ဂျပန်ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ နုတ်ထွက်

ဂျပန်ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ နုတ်ထွက်

တိုကျို - ဂျပန်နိုင်ငံ၏ ဂျူဒိုအဖွဲ့ချုပ် အကြီးအကဲသည် ကြမ်းတမ်းစွာနည်းပြခြင်း၊
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် ခြင်းနျင့် ရန်ပုံငွေများကို မတော်မတရား သုံးစွဲခြင်း စသော
အရှုပ်တော်ပုံများ ပေါ်ပေါက်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ရာထူးမှ နုတ်ထွက်သွားသည်ဟု သတင်း
များတွင် ဖော်ပြကြသည်။

ဂျပန်နိုင်ငံ၏ ယူမီယူရီ သတင်းစာကြီးနျင့် ဂျီဂျီသတင်းဌာနတို့က ဂျပန် နိုင်ငံလုံးဆိုင်ရာ ဂျူဒိုအဖွဲ့
ချုပ် (အေဂျေ ဂျေအက်ဖ်) ဥက္ကဋ္ဌဟာ ရုကိယူမူရာနှင့် အခြားဘုတ်အဖွဲ့ဝင်လေးဦးတို့သည် ထိုနေ့
နေ့လယ်အစည်းအဝေး အပြီး တွင် ရာထူးမှ ထွက်သွားကြခြင်းဖြစ်ကြောင်း ဖော်ပြလိုက်ကြခြင်းဖြစ်
သည်။

အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရ အမျိုး သမီးက အေအက်ဖ်ပီကို ပြောရာ၌ အစည်းအဝေးမှာ စီစဉ်ထား
သည့်အတိုင်း ကျင်းပခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်ထပ်အသေးစိတ် ကိုကား ၎င်းအနေဖြင့်
မပြောနိုင်ကြောင်း ပြောသည်ဟု ဆိုသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး