ဟန်ဂေရီမြို့တော် ဘူဒါပက်စ်မှာ ကျင်းပခဲ့တဲ့ ဟန်ဂေရီဂရင်းပရီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ
ဟာ ကမ္ဘာကျော် စူပါစတား ဒရိုင်ဘာ တွေ အစုံအလင် ၀င်ရောက်ဆင်နွှဲခဲ့ကြ တာမို့ အသည်းတ
ယားယား ရင်တဖိုဖို စိတ်ဝင်စားစရာကောင်းခဲ့ပြီး နာမည် ကြီး Red Bull စတားဗက်တဲလ်ကို
ကျော်ဖြတ်ပြီး ဦးဆောင်ပန်းဝင် ဗိုလ်စွဲနိုင်ခဲ့သူကတော့ ဗြိတိန်စတား လူးဝစ်ဟမ်မီလ်တန်ပဲ ဖြစ်
ပါတယ်။
Mercedes Team နဲ့ လာရောက် ယှဉ်ပြိုင်ခဲ့သူ ဟမ်မီလ်ဟာ အခု ဟန်ဂေရီ အောင်ပွဲနဲ့ပါဆိုရင်
ဂရင်းပရီနိုင်ပွဲ ၂၂ ပွဲ ရရှိထားပြီး ဟန်ဂေရီ ဂရင်းပရီမှာ ဂန္ထဝင် မိုက်ကယ် ရှူးမေကာ တင်ရှိထားတဲ့
လေးထပ်ကွမ်းချန်ပီယံ စံချိန်ကိုလည်း လိုက်မီ သွားခဲ့ပြီပဲဖြစ်ပါတယ်။
ဟန်ဂေရီ ဂရင်းပရီမှာ ဟမ်မီလ်တန် ဟာ စုစုပေါင်း မောင်းနှင်ချိန် တစ်နာရီ ၄၂ မိနစ်၊ ၂၉ စက္ကန့်နဲ့
ဦးဆောင် ပန်းဝင် ဗိုလ်စွဲခဲ့ပြီး ဖင်လန်စတား ရစ်ကိုနင်က ဒုတိယနဲ့ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ဗက်
တဲလ်က တတိယနေရာက အသီးသီး ပန်းဝင်ခဲ့ကြတာတွေ့ရပါ တယ်။
အားကစားကမ္ဘာမှာ ဗြိတိန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ၀င့်ထည်အောင် စွမ်းဆောင်ပြနိုင်သူ ဖော်မြူလာ
၀မ်း ချန်ပီယံ ဟမ်မီလ်တန်ကို ဘက်ကင်ဟမ် နန်းတော်က သူကောင်းပြုပြီး MBE Award အပ်နှင်းခဲ့
တာ ၂၀၀၉ ကာလ ကတည်းကဖြစ်ပြီး မဒမ်တူးဆော့ ဖယောင်း ရုပ်တုပြတိုက်မှာလည်း သူရဲ့ပုံတူ
တွင်းထု ဂုဏ်ပြုခဲ့ကြတာ ၂၀၀၉ နှစ်ဦးကတည်းကပဲ ဖြစ်ပါ တယ်။
Pussy cat Dolls အဆိုတော် နီကိုးလ်ရှာဇင်ဂျာနဲ့ ချစ်ကျွမ်းဝင်ခဲ့တာ ၂၀၀၈ ကာလကတည်းက
ဖြစ်ပေမယ့် လိုက်ဖက်ညီတဲ့ စူပါမောင်နှံဟာ အခု နှစ်မှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်
လှမ်းခဲ့ကြပြီပဲ ဖြစ်ပါတယ်။
အခု ဟန်ဂေရီအောင်ပွဲဟာ တစ်ချိန်က ချစ်သူဟောင်း နီကိုလ်းအတွက်ပါလို့ အတိအလင်း ထုတ်
