိပ်တန်းပြိုင်ဘက်အသင်းကြီးအဖြစ် ပေါ်ထွက်လာနိုင်ကြောင်း
အီတလီ ဘောလုံးကျွမ်းကျင်သူ အချို့က သုံးသပ်ကြသည်။ လိုင်လီတွင် အောင်မြင်ခဲ့သော
နည်းပြ လူးဝစ်ဂါစီယာကို ရိုးမားဒါရိုက် တာဘုတ်အဖွဲ့က အပြည့်အဝ ယုံကြည် ထားသည်။
မကြာသေးမီက နည်းပြ ဂါစီယာသည် ၎င်း၏တပည့်ဟောင်း ဖြစ်သော အာဆင်နယ်တောင်ပံ
တိုက်စစ် သမား ဂျာဗင်ဟိုကို ပြန်လည်ခေါ်ယူ ရန် ကြိုးပမ်းခဲ့သည်။ ရိုးမားခြံပေါက်ဖြစ်ပြီး ပရိ
သတ်များ ကြားတွင် ဩဇာကြီးမားသော အသင်း ခေါင်းဆောင်တော့တီသည် ယခုရာသီ ကုန်
လျှင် အနားယူတော့မည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းကြောင့် အနာဂတ်အသင်းခေါင်းဆောင်
ရွေးချယ်ရေးနှင့် ပတ်သက်ပြီး နည်းပြ ဂါစီယာ 'ခေါင်းစား'စရာ ဖြစ််လာသည်။
လတ်တလော ရိုမားသည် ပရိသတ် များ မနှစ်သက်သော တိုက်စစ်မှူး အော့ စဗဲလ်ဒိုကိုအသင်း
တွင် ဆက်ထားခြင်းပြု၊ မပြု ဆုံးဖြတ်ရန်ရှိသည်။ တစ်ဖန် အဓိကကွင်းလယ်လူ ဒီရော့စီ၏ အပြောင်း
အရွှေ့သတင်းများလည်း မကြာခဏထွက်ပေါ်လာခြင်းကြောင့် အသင်းအပေါ်တွင် ရိုက်ခတ်မှုရှိလာ
ရာ ထိုပြဿနာကို ရိုးမားအနေဖြင့် အပြီးသတ်ကိုင်တွယ်ရတော့မည် ဖြစ်သည်။
ကွင်းလယ်ကို အင်အားဖြည့်တင်း ရန် ကြိုးပမ်းနေသော ရိုးမားသည် အာဆင်နယ်မှ ဂျာဗင်ဟိုကို
ခေါ်ယူရန် ကြိုးစားပြီးနောက် မန်ယူမှ ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး နာနီကိုလည်း စိတ်ဝင်စား
ကြောင်း ထုတ်ဖော်ပြသ လာသည်။ အင်တာမီလန် စိတ်ပျက်ဖွယ်ကောင်းသော ပြီးခဲ့ သည့်
ရာသီကို အဆုံးသတ်ပြီး နောက် အင်တာမီလန်သည် နည်းပြသစ် ဝေါ်လ်တာ မက်ဇာရီလက်
ထက် တွင် ပြန်လည်ရှင်သန် လာမည်ဟု ကျွမ်း ကျင်သူအများစုက ထင်ကြေးပေးထားကြသည်။
ထို့အတူ ပင် အင်တာမီလန် ကစားသမားများ အကြား ယုံကြည်ချက်များ ပြန်လည် ရှင်သန်လာ
ကာ အသင်းအတွက် ပေးဆပ်လိုစိတ်များ ကြီးထွားလာခြင်း နှင့်အတူ ပရိသတ်များကြားတွင်
မက်ဇာရီကို အားပေးထောက်ခံမှုများ မြင့်တက်လာသည်။
သို့ရာတွင် နည်းပြသစ် မက်ဇာရီကမူ အင်တာမီလန်အနေဖြင့် အခက်အခဲ များကြားမှ ရုန်းကန်ရဦး
