ဂျပန်ပါရမီရှင် ကလေးက တရုတ်အား စိန်ခေါ်မည်

ဂျပန်ပါရမီရှင် ကလေးက တရုတ်အား စိန်ခေါ်မည်

တရုတ် (တိုင်ပေ) - အသက် ၁၂ နျစ်သာ ရှိသေးသူ ဂျပန်တင်းနစ် ပါရမီရှင်ကလေး
မိမာအီတိုသည် လာမည့် အိုလံပစ်အားကစားပြိုင်ပွဲတွင် ပါ၀င် ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံ၏
ကြီးစိုးမှုကို စိန်ခေါ်သွားမည်ဟု ဆိုသည်။

အီတိုသည် လွန်ခဲ့သော သီတင်းပတ် က ကျင်းပသွားသော အသက် ၁၅ နျစ်အောက် တရုတ်
(တိုင်ပေ) ဂျူနီယာ ပြိုင်ပွဲနျင့် အသက် ၁၈ နျစ်အောက် တရုတ်အိုးပင်းပြိုင်ပွဲတို့တွင် အနိုင်ရခဲ့သူ
ဖြစ်သည်။

လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် လူငယ်အိုလံပစ်၌ မပါ၀င် နိုင်သော်လည်း အီတိုသည်
၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွင် တရုတ်တို့၏ လွှမ်းမိုးထားမှုကို ဖြိုဖျက်သွားရန် မျှော်လင့်ထားသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး