မြန်မာနေရှင်နယ်လိဂ် တန်းဆင်းဇုန် အတွင်း ကျရောက်နေသော ရခိုင် ယူနိုက်တက်အသင်းသည်
ဇူလိုင်လ ၁၇ ရက်နေ့ အောင်ဆန်းကွင်း၌ ရတနာပုံ အသင်းကို တစ်ဂိုးဪဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး
နောက် တန်းဆင်းဇုန်မှ ရုန်းထွက်ရန် အခွင့်အလမ်း အလွန့်အလွန် နည်းပါး သွားခဲ့သည်။
ပွဲစဉ်(၁၉)အပြီးတွင် စုစုပေါင်း ရမှတ် ရှစ်မှတ်သာရရှိထားပြီး မြန်မာနေရှင် နယ်လိဂ်ဇယား၏
အောက်ဆုံးတွင် ရောက်ရှိနေသော ရခိုင်ယူနိုက်တက် အသင်းသည် လက်ကျန်သုံးပွဲတွင် အစွမ်း
ကုန် အားထုတ်ရမည် ဖြစ်သည်။ "မျှော်လင့်ချက်ကတော့ မရှိတော့ သလောက်ပါပဲ။
ဒါပေမဲ့ မျှော်လင့်ချက် မရှိဘူးဆိုတိုင်း လက်ကျန်ပွဲတွေကို အရှုံးပေးသွားမှာ မဟုတ်ဘူး။ ကိုယ်က
လည်း အပြင်းအထန်ကြိုးစားမယ်၊ ကံက လည်း ဖေးမမယ်ဆိုရင် တန်းဆင်းဇုန် က လွတ်မြောက်
သွားနိုင်ပါသေးတယ်" ဟု ရခိုင်ယူနိုက်တက်အသင်း၏ နည်းပြ ဦးအောင်ဇော်မျိုးက ပြောသည်။
ရခိုင်ယူနိုက်တက်အသင်းသည် လက်ကျန်ပွဲများတွင် ဧရာဝတီယူနိုက် တက်၊ နေပြည်တော်၊
မနောမြေအသင်း တို့နှင့် တွေ့ဆုံနေပြီး ပွဲကျပ်များကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ဇယားအောက်
ဆုံးက အသင်းဖြစ်နေ သော်လည်း ရတနာပုံအသင်းနှင့် ကစား သည့်အခါ ရခိုင်ယူနိုက်တက်
အကောင်း မွန်ဆုံး ခြေစွမ်းကို ပြသခဲ့ပြီး ပွဲမှာ သူတစ်ပြန် ကိုယ်တစ်ပြန်နှင့် ပွဲကောင်း ဖြစ်ခဲ့သည်။
သို့သော် ရတနာပုံအသင်းက ပွဲအစ ကိုးမိနစ်မှာပင် ဦးဆောင်ဂိုးရရှိလိုက် သည့်အတွက် ရတနာပုံ
အသင်းက ရလဒ်ပိုင်းတွင် ဦးဆောင်ထားနိုင်ခဲ့ သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို
သက်နိုင်ကပြေးဝင် ပိတ် သွင်းခဲ့သည်။
" ရတနာပုံအသင်းကို ကျွန်တော်တို့ ရှုံးနိမ့်သွားတာ ကျွန်တော်တို့ အဆုံးသတ် ညံ့လို့ပါ။ ပြီးတော့
ကစားသမားတွေက အတွေ့အကြုံနုနယ်တယ်။ အသင်းရဲ့ ကစားသမား အတော်များများက ၂၅
နှစ်အောက်မှာပဲ ရှိသေးတယ်"ဟု ဦးအောင်ဇော်မျိုးက ပြောသည်။ ဂိုးပေးခံလိုက်ရပြီးနောက် ၁၅
မိနစ် အကြာတွင် ရခိုင်ယူနိုက်တက်အသင်း ရတနာပုံ ဂိုးစည်းအပြင်ဘက်တွင် ပြစ်ဒဏ်ဘော ရရှိ
သည်။
ထိုပြစ်ဒဏ် ဘောကို ရခိုင်ယူနိုက်တက် ကစား သမားနှစ်ယောက်က ဟန်ပြပြီး တတိယ လူက
ကန်သွင်းရာ ရတနာပုံဂိုးသမား သီဟစည်သူ လက်စွမ်းပြကာကွယ် သောကြောင့် ရခိုင်ယူနိုက်
တက် ချေပ ဂိုးနှင့် ဝေးခဲ့ရသည်။ ရခိုင်ယူနိုက်တက်အသင်းသည် ချေပဂိုးရရန် တောက်လျှောက်
ဖိကစား ခဲ့ပြီး အလွတ်တည်ကန်ဘော အများ အပြား ရရှိခဲ့သည်။
"ရခိုင်ယူနိုက်တက်က ကစားရ အတော်ခက်မယ့်အသင်းလို့ ထင်ပြီး သားပါ။ အသင်းငယ်တွေနဲ့
ကစားရမှာ ကို အရမ်းကြောက်ပါတယ်။ ကစား သမားတွေက ပေါ့တတ်လို့ပါ။ ဒီနေ့ပွဲကလည်း
တကယ်ခက်ပါတယ်"ဟု ရတနာပုံအသင်းနည်းပြ ဦးဇော်လေးအောင်က ပြောသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ယခင်တစ်ပတ်က ဇွဲကပင်အသင်းကို အနိုင်ယူကာ ယခုရာသီတွင်
ပထမ ဦးဆုံးနိုင်ပွဲရရှိခဲ့သည်။ နိုင်ပွဲဆက်နိုင်ရန် ကြိုးစားပမ်းစားကစားခဲ့သော်လည်း ကံခေသော
ကြောင့် ရတနာပုံအသင်း ကို တစ်ဂိုးဖြင့် ကပ်ရှုံးခဲ့ခြင်း ဖြစ်သည်။
ဟံသာဝတီယူနိုက်တက် အသင်း သည် ရမှတ် ၁၂ မှတ်ဖြင့် လည်းကောင်း၊ ဆောက်သမ်းမြန်မာ
အသင်းသည် ရမှတ် ၁၄ မှတ်ဖြင့် လည်းကောင်း ရခိုင်ယူနိုက်တက်နှင့်အတူ ဇယား၏ အောက်ဆုံး
သုံးသင်းအဖြစ် ရပ်တည် ကာ တန်းဆင်းအသင်းနှစ်သင်းထဲ မပါ၀င်ရေးအတွက် လက်ကျန်သုံးပွဲမှာ
အရေးပါလျက်ရှိသည်။















