အီကွေဒေါ တိုက်စစ်မှူး ရုတ်တရက် ကွယ်လွန်

အီကွေဒေါ တိုက်စစ်မှူး ရုတ်တရက် ကွယ်လွန်

ကွီတို - အီကွေဒေါတိုက်စစ်မှူး ခရစ္စတီ ယန် ဘင်နီတက်ဇ် (၂၇ နျစ်) သည် ကာတာနိုင်ငံ၌
ရုတ်တရက် ကွယ်လွန် သွားကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဟိုဆေးချာမော်ရိုက တနင်္လာနေ့တွင်
ပြောကြားသည်။

အီကွေဒေါနိုင်ငံ ဂါမာရုပ်သံသို့ ချာမော်ရို ပြောကြားချက်အရ ဘင်နီ တက်ဇ်သည် နှလုံးရောဂါဖြင့်
သေဆုံး ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘင်နီတက်ဇ်သည် လွန်ခဲ့သောနျစ် ဘောလုံးရာသီက ကလပ်
အမေရိကားတွင် ကစားခဲ့ရာ မက္ကဆီကိုလိဂ်ပြိုင်ပွဲ၌ ဂိုးအများဆုံးသွင်းခဲ့သူဖြစ်ပြီး ကာတာနိုင်ငံမှ
အယ်လ်ဂျေးယစ်ရှ်ဝတ်စုံနျင့် စာချုပ်ချုပ်ဆိုထားပြီး သူ၏အပြောင်း အရွှေကကိစ္စ အပြီးမသတ်သေး
မီ ကလပ် အသင်းသို့ ဆေးစစ်ရန်သွားခဲ့ခြင်း ဖြစ်သည်။

အယ်လ်ဂျေးယစ်ရှ်၏ ကြေညာချက်တွင် ဘင်နီတက်ဇ်သည် သူ၏အသင်းနှင့်အတူ တနင်္ဂနွေနေ့၌
ကာတာစပို့ ကလပ်အသင်းနျင့် ယှသ်ပြိုင်ရန်ရှိပြီး 'ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိသည်ဟု
ပြောဆိုချက်မရှိခဲ့'ဟု ဖော်ပြ ထားသည်။ သူ၏ ကလပ်အသင်းကမူ သူသေဆုံး ရခြင်း အကြောင်း
ရင်းကို မပြောကြား ခဲ့ပေ။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး