ရာသီသစ်အတွက် အသင့်ဖြစ်နေပြီလား ဆွမ်ဆီး

ရာသီသစ်အတွက် အသင့်ဖြစ်နေပြီလား ဆွမ်ဆီး

ဆွမ်ဆီးဆိုတဲ့ ဝေလကလပ်အသင်းက လွန်ခဲ့တဲ့ ၂၀၁၁ဪ၁၂ ဘောလုံးရာသီက
ပရီမီယာလိဂ်ကို တန်းတက်လာတဲ့ နုနုငယ်ငယ်ကလပ်အသင်းလေးဖြစ်ပါ တယ်။ အဲဒီရာသီတုန်း
က တန်းပြန်ဆင်း ရမယ့် အသင်းလေးအဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။

ဒါပေမဲ့ တန်းတက်အသင်းလေး ဆွမ်ဆီးဟာ တန်းမဆင်းခဲ့ရဘဲ ပရီမီယာလိဂ်မှာ တင်ကျန်သွား
ခဲ့ပါ တယ်။ တန်းတင်ကျန်ဖို့ ရုန်းကန်ကစားရခြင်းမရှိဘဲ အေးအေးသက်သာနဲ့ပဲ တင်ကျန်ခဲ့တာပါ။
မထင်မရှားကစားသမားလေးတွေဖြစ်တဲ့ ဆင်ကလဲယား၊ နိသန်ဒိုင်ယာ၊ ဂရေဟမ်၊ ၀ီလီယံ၊ မာခ်
ဗွန်းတို့လို ကစားသမားတွေဟာ ဆွမ်ဆီး နဲ့အတူ ထင်ရှားခဲ့သလို မန်နေဂျာဘရန်ဒန်ရော်ဂျာတစ်
ယောက်လည်း လီဗာပူးလိုအသင်းကြီးကို ရောက်ဖို့ ဖြစ်သွားခဲ့ပါတယ်။ ရာသီလည်း ကုန်ဆုံးသွား
ရော ဘရန်ဒန်ရော်ဂျာ၊ ကစားသမား ဆင်ကလဲယားတို့ဟာ လီဗာပူးနဲ့ မန်စီးတီးတို့ကို ရောက်သွား
ပြီး အသင်းဟာလည်း ယိုင်နဲ့သလို ဖြစ်သွားခဲ့ပါတယ်။

၂၀၁၂-၁၃ ရာသီမှာ ဆွမ်ဆီးဟာ ကီးပလေယာတွေမရှိတော့လို့ တန်းပြန်ဆင်းရမယ်လို့ ထပ်ပြီး
သတ်မှတ်ခံ လိုက်ရပြန်ပါတယ် မန်နေဂျာလစ်လပ် သွားတဲ့ ဆွမ်ဆီးအတွက်ဘုတ်အဖွဲ့ ဟာ
နည်းပြရှာပုံတော်ဖွင့်တော့ ထူးထူး ခြားခြားပဲ အသင်းလေးဖြစ်နေတဲ့ တိုင်အောင် အင်္ဂလန်ပြည်
တွင်းမှာ မရှာ ဘဲ ပြည်ပကိုရှာလိုက်တာ နောက် ဆုံးတော့ စပိန်လာလီဂါမှာ အောင်မြင်တဲ့
ကစားသမားဖြစ်ခဲ့သလို လာလီဂါမှာ နည်းပြအဖြစ် ကျင်လည်ခဲ့တဲ့ ဒိန်းမတ်လူမျိုးမိုက်ကယ်
လောဒရပ် ကို မန်နေဂျာခန့်လိုက်ကြပါတယ်။

