အီဗန်ကာရာမာနော့အား စာချုပ်ဖျက်သိမ်းခြင်း ကိစ္စနှင့်ပတ်သက်၍ မကွေးအသင်း ရှင်းလင်း

အီဗန်ကာရာမာနော့အား စာချုပ်ဖျက်သိမ်းခြင်း ကိစ္စနှင့်ပတ်သက်၍ မကွေးအသင်း ရှင်းလင်း

မကွေးဘောလုံးအသင်း၏ နိုင်ငံခြား ကစားသမား Ivan Atanasov Karamano သည်
ကျန်းမာရေးနှင့် မညီညွတ်သော အသင်း၏ အဆောင်တွင် နေထိုင်ရသောကြောင့် အသည်း ရောင်
အသားဝါ (အေ)ပိုး ရရှိခဲ့ကြောင်း ၎င်းအသင်းမှ မထွက်ခွာ The Voice သတင်းစာသို့ ပြောကြားသည်။

ဘူလ်ဂေးရီးယားလူမျိုး အီဗန် ကာရာ မာနော့သည် အသင်းနှင့် ဩဂုတ်လ အထိ စာချုပ်သက်တမ်း
ရှိနေပြီး မကွေး အသင်းသည် ဇူလိုင်လ ၁၇ ရက်နေ့ ၎င်းနှင့် စာချုပ်ဖျက်သိမ်းသည့်အခါ နှစ်လစာ
ငွေကြေးနှင့်တကွ တစ်လစာ ထပ်ဆောင်းကြေးကိုလည်း ပေးအပ် ခဲ့သည်။

မကွေးအသင်းသည် အီဗန်နှင့်အတူ အသင်းဖော် အယ်လ်မေးဒါးကိုလည်း တစ်နေ့တည်းတွင် စာချုပ်
ဖျက်သိမ်းခဲ့ ပြီး ၎င်းအား နှစ်လစာ ငွေကြေး ပေးအပ် ခဲ့သည်။ အီဗန်၏ လစာမှာ အမေရိကန် ဒေါ်လာ
၄,၀၀၀ ဖြစ်ပြီး အယ်လ်မေးဒါး ၏ လစာမှာ အမေရိကန်ဒေါ်လာ ၂,၅၀၀ ဖြစ်သည်။

"အီဗန်ကိုပေးဖို့ရှိတဲ့ နှစ်လစာ ငွေအပြင် ထောက်ထားညှာတာတဲ့ အနေနဲ့ နောက်ထပ်တစ်လစာ
လည်း အသင်း ဥက္ကဋ္ဌကြီးက ထပ်ပေးလိုက်ပါ သေးတယ်။ အသင်းက သူ့အတွက် စေတနာရှိရှိ
ပေးကမ်းပေမယ့် အသင်း ရဲ့ အတွင်းရေးတွေကို လက်လွတ် စပယ်ပြောတာဟာ အသင်းစာချုပ်
ပါ အချက်အလက်တွေကို ဖောက်ဖျက်တာပါပဲ။ ကစားသမားတွေ နေထိုင်ဖို့ မသင့်တော်ဘူးဆို
တဲ့ ဆေးမှတ်တမ်း ဟာလည်း မမှန်ပါဘူး။ ဆေးမှတ်တမ်း က တာဝန်ခံဆရာဝန်နဲ့ ဆရာဝန်ကြီး
အတွက်ပဲဖြစ်လို့ အပြင်လူ ကြည့်လို့ မရပါဘူး။ ဆေးရုံမှာပဲ ထိန်းသိမ်းထား ပါတယ်"ဟု မကွေး
အသင်းမန်နေဂျာ ဦးစိုးဝင်းက ပြောသည်။

အသင်း စတင်တည်ထောင်စ ၂၀၀၉ ခုနှစ်ကတည်းကပင် နည်းပြကြီး ဒေးဗစ် မက်ခရီရီအပါအဝင်
နိုင်ငံခြားသား ကစားသမားများကို ငှားရမ်း အသုံးပြု ခဲ့ရာ ယခုဘောလုံးရာသီတွင် နိုင်ငံခြား ကစား
သမား ၁၉ ဦးရှိပြီဖြစ်သည်။ နိုင်ငံခြားကစားသမားပင်ဖြစ်လင့် ကစား ပြည်တွင်းကစားသမားများနှင့်
ရင်းနှီးမှုရရှိစေရန် အဆောင်တွင် နေထိုင်ရမည်ဟူသော အသင်း၏ မူအတိုင်း သဘောတူလိုက်နာနိုင်
သူ များကိုသာ အသင်းက စာချုပ်ချုပ်ဆို ခွင့်ပေးသည်။

"အသင်းမှာ လာကစားတဲ့ နိုင်ငံခြား သား ၁၉ ယောက် ရှိပါပြီ။ အခုလို ပြဿနာမျိုး မရှိခဲ့ပါဘူး။
အားလုံး အဆောင်မှာပဲ ကျန်းကျန်းမာမာနဲ့ နေခဲ့ကြပါတယ်။ အီဗန် မကျန်းမမာ ဖြစ်တာလည်း
သူကိုယ်၌က စည်းကမ်း မကောင်းလို့ပါ။ ဆရာဝန်ကြီးနဲ့ ပြပေးပေမယ့် ဆရာဝန်ကြီးညွှန်ကြားတဲ့
အတိုင်း မလုပ်ဘူး။ ညေအငဘငသအငချ နဲ့ မတည့်ဘူး ဆိုပြီး ဆေးမသောက်ပါဘူး။ဒီကိစ္စ ဖြစ်
သွားတဲ့အတွက် နောက်ဆိုရင် စာချုပ်မချုပ်ခင် ကစားသမားကို ကျန်းမာရေးစစ်တမ်း အရင်ကောက်
ယူရမှာပါ"ဟု အသင်း၏ နည်းပြချုပ် ဦးကြည်လွင်က ပြောသည်။

အသင်း၏ စည်းကမ်းများကို မလိုက်နာသည့်အတွက်ကြောင့် ဘရာဇီးလ် လူမျိုး အရှေ့တီမော နိုင်ငံ
သား အဲလ်မေးဒါးကိုလည်း အသင်းက စာချုပ် ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် လတ်တလော
မကွေး အသင်းတွင် ဂျပန်နိုင်ငံသား ကာဇူကီ နှင့် ဂါနာနိုင်ငံသား ဆက်အာမော တို့နှစ်ဦးသာ
နိုင်ငံခြားသား ကစား သမားများအဖြစ် ကျန်ရှိနေတော့ သည်။



ဖတ်ရှုမှုအများဆုံး