ဆွီဒင်၊ရေကူးမယ် ကမ္ဘာ့စံချိန်ရှင်ကို ကျော်ဖြတ်ကာ အနိုင်ယူဗိုလ်စွဲ
ဘာစီလိုနာ - စပိန်နိုင်ငံ၌ကျင်းပလျက် ရှိသော ကမ္ဘာ့ရေကူးပြိုင်ပွဲတွင်
အမျိုး သမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ၌ ဆွီဒင်နိုင်ငံမှ အသက် ၁၉ အရွယ် ရေကူးမယ်
ဆိုစထရွမ်းက ၅၆ ဒသမ ၅၃ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားခဲ့သည်။
ထိုပွဲစဉ်တွင် လက်ရှိကမ္ဘာ့ချန်ပီယံနှင့် စံချိန်ရှင်လည်းဖြစ် သူ အမေရိကန်နိုင်ငံသူ ဗော်လ်မာက
တတိယကြေးတံဆိပ်သာ ဆွတ်ခူးနိုင်ခဲ့သည်။ ဆိုစထရွမ်းသည် ၂၀၀၉ ခုနှစ် ၁၅ နှစ် အရွယ်တုန်း
ကလည်း ယင်းပြိုင်ပွဲအမျိုး အစား၌ အနိုင်ရခဲ့ဖူးသည်။














