ထိုင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်း အဆင့်(၃)နေရာ၌ ရပ်တည်နိုင်ခဲ့

ထိုင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်း အဆင့်(၃)နေရာ၌ ရပ်တည်နိုင်ခဲ့

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ကျင်းပပြု
လုပ်ခဲ့သော ထိုင်းအပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်ဂျူဒို ပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ် ခြောက်ခုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး
နိုင်ငံ အလိုက်ရပ်တည်မှုတွင် အဆင့် (၃)နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု များကို အမျိုးသမီး ရ၈ ကီလိုတန်းမှ အေးအေးအောင်နှင့်
အမျိုးသား ၉၀ ကီလိုတန်းမှ ဇင်လင်းအောင်တို့က ရယူပေးခဲ့ပြီး ငွေတံဆိပ်ဆုများကို အမျိုးသား
၅၅ ကီလိုတန်းမှ ကပ်ကျင်း ပေါင်၊ ၆၀ ကီလိုတန်းမှ ဟိန်းလတ်ဇော်၊ ၆၆ ကီလိုတန်းမှ စောမိုင်းစံနှင့်
အမျိုးသမီး ၅၇ ကီလိုတန်းမှ သ ဉ္ဇာစိုး တို့ကလည်းကောင်း ကြေးတံဆိပ်များ ကို အမျိုးသမီး ၄၅
ကီလိုတန်းတွင် စဲလ်ဝီး၊ ၆၃ ကီလိုတန်းတွင် အေးအေး သင်း၊ ရ၈ ကီလိုတန်းတွင် ခင်မျိုးသူ၊
အမျိုးသား ရ၃ ကီလိုတန်းတွင် ဇော်နိုင် နှင့် Nageno Kata ပြိုင်ပွဲနှင့် Juno Kata ပြိုင်ပွဲတို့တွင်
လည်း ကြေးတံဆိပ် ဆုများ ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရာ နိုင်ငံအလိုက်အဆင့်
ရပ်တည်မှု တွင် အိမ်ရှင်ထိုင်းက ပထမ၊ ကိုရီးယား က ဒုတိယနှင့် မြန်မာက တတိယရရှိ ခဲ့သည်။



ဖတ်ရှုမှုအများဆုံး