မိုက်ကယ်လောဒရပ်က စပိန်ကလပ်မာယော့ကာကနေ ရုရှားကလပ် စပါးတပ်မော်စကိုကလပ်ကို
ပြောင်း သွားပြီး စပါးတပ်မော်စကိုမှာ အောင်မြင်မှုမရခဲ့ဘဲ အသင်း လက်မဲ့ဖြစ်နေတဲ့အချိန်မှာ
ဥရောပရဲ့ ဘယ်ကလပ်အသင်းကမှ စိတ်ဝင်စားမှု မရှိတဲ့အချိန်မှာ ဆွမ်ဆီးကလပ်အသင်းလေး
က ယုံယုံကြည်ကြည်နဲ့ နည်းပြခန့်ခဲ့တာပဲ ဖြစ် ပါတယ်။

ဆွမ်ဆီးဟာ ဝေလနယ်က ကလပ် အသင်းလေးဖြစ်တဲ့တိုင် သူတို့ဘုတ် အဖွဲ့ကတော့ သူတို့ယုံ
ကြည်တဲ့ ဖီလော် ဆော်ဖီတစ်ခုကို ဆုပ်ကိုင်ပြီး ပရီမီ ယာလိဂ်ကို ဖြတ်သန်းနေခဲ့တာပဲ ဖြစ်ပါတယ်။
သူတို့က ဆွမ်ဆီးကို စပိန် ကစားဟန်ရအောင် တည်ဆောက်ပြီး ရပ်တည်ချင်ကြတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း တန်းတက်ခဲ့တဲ့ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ဆွမ်ဆီး ကစားဟန်က အသင်းနဲ့
မလိုက်အောင် ဆွဲဆောင်မှုရှိနေခဲ့တာပဲဖြစ်ပါတယ်။

ဒီဆွဲဆောင်မှုကောင်းခြင်းကြောင့် လည်း မန်နေဂျာဖြစ်တဲ့ ဘရန်ဒန် ရော်ဂျာဟာ လီဗာပူးရဲ့စိတ်
၀င်စားမှု ကို ရသွားခဲ့တာပဲဖြစ်ပါတယ်။ ဘုတ် အဖွဲ့ဟာ ရော်ဂျာမရှိပေမယ့်လည်း သူတို့ယုံကြည်
မှုကို ဆုပ်ကိုင်ထားမြဲ ဖြစ်ပြီး နောက်ဆုံးမှာ သူတို့နဲ့ကိုက်မယ် လို့ယူဆရတဲ့ မိုက်ကယ်လောဒရပ်
ကို မန်နေဂျာခန့်လိုက်တာပဲဖြစ်ပါတယ်။

ပြီးတော့ လောဒရပ်ကလည်း စပိန် ကစားသမား၊ စပိန်အခြေစိုက်ကစား သမားတွေကို ၀ယ်ပြီး
မနှစ်ကဘောလုံး ရာသီကို ဖြတ်သန်းလိုက်ပါတယ်။ ကစားသမားတွေက မထင်မရှားကစား
သမားတွေ ဖြစ်ပါတယ်။ မီချူးလို ကစားသမားကို ပေါင်နှစ်သန်း လောက်ပေးပြီး ခေါ်ခဲ့ပေမယ့်
မီချူးကတော့ ဆွမ်ဆီးနဲ့အတူ တောက်ပသွားခဲ့ပါတယ်။ မနှစ်က မီချူးနဲ့အတူ ပါဘလို ဟာနန်
ဒက်ဇ်၊ ဂူဇ်မန်၊ ချီကို ဖလောရက်စ်ဆိုတဲ့ ကစားသမား တွေကိုဝယ်ပြီး ဆင်ကလဲယားမရှိတော့
တဲ့ ဆွမ်ဆီးကို နိသန် ဒိုင်ယာ၊ ရုသ်လက်တို့နဲ့အတူ ဖြတ်သန်းလိုက်ပုံက ဘရန်ဒန် ရော်ဂျာလက်
ထက်ကထက်တောင် ပိုပြီးကောင်းတဲ့အသင်းဖြစ်သွားခဲ့ ပါတယ်။

