မက်ဆီ၊ နေမာ၊ မာတီနိုတို့နဲ့ ဘာစီလိုနာ အနာဂတ်

မက်ဆီ၊ နေမာ၊ မာတီနိုတို့နဲ့ ဘာစီလိုနာ အနာဂတ်

ဘာစီလိုနာကတော့ စိတ်ဝင်စားစရာကောင်းနေပြီ။ ဒီရာသီဈေးကွက်ထဲမှာ ဘာစီလိုနာဟာ
မထင်မှတ်တာတွေ လုပ်ပြခဲ့တယ်။ ဈေးကွက်ဖွင့်ဖွင့်ချင်း မှာ နေမာကို ချက်ချင်းခေါ်ယူခဲ့ပြီး
အခု လည်း နည်းပြခန့်အပ်ရာမှာ ဘယ်သူမှ ထင်မထားတဲ့ မာတီနိုလိုနည်းပြမျိုးကို ခေါ်လိုက်
တယ်။

ဒါဟာ ရာသီသစ် ဘာစီလိုနာအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ရွှေ့ကွက်တွေဖြစ်လာခဲ့ တယ်။
နေမာရောက်လာကတည်းက ဘာစီလိုနာမှာ မက်ဆီနဲ့အတူတွဲကစားလို့ အဆင်ပြေပါ့မလားဆိုတဲ့
အတွေးမျိုး တွေ ရှိနေကြတဲ့အချိန်မှာ အခုလည်း ဥရောပဘောလုံးလောကနဲ့ နီးစပ်မှု မရှိတဲ့
မာတီနိုကို နည်းပြအဖြစ်ထပ်ခန့် ခဲ့ပြန်တော့ ဘာစီလိုနာဟာ မက်ဆီ၊ နေမာ၊ မာတီနိုတို့နဲ့ စိတ်
၀င်စားစရာ ဖြစ်လာခဲ့ပါတယ်။

နေမာရော မာတီနိုပါ နှစ်ယောက်စလုံး ဥရောပအတွေ့အကြံုမရှိကြသေးသူ တွေပါ။ နေမာဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့ တောင်အမေရိကမှာ နာမည်ကြီးကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြ
ရပ်တည်နိုင်ခဲ့သလို မာတီနိုဟာလည်း တောင်အမေရိကမှာတော့ နာမည် တစ်လုံးတည်ဆောက်
နိုင်တဲ့သူတွေ ဖြစ်လို့ နှစ်ယောက်စလုံး အစွမ်းအစ ရှိသူတွေချည်းပါပဲ။

ဒီနှစ်ယောက်နဲ့ ဘာစီလိုနာရဲ့ ပေါင်းစည်းလာမှုဟာ လာမယ့်ရာသီသစ်အတွက်လည်း စိတ်လှုပ်ရှား
စွာနဲ့ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံး နေမာနဲ့ မက်ဆီတို့နှစ်ဦး ရဲ့ ပေါင်းစပ်မှုနဲ့
ပတ်သက်လို့ သတင်း တွေအမျိုးမျိုးထွက်ခဲ့တယ်။ သူတို့နှစ်ဦး အတူတကွပူးပေါင်းကစားနိုင်ဖို့ ဖြစ်
နိုင် မဖြစ်နိုင်ဆိုတာကို တစ်ယောက်တစ်မျိုး အမြင် မျိုးစုံရှိခဲ့တယ်။

တောင်အမေရိက ရဲ့ မဟာဘောလုံးအင်အားကြီးနိုင်ငံနှစ်ခု ရဲ့ ထိပ်တန်းကစားသမား နှစ်ယောက်
ဟာ ဥရောပကိုလာပြီး အတူတွဲကစား ကြမယ့်အရေးနဲ့ ပတ်သက်လို့ အကောင်း ဘက်က မြင်သူ
တွေလည်းရှိသလို အဆိုးဘက် က တွေးသူ တွေ လည်း ရှိခဲ့ကြပါတယ်။ အမှန်တကယ် သူတို့နှစ်
ဦးတွဲကစား နိုင်စွမ်းရှိ၊ မရှိ တကယ် ပွဲတွေ ကစားမယ့် အချိန် ရောက်ရင်တော့ မြင် ကြရတော့မှာပဲ
ဖြစ် တယ်။

ဒါပေမဲ့ ဘာစီ လိုနာ အသင်း ဟာ လည်း မဖြစ်နိုင် တဲ့ အနေ အထား တစ်ခု ကို ဇွတ်အတင်းဖန်တီး
ယူခဲ့ တာမျိုးမဖြစ် နိုင်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက နေမာကို ခေါ်ယူဖို့အတွက် တစိုက်
မတ် မတ် ကြိုးစားခဲ့တာကိုကြည့်ရင် သူတို့ အနေနဲ့လည်း နေမာနဲ့ မက်ဆီရဲ့ အနေအထားကို ကြို
မြင် ကြိုတွေးပြီး ယုံကြည်မှုတွေရှိလို့ပဲ ဖြစ်နိုင်တယ်။

