၂၀၁၃ ခုနှစ် အမျိုးသား တံခွန်စိုက် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပလျက်ရှိ

၂၀၁၃ ခုနှစ် အမျိုးသား တံခွန်စိုက် ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပလျက်ရှိ

အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၃
ခုနှစ် အမျိုးသား တံခွန်စိုက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် အသက် ၁၈ နှစ်
အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့မှ၂၈ ရက်နေ့
အထိ ရန်ကုန် မြို့၊ အောင်ဆန်း မိုးလုံလေလုံ အား ကစားခန်းမ၌ ကျင်းပပြုလုပ်လျက် ရှိသည်။

အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် အုပ်စုနှစ်စုပါ၀င်ပြီး ပြိုင်ပွဲဝင်အသင်း ကိုးသင်းပါ၀င်သည်။ အမျိုး
သမီး အလွတ်တန်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းလေးသင်းက ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြ
မည်ဖြစ်သည်။

အသက် ၁၈ နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် အုပ်စုနှစ်ခုဖြင့် ပြိုင်ပွဲဝင် အသင်း ၁၁ သင်းပါ၀င်ပြီး
အသက် ၁၈ နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြ
မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသော
ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုး သမီး ဘတ်စကက်ဘောအသင်းနှင့် အမေရိကန်
Vision Sport အားကစား အဖွဲ့တို့၏ ဆီးဂိမ်းအကြို လက်ရည်စမ်း ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့
တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။



ဖတ်ရှုမှုအများဆုံး