နည်းပြသစ် လောဒရပ်ဟာ ဆွမ်ဆီးကို ပရီမီယာလိဂ်မှာတင်ကျန်ဖို့ အတွက် အမှတ် ၄၀ ရရေးကို
ပဲ ဦးစား ပေးပြီး ခြေပုံမှန်ဖြစ်နေအောင် ပြင်ဆင် ပြီး ဖြတ်သန်းခဲ့တာက နောက်ဆုံးမှာ ဆွမ်းဆီးဟာ
အိမ်ကွင်းကို အကောင်း ဆုံးကစားနိုင်တဲ့အထိဖြစ်သွားကာ စောစီးစွာပဲအမှတ် ၄၀ ရသွားပြီး အခု
စတင်တော့မယ့်ရာသီမှာ ပရီမီယာလိဂ်မှာ ကစားဖို့ အသင့်ဖြစ်သွားစေခဲ့ပါတယ်။

ရမှတ် ၄၀ ပြည့်ပြီးသွားချိန် မှာ လိဂ်ဖလားပြိုင်ပွဲကို အာရုံ ပြန်စိုက်လိုက်ပြီး ချယ်လ်ဆီးကို အနိုင်
ယူကျော်ဖြတ်ကာ နောက်ဆုံးမှာ လိဂ်ဖလားကိုပါ အပိုဆုအဖြစ်ရရှိသွား တဲ့အထိ ဆွမ်ဆီးဟာ
အောင်မြင်သွားခဲ့ ပါတယ်။

ဒါကြောင့်လည်း မကြာမီစတင် တော့မယ့် ရာသီမှာတော့ ဆွမ်ဆီးဟာ နုနုငယ်ငယ်အသင်းလေး
မဟုတ်တော့ ဘဲ ရင့်ကျက်တဲ့၊ ပြတ်သားတဲ့၊ ပန်းတိုင် ရှိတဲ့ အလယ်အလတ်အသင်းဘဝကိုရောက်
ရှိလာခဲ့ပြီဖြစ်ပါတယ်။

နည်းပြမိုက်ကယ်လောဒရပ်ဟာလည်း ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံရတဲ့
နည်းပြဖြစ်ခဲ့ပေမယ့် ဆွမ်းဆီးကိုပဲ ဆက်ပြီး ကိုင် တွယ် ဖြတ်သန်း လာတောမှာ ဖြစ်ပါတယ်။ မနှစ်
က လိဂ်ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အတွက် ဆွမ်ဆီးဟာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲကို ဒီရာသီမှာကစား
ရတော့မှာဖြစ်ပါတယ်။ လာမယ့်အပတ်ထဲမှာ ဆွီဒင်ကလပ်ဖြစ်တဲ့ မော်လ်မိုနဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲ
ကစားရတော့မှာပါ။

ဒီပွဲသာနိုင်လိုက်ရင်တော့ ဆွမ်ဆီးဟာခြေစစ်ပွဲအောင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ၀င်ခွင့်ရတော့မှာပဲဖြစ်
ပါတယ်။ ဒီအတွက် ကြောင့်လည်း ဆွမ်ဆီးဟာ ရာသီကြို ကာလမှာ ကစားသမားတွေကို ထပ်
ဖြည့်လိုက်ပြီး တောင့်တင်းတဲ့ အသင်းဖြစ်အောင် ပြင်ဆင်နေတာတွေ့ရပါ တယ်။

ကစားသမားကိုးယောက်အထိ ၀ယ်ထားပြီး အများစုက စပိန်ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။ မနှစ်
က လည်း စပိန်ကစားသမားတွေဖြည့်ခဲ့ သလို ဒီနှစ်မှာလည်း စပိန်ကစားသမား တွေကိုပဲ ဖြည့်ခဲ့
တာက ဆွမ်ဆီးဟာ သူတို့ဖြစ်ချင်နေတဲ့ စပိန်ကစားဟန်ဆိုတာကို ဒီနှစ်မှာ ပိုပြီးပီပြင်အောင် တည်
ဆောက်လိုဟန်ရှိတာကြောင့် စပိန်တွေကို ၀ယ်တာလို့ယုံကြည်နေမိ ပါတယ်။