တကယ်လည်း နှစ်ယောက်စလုံးဟာ ထိပ်တန်းကစားသမားတွေဖြစ်လို့ တွဲကစားနိုင်ဖို့ သိပ်ပြီးခက်
ခဲလှမယ် မထင်ပါဘူး။ တစ်ခုရှိတာက ပြီးခဲ့တဲ့ရာသီက အသံတွေထွက်ခဲ့တဲ့ မက်ဆီရဲ့ အနေ
အထားပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ မက်ဆီ ဟာ အရင်ရာသီတွေကလိုမဟုတ်ဘဲ အသင်းကို လွှမ်းမိုးချင်
တဲ့ပုံစံမျိုး တစ်ခါ တစ်ရံမှာပေါ်လွင်ခဲ့ပြီး ကွင်းထဲမှာ သူ ဖြစ်ချင်သလိုမဖြစ်ခဲ့ရင် မကျေနပ်တဲ့ အရိပ်
အယောင်မျိုးတွေပြလာခဲ့တယ်။

အထူး သဖြင့် မက်ဆီနဲ့ ဗီလာကြားမှာ အဖု အထစ်တွေရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ဘောလုံးပေး
ကစားခြင်း မရှိဘူးလို့ တောင် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီပုံစံ အတိုင်းဆိုရင်တော့ နေမာနဲ့ မက်ဆီ
ကြားမှာ တွဲဖက်ကစားဖို့ အခက်အခဲ များရှိလာနိုင်မလားဆိုတာ ထင်စရာကောင်းလာခဲ့တယ်။

အမှန်တော့ ဒီကစားသမားနှစ်ယောက် ဟာ ကစားပုံချင်းသိပ်မတူလှလို့ တစ်ဦး နဲ့တစ်ဦး ကစား
ပေါက်ထပ်မှာကို မပူရ ပါဘူး။ အထူးသဖြင့် ဘရာဇီးလ်အသင်း မှာ ကစား နေတဲ့ နေမာရဲ့ကစား
ပုံဟာ ဘယ်ခြမ်းကိုထွက်ပြီး ကစားတတ်တာများလို့ မက်ဆီနဲ့ အဆင်ပြေအောင် ကစားနိုင်ဖို့ များ
ပါ တယ်။

ဒါကြောင့်လည်း ဘာစီလိုနာ အသင်းဟာ နေမာကို ခေါ်ယူနိုင်ခဲ့လို့ အရင်ဘယ်ခြမ်းမှာ အများဆုံး
ကစား ရတဲ့ ဗီလာကို အလွယ်တကူပဲ အသင်းမှ ထွက်ခွာခွင့်ပြုခဲ့တာမျိုးဖြစ်နိုင်တယ်။ လက်ရှိပုံစံ
အရလည်း နေမာဟာ ဘာစီလိုနာမှာ ကစားခွင့်ရတဲ့အခါ ဗီလာကစားသလိုမျိုးပဲ ဘယ်ခြမ်းကို
အားပြုကစားရဖို့ များပါလိမ့်မယ်။

ဂိုးရှေ့မှာ အဓိကထိုးဖောက်မွှေနှောက် ဖို့ တာဝန်ကိုတော့ မက်ဆီကပဲ ဆက်ယူ ရဖွယ်ရှိနေပြီး
နေမာရဲ့ အဓိက အလုပ်က အယ်လ်ဘာ၊ အင်နီယေစတာတို့နဲ့ ဘယ်ခြမ်းကနေအကောင်းဆုံးချိတ်
ဆက်ပြီး ဂိုးရအောင် ဖန်တီးဖို့နဲ့ ကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့လောက် ပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဘာစီလိုနာ ရဲ့ ဂိုးရ ရေးဟာ မက်ဆီနဲ့ နေမာ အတင်း ချိတ်ဆက် ပြီး ကြိုးစားမယ့် ပုံမျိုး ထက် ဒီ
နှစ်ယောက် ကို သီးခြားစီခွဲထားပြီး တစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းကို သီးသန့်ဇုန်တစ်ခုဆီကနေ
ထိုးဖောက်ကစားစေတဲ့ ပုံစံမျိုးကိုပဲ မာတီနိုအနေနဲ့လည်း ပုံဖော်မယ့် အခြေ အနေမျိုးဖြစ်လာနိုင်လို့
မက်ဆီနဲ့ နေမာကြားမှာ နှစ်ဦးသား အဆင်ပြေပြေ တွဲကစားနိုင်ပါ့မလားဆိုတဲ့ အတွေးမျိုး ကို သိပ်
ပြီးခေါင်းထဲမှာ ထည့်မထား သင့်ကြဘူးထင်ပါတယ်။