မည်ဟု 'ကျားကန်' ပြောကြားထားသည်။ ဆမ်ဒိုးရီးယားမှ ခေါ်ယူလိုက်သော အသက် ၂၀ အရွယ်
အာဂျင်တီးနားတိုက်စစ်မှူး မော်ရိုအိုင်ကာဒီသည် အင်တာမီလန်တွင် လျင်မြန်စွာအထိုင် ကျပြီး ခြေ
စွမ်းပြနိုင်မည့် အရိပ်အယောင် များထွက်ပေါ်လာခြင်းက အင်တာ မီလန်ပရိသတ်များအတွက် အား
တက် စရာ ဖြစ်လာသည်။ အစောပိုင်းက ပါးမားတိုက်စစ်မှူး ဘယ်ဖိုဒီကို ခေါ်ယူ ထားပြီး ဖြစ်သည်။
လူငယ်များဖြစ်သော အိုင်ကာဒီနှင့် ဘယ်ဖိုဒီတို့ကို ထိန်းပေးနိုင်မည့် ၀ါရင့် တိုက်စစ်မှူး မီလီတိုသည်
လည်း ဒဏ်ရာ မှ ပြန်လည်ကောင်းမွန်လာကာ ရာသီသစ်အတွက် အသင့်ရှိနေပြီဖြစ်သည်။
တစ်ဖန် နည်းပြကို ပြဿနာရှာ ရာတွင် နာမည်ကြီး သော ၀ါရင့်တိုက်စစ်မှူး ကာဆာနို ကိုလည်း၊
ပါးမား သို့ ရောင်းချနိုင်ခြင်းကြောင့် အင်တာ မီလန်တိုက်စစ်အင်အားစုသည် အခြေ အနေသစ်တွင်
အလားအလာကောင်း မွန်နေသည်။
လာမည့်ရာသီအတွက် အင်တာမီလန်၏ အဓိက 'ပျော့ကွက်'သည် ခံစစ်ကြောင်းဖြစ်ကြောင်း ကျွမ်း
ကျင်သူများက ထောက်ပြလာသည်။ အထူး သဖြင့် အင်တာမီလန်ဗဟိုခံစစ်တွင် ဆင်မြူရယ် (၃၅
နှစ်)နှင့် ချီးဗူး (၃၂ နှစ်) တို့သည် အကျပိုင်း ရောက် လာပြီဖြစ်သောကြောင့် ကစားအားရှိပြီး သန်
မာ ဖျတ်လတ်သော နောက်ခံလူများ ခေါ်ယူ အားဖြည့်ရန် လိုအပ်နေပြီဖြစ်သည်။
လတ်တလောတွင် အင်တာမီလန်သည် နာပိုလီဝါရင့်နောက်ခံလူ ကမ်ပါနာရို ကို ခေါ်ယူထားသည်။
တစ်ဖန် ဘေဆယ် အသင်းမှ အသက် ၂၂ နှစ်အရွယ် ဩစတြီးယားနောက်ခံလူ ဒရာဂိုဗစ်ကို ခေါ်
ယူနိုင်ရန် အလားအလာကောင်း လျက်ရှိသည်။ သို့ရာတွင် ဘဏ္ဍာရေးအရ အခက် အခဲများ ရှိနေ
သော အင်တာမီလန် ပိုင်ရှင် မိုရက်တီသည် အသင်း၏ ရှယ်ယာ ရ၅ ရာခိုင်နှုန်းကို အင်ဒိုနီးရှား လုပ်
ငန်းရှင် သိုဟာထံသို့ ရောင်းချရန် စိတ်မပါဘဲ ဖြစ်နေသောကြောင့် အနာ ဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်
မတင်မကျ ဖြစ်နေသေးသည်။
တစ်ဖန်လာမည့် ရာသီတွင် အင်တာသည်ဥရောပပြိုင်ပွဲ များနှင့် ဝေးကွာနေခြင်းကြောင့် မာရာဇီ
အနေဖြင့် နောက်ထပ်ကစားသမား သစ်များခေါ်ယူနိုင်ရေးမှာ မရေရာမှု များဖြင့် ကြံုတွေ့ရဖွယ်ရှိ
သည်။