ဖော်ပြောကြားလာခဲ့သူ ဟမ်မီလ်တန်ဟာ သုံးထပ်ကွမ်း ကမ္ဘာ့ချန်ပီယံလက်ထဲက သရဖူကို ပြန်
လည်လက်လွှဲယူနိုင်ဖို့က လက်ကျန် ပွဲ ၁၀ ပွဲကျန်ရှိပြီး အမှတ်ကွာခြားချက် က ၄၈ မှတ် ရှိနေ
တာကြောင့် လက်ကျန် ဖော်မြူလာဝမ်းပြိုင်ပွဲတွေဟာ လုံးဝ အတိမ်းအစောင်းမခံတော့ တာ သေ
ချာပါတယ်။
(၂၉) ကြိမ်မြောက် ကျင်းပတဲ့ ၂၀၁၃ ဟန်ဂေရီ ဂရင်းပရီဟာ ခရီးအကွာအဝေး ကီလိုမီတာ ၃၀၆
ဒသမ ၆၆၃ ကို ပြေးလမ်း အပတ်ပေါင်း ရ၀ တိတိ မောင်းနှင် ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
မိုက်ကယ်ရှူးမေကာရဲ့ လေးထပ်ကွမ်းစံချိန်ကို အခုနှစ်မှာ မီလာခဲ့သူ ဟမ်မီလ်တန်ဟာ ခရစ်ယာန်
ဘာသာ သက်ဝင်ယုံကြည်သူဖြစ်ပြီး သူဝင်ရောက် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း မှာ လက်ဝါးကပ်တိုင်
လည်ဆွဲကို အမြတ်တနိုး ၀တ်ဆင်ယှဉ်ပြိုင်လေ့ရှိ တာကလည်း ထူးခြားချက် တစ်ရပ်ပါပဲ။
အသည်းကွဲနေပေမယ့်လည်း အကောင်းဆုံး လက်စွမ်းပြမောင်းနှင် နိုင်ခဲ့ပြီး အောင်ပွဲရလဒ်က
ချစ်သူ ဟောင်းအတွက်ပါလို့ ဆိုသွားသူက ကမ္ဘာ့ချန်ပီယံဟောင်း ဟမ်မီလ်တန်နဲ့ ဘီဘီစီ ရုပ်သံ
တွေ့ဆုံခဲ့သော အင်္ဂလန် စတား ဒရိုင်ဘာက သူ့ပရိသတ်တွေအတွက် အခုလို ကတိစကားဆိုခဲ့
ပါ တယ်။
" င်္၁ လက်ကျန်ပွဲစဉ်က ၁၀ ပွဲ ကျန်တော့သလို အမှတ်ကွာဟချက်က ၄၈ မှတ်ရှိနေတာကို
ကျွန်တော်စိတ်မပျက်ပါဘူး။ Mercedes နဲ့အတူ လက်ကျန်ပွဲစဉ် တွေကို အောင်အောင်မြင်မြင်
ဖြတ်သန်းနိုင်မယ်လို့ ယုံကြည် မျှော်လင့်ထားပါတယ်။ Red Bull နဲ့ ဗက်တဲလ်ဟာ တကယ့်ကို
ကြောက်မက်ဖွယ်ကောင်း တဲ့ ပြိုင်ဘက် တွေပါ။ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ မယ်" လို့
ဆိုပါတယ်။
င်္၁ ကမ္ဘာ့ချန်ပီယံ အမှတ်ပေး စာရင်းမှာတော့ ဂျာမနီမှ ဗက်တဲလ်က ရမှတ် ၁၇၂ မှတ်နဲ့ နံပါတ်
တစ်နေရာက ဦးဆောင်နေပြီး ဒုတိယ နေရာမှာ ရင်ကိုနင်က ၁၃၄ မှတ်၊ အလွန်ဆိုက ၁၃၃ မှတ်
နဲ့ တတိယ၊ ဟမ် မီလ်တန်ကတော့ ၁၂၄ မှတ်နဲ့ စတုတ္ထ နေရာမှာ ရပ်တည်နေပါတယ်။