စပိန်ကစားသမားတွေက ဘက်တစ်ကစားသမားနှစ်ဦး၊ အက်စ်ပန်ညိုကစားသမားတစ်ဦးနဲ့ ဗီလာရီး
ယဲလ်ကစားသမားတစ်ဦးတို့ဖြစ်ပါ တယ်။ ဒါ့ပြင် ဟော်လန်ကလပ် ဗီတက်ဆီ ရဲ့ အိုင်ဗရီကို့စ်တိုက်
စစ်မှူးဘိုနီကိုလည်း ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ၀ယ်ယူထားခဲ့ပါတယ်။

မနှစ်က အဓိက ကစားသမားတွေဖြစ်တဲ့ မီချူး၊ နိသန် ဒိုင်ယာ၊ ပါဘလိုဟာနန်ဒက်ဇ်၊ ရုသ် လက်၊
ဖလောရက်စ်၊ ၀ီလီယံ၊ ဗွန်းတို့ကို လည်း ရောင်းချခြင်းမရှိလို့ ဒီနှစ် ဆွမ်ဆီးဟာမနှစ်က၊ တစ်နှစ်က
ဆွမ်ဆီး နဲ့မတူဘဲ ပိုပြီးတောင့်တင်းတဲ့အသင်း ဖြစ်လာနေပြီဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ရာသီမှာ ဆွမ်ဆီးဟာ မနှစ်က ထက် ပိုကောင်းလာနိုင်ပါတယ်။ အခု ရာသီကြို
ဆွမ်ဆီးရဲ့ခြေစမ်းပွဲ ငါးပွဲမှာ ငါးပွဲစလုံးကို အနိုင်ကစားသွား ခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ ငါးပွဲမှာ
တစ်ဂိုးသာ အသွင်းခံခဲ့ရတာကလည်းထူးခြားနေပါတယ်။ သွင်းဂိုးကိုကြည့်တော့လည်း ၂၁ ဂိုးရှိခဲ့
ပါတယ်။ ဒါဟာ ဆွမ်ဆီးရဲ့ထူးခြားမှုပဲဖြစ်ပါတယ်။

မနှစ် က တိုက်စစ်မှာ မီချူးတစ်ယောက်ကိုပဲ အားထားခဲ့ရတဲ့အတွက်ကြောင့် ဒီနှစ် မှာ ဘိုနီကို
အားဖြည့်လိုက်တာဖြစ်ပါ တယ်။ ဘိုနီဟာ မနှစ်ကဒတ်ချ်လိဂ်မှာ ဗီတက်ဆီအတွက် ပွဲ ၃၀ ကစား
ပြီး ၃၁ ဂိုးသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ဆွမ်ဆီးဟာ မနှစ်ကထက်ကို ထူးခြား
မှုပိုလာနိုင်တဲ့ အသင်းဖြစ်လာနိုင်ပါတယ်။ လာမယ့် ရာသီမှာ ရုပ်သံကြေးတွေအဆမတန်များပြား
တဲ့အတွက်ကြောင့် အလယ် အလတ်အသင်းတွေဟာ တန်းမဆင်း ရဖို့အတွက်ကို ရင်းနှီးမြှုပ်နှံမှု
တွေ အများအပြားလုပ်နေကြလို့ ခြေစွမ်း တည်ငြိမ်တဲ့အသင်းတွေဟာ ဖျက်မြင်း တွေဖြစ်လာတော့
မှာပါ။ အဲဒီအထဲမှာ ဆွမ်းဆီးဟာ သတိထားရမယ့်အသင်း ဖြစ်လာနေပါရဲ့။



ဖတ်ရှုမှုအများဆုံး