အဓိကစဉ်းစားရမယ့်အချက်က အသင်းလိုက်ကစားပုံအသားကျနေတဲ့ ဘာစီလိုနာကို မာတီနို
ဘယ်လို အရောင် တင်ပေးနိုင်မလဲဆိုတဲ့ အချက်ပါပဲ။ မာတီနိုဟာ တောင်အမေရိကတိုက် မှာတော့
အတွေ့အကြံုများသူတစ်ဦး ဖြစ်ပေမယ့် ဥရောပအတွေ့အကြံု ကတော့ နည်းသေးတယ်။

ပါရာဂွေး အသင်းကိုကိုင်ပြီး နိုင်ငံအဆင့်မှာ ဥရောပအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတာ မျိုးရှိနိုင်ပေမယ့်
လည်း ကလပ်အသင်း နဲ့ နိုင်ငံအသင်းကြား အခြေအနေချင်း ကွာဟမှုရှိလို့ ဘာစီလိုနာကို ထိန်း
ကျောင်းတဲ့နေရာမှာ အနည်းငယ်တော့ အခက်အခဲရှိ နိုင်တယ်။ ဒါပေမဲ့ မာတီနိုအနေနဲ့ အသင်း
ကိုရောက်ရောက်ချင်းမှာပဲ အသင်းရဲ့အဓိကလိုအပ်မှုကို သဘောပေါက်နေပြီး ခံစစ်ပိုင်းကိုအားဖြည့်
ဖို့ အရင် ပြင်ဆင်နေတာကို ကြည့်ရင်တော့ မာတီနိုဟာ ဘာစီလိုနာကို ဂွာဒီယိုလာ လက်ထက်က
ပုံစံမျိုးနဲ့မတူဘဲ အနည်း ငယ် ကွဲပြားတဲ့ပုံစံမျိုး ပြောင်းလဲ ကိုင်တွယ် ပြင်ဆင်မယ့်အနေအထား
မျိုးမြင်နေရတယ်။

မာတီနိုကိုင်ခဲ့တဲ့အသင်းတွေရဲ့ ကစားပုံကိုကြည့်မယ်ဆိုရင် ခပ်မာမာ တုံ့ပြန်ကစားပြီး ခံစစ်ကိုလုံ
အောင် ဦးစားပေးပြီးမှ တိုက်စစ်ကိုအမြန်ဆုံးနဲ့ အထိရောက်ဆုံး ပုံဖော်ဖို့ကြိုးစားတတ် တဲ့ ကစား
ပုံမျိုးကိုတွေ့နေရလို့ အခု ဘာစီလိုနာကို ရောက်ရောက်ချင်းမှာပဲ ခံစစ်ကိုအားဖြည့်လိုနေတဲ့
မာတီနိုရဲ့အခြေအနေကိုကြည့်ရင် မာတီနိုဟာ ဘာစီလိုနာကို ဂွာဒီယိုလာလက်ထက် က
အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ်ပဲဆိုတဲ့ပုံစံမျိုးနဲ့ ပွဲထွက်ခိုင်းမယ့်ပုံစံမျိုးမပေါ်ပါဘူး။

ဘာစီလိုနာရဲ့ လက်ရှိကစားဟန်ကို လညး် ပျက်မသွားအောင် ထိန်းထားမှာ ဖြစ်ပေမယ့် အရင်
ဘာစီလိုနာအသင်းတွေလို ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ် ၀င်လာရင် ဖရိုဖရဲနဲ့ လိုက်လံဖျက်ထုတ်
နေရတဲ့ ခံစစ်ကစားပုံမျိုးကိုတော့ မြင်လိုမှာမဟုတ်ပါဘူး။ ဒါကြောင့်လာမယ့် ရာသီမှာ တိုက်စစ်ပိုင်း
ကပြည့်စုံနေပြီး ဖြစ်တဲ့ ဘာစီလိုနာဟာ မာတီနိုရဲ့ လက်ထဲမှာ ခံစစ်ပိုင်းမှာလည်း ပိုပြီး တိုးတက်
လာမယ့်အနေအထားမျိုးကို တွေ့နေရပါတယ်။

ရာသီအစပိုင်းမှာ ချက်ချင်းအထိုင်ကျဖို့ဆိုတာ ဖြစ်နိုင်ဖို့ သိပ်မလွယ်လှပေမယ့်လည်း ဘာစီလိုနာ
ဟာ တဖြည်းဖြည်းနဲ့ မာတီနိုရဲ့လက်ထဲ မှာ ပြီးခဲ့တဲ့ရာသီကထက် ခံစစ်ပိုင်း ပိုတည်ငြိမ်လာဖို့ ရှိနေ
ပါတယ်။



ဖတ်ရှုမှုအများဆုံး