ဗီယက်နမ်အတွက် မျှော်လင့်စရာ ဘောလုံးတက္ကသိုလ်

ဗီယက်နမ်အတွက် မျှော်လင့်စရာ ဘောလုံးတက္ကသိုလ်

ပလေကူ - လူငယ်များအား ဖိနပ်မပါ၊ ဂိုးသမားလည်းမပါဘဲ ကစားစေသည့် ဘောလုံးသင်တန်း
ကျောင်းတစ်ကျောင်း သည် ဗီယက်နမ်ကုန်းမြင့်ဒေသ၏ အတွင်းပိုင်းကျကျ၌ ဘောလုံးကစား နည်း
သင်ပြပေးလျက်ရှိရာ အရှုပ်တော် ပုံတွေနျင့် လုံးလားထွေးလားရှိနေ သော စွမ်းဆောင်ရည် ညံ့ဆဲ
ဖြစ်သည့် ဗီယက်နမ် လက်ရွေးစင်အသင်းအတွက် မျှော်လင့်အားကိုးဖွယ်ဖြစ်နေသည်။

စိတ်ကြိုက်ရွေးချယ်ထားသော လူငယ်ဘောလုံးသမားများကို ခေတ်မီအဆောက်အအုံ၊ ပစ္စည်း
ပစ္စယနှင့် ပြည့်စုံသော ထိုဘောလုံးသင်တန်း၌ တစ်နေ့လျှင် ငါးနာရီနီးပါးလေ့ကျင့် ခန်းဆင်းစေ
သည်။

ထိုကျောင်းကို အင်္ဂလန် ပရီမီယာလိဂ် အာဆယ်နယ်ကလပ်အသင်းမှ အထောက်အပံ့ပေး
ထားခြင်းဖြစ်သည်။ ဘောလုံးသမားများမှာ အသက် ၁၀ ၁၁ နှစ်ခန့် အရွယ်များဖြစ်ကြ သည်။

ထိုဘောလုံးသမား ကလေးများ သည် ပြင်သစ်လက်ရွေးစင် ဘောလုံး သမားဟောင်း ယောန်မာ့ခ်
ဂီလောက တည်ထောင်ခဲ့၍ ဂျေအမ်ဂျီဟု အမည် ပေးထားသော ဘောလုံးတက္ကသိုလ်၏ 'သဘော
တရား' ကို လိုက်နာကြရသည်။

"ခြေဗလာနဲ့ စကစားရတယ်။ ဖိနပ် မပါဘူး။ ဂိုးသမားလည်း မရှိဘူး" ဟု နည်းပြဂီလောမ်ဂရေချင်
က ပြောသည်။ သင်တန်းသားများသည် ဘောလုံး ကို စွဲကစားသလို နိုင်နိုင်နင်းနင်း ကစား နိုင်
သွား၍ ငါးလလောက်ကြာမှ ဖိနပ် စီးခွင့်ရကြသည်။

"ဒီကလေးတွေဟာ ဗီယက်နမ်မှာ ရှိတဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တွေရဲ့ ခြေအဆင့်မျိုး၊
ဥရောပနဲ့ နိုင်ငံ ခြားက ပရော်ဖက်ရှင်နယ်သမားတွေရဲ့ ခြေအဆင့်မျိုးတောင် ရှိကြတယ်" ဟု
ဂရေချင်က ပြောသည်။

ဂရေချင်သည် လက်ရှိသင်တန်းသား ၂၇ ဦးကို ကိုယ်တိုင် စိတ်ကြိုက်ရွေးခဲ့သူဖြစ်သည်။
ထိုဘောလုံးတက္ကသိုလ်မှာ လှပ သော အစိမ်းရောင်ဘောလုံးကွင်းများ ရေကူးကန်၊ သင်တန်းသား
များနေစရာ၊ သပ်ရပ်လှသော ခြံကြီးဝင်းကြီးနျင့် အိမ်ကြီးများတို့နှင့် တည်ဆောက်ထား သည်ဖြစ်
ရာ အပန်းဖြေရာနေရာမျိုးနှင့် ပင် တူနေသေးတော့သည်။

"ဒီဘောလုံးတက္ကသိုလ်က အခုထိ တော့ ကောင်းကောင်း အလုပ်ဖြစ်နေပါတယ်။ လူငယ်ဘောလုံး
သမားတွေ အများအပြား ပေါ်ထွက်လာတော့မှာ ပါ"ဟု ဗီယက်နမ်သို့ရောက်ရှိနေသူ အာဆင်နယ်
နည်းပြ အာဆင်ဝင်းဂါးက ပြောသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး