ဒေါ့မွန်က ဘိုင်ယန်ကိုရှုံးကြွေးဆပ်ပြီးရာသီအဖွင့် ဂျာမန်စူပါဖလားယူ

ဒေါ့မွန်က ဘိုင်ယန်ကိုရှုံးကြွေးဆပ်ပြီးရာသီအဖွင့် ဂျာမန်စူပါဖလားယူ

ဒေါ့မွန် (ဂျာမနီ) - ဘိုရုရှား ဒေါ့မွန်သည် ဘိုင်ယန်မြူးနစ်အား ရာဇဝင်ကြွေးဆပ်
ကာ ၄-၂ ဖြင့် အနိုင်ယူ၍ စနေနေ့က ဂျာမန်စူပါဖလားကို ရယူသွားသည်။ ချန်ပီယံလိဂ်ဗိုလ်လု
ပွဲ၌ ၀င်ဘလေကွင်းတွင် ဘိုင်ယန်မြူးနစ်ကို ၂ ၁ ဖြင့် ရှုံးခဲ့သော ဒေါ့မွန်သည် ပြိုင်ဘက်ဟောင်း
ကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင် ဒေါ့မွန်သည် ပွဲစပြီး ခြောက်မိနစ်အကြာမှာပင် ဘိုင်ယန် ဂိုးသမား တွမ်စတာ့ခ် အမှားကို
အခွင့် ကောင်းယူနိုင်ခဲ့ကာ မာကိုရီးယပ်စ်၏ ခေါင်းတိုက်အဖွင့်ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သည်။ မိနစ်
အနည်းှုယ်အကြာတွင် နောက် ထပ်တစ်ဂိုး ရရှိမည့်အနေအထားတွင် တိုက်စစ်မှူး ရောဘတ်လီဝန်
ဒေါစကီး ၏ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခံလိုက်ရ၍ ဂိုးမရလိုက်ချေ။

ဘိုင်ယန်သည် ပထမပိုင်းတွင် အကြိမ် ကြိမ် တိုက်စစ်ဆင်ခဲ့သော်လည်း အာဂျန် ရော်ဘင်၊ သီယာ
ဂိုအယ်ကန်တာရာနှင့် မာရီယိုမန်လူးကစ်တို့သည် ဒေါ့မွန် နောက်တန်းကို မကျော်နိုင်ခဲ့ကြပေ။
ဒုတိယပိုင်း ပြန်စသည်နှင့် ဒေါ့မွန်နည်းပြ ဂျာကင်ကလော့သည် ကွင်းလယ်မှ စဗင်ဘင်ဒါကို
ဆီဘတ်တီယန်ကဲလ်နှင့် လဲ၍ကစားစေခဲ့ရာ သုံးဂိုးဆက်ရခဲ့သည်။ ဘိုင်ယန်၏ ပထမချေပဂိုး
နှစ်ဂိုးကို ရော်ဘင်က သွင်းယူခဲ့ခြင်းဖြစ်သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး