ခရစ်တော်က ဘရာဇီးလ်အား ကမ္ဘာ့ဖလားထက်ကြီးမားတာကို ပေးထားဟု ပုပ်ရဟန်းမင်းကြီးပြော

ခရစ်တော်က ဘရာဇီးလ်အား ကမ္ဘာ့ဖလားထက်ကြီးမားတာကို ပေးထားဟု ပုပ်ရဟန်းမင်းကြီးပြော

ရီယိုဒီဂျနေးရိုး - ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘရာဇီးလ်နိုင်ငံမှ ဘရင်ဂျီ ဂိုဏ်းဝင်
ခရစ်ယာန်ဘာသာဝင် လူငယ် များအား သခင်ယေရှုသည် ၂၀၁၄ ခုနှစ်၌ ဘရာဇီးလ်တွင်
ကျင်းပမည့် 'ကမ္ဘာ့ဖလားထက် ပို၍ကြီးမားသော အရာကို ပေးထား' ပြီးဖြစ်၍ 'ခရစ်တော်၏
အားကစားမောင်မယ်များ' ဖြစ်အောင် ကြိုးစားကြရန် စနေနေ့တွင် တိုက်တွန်းလိုက်သည်။

အာဂျင်တီးနား နိုင်ငံသားဖြစ်သူ ဘောလုံးဝါသနာအိုးတစ်ဦးလည်းဖြစ်သည့် ပုပ်ရဟန်းမင်းကြီးက
သူ၏ သီတင်းတစ်ပတ်ကြာ ခရီးစဉ်အတွင်း ရီယိုဒီဂျနေးရိုးသို့ ရောက်စဉ် ဘရင်ဂျီဂိုဏ်း ခရစ်ယာန်
ဘာသာရေး ယုံကြည် မှုကို ပြန်လည်အားသစ်လောင်းပေး သည့်အနေဖြင့် ထိုသို့ ပြောကြားလိုက်
ခြင်းဖြစ်သည်။

"အခု ဒီဘရာဇီးလ်မှာလည်း တခြား နိုင်ငံတွေမှာလိုပဲ ဘောလုံးကို တစ်နိုင်ငံ လုံးက အရူးအမူး
စွဲမက်ကြပါတယ်။ ဘောလုံးသမားတွေကို ဘောလုံး အသင်းတစ်သင်းမှာ အသင်းဝင်ဖြစ် လာတဲ့
အခါ အဲဒီဘောလုံးသမားတွေ ဟာ လေ့ကျင့်ခန်းဆင်းကြရတယ်။ အများကြီး လေ့ကျင့်ကြရတယ်။
ဘုရားသခင်ရဲ့ တပည့်တွေရဲ့ ဘဝဟာလည်း အလားတူပါပဲ"ဟု ဘွေးနော့စ်အေးရီးစ် မှ ဆန်လော
ရင်ဇိုအသင်း၏ ပရိသတ်တစ်ဦးဖြစ်သူ ပုပ်ရဟန်းမင်းကြီးက ကိုပါကာဘာနာကမ်းခြေတွင် စုဝေး
ရောက်ရှိလာကြသော ရိုမန်ကက်သလစ် ဘာသာဝင်များအား ပြောကြားသည်။

"ယေရှုသခင်က ကမ္ဘာ့ဖလားထက် ပိုကြီးတာကို ကျွန်တော်တို့ကို ပေးထား ပြီးပြီ"ဟုလည်း ၎င်းက
ဆက်ပြော သည်။ "သင်တို့က ခရစ်တော်ရဲ့ အားကစား မောင်မယ်တွေပါ" ဟုလည်း မိန့်ကြား
သွားသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး