သုံးနှစ်ဆက် ချန်ပီယံဖြစ်သွားတဲ့ ရန်ကုန်ယူနိုက်တက်

သုံးနှစ်ဆက် ချန်ပီယံဖြစ်သွားတဲ့ ရန်ကုန်ယူနိုက်တက်

မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ၏ပွဲစဉ်(၂၁)အပြီးတွင် လက်ရှိချန်ပီယံရန်ကုန်ယူနိုက်တက်
အသင်းသည် မကွေးအသင်းကို ၂ဪ၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ဆက်လက်
ထိန်းသိမ်းနိုင်ခဲ့သလို ပထမဆုံး သုံးနှစ် ဆက်အမှတ်ပေးချန်ပီယံအဖြစ် သမိုင်း သစ်ရေးထိုးနိုင်ခဲ့
သည်။

အဆိုပါပွဲစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်ယူနိုက်တက်အသင်း၏အိမ်ကွင်းYUSC
မြက်ခင်း တုကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧည့်သည်မကွေးအသင်းက ဦးဆောင် ဂိုး စတင်သွင်း
ယူနိုင်ခဲ့ပြီး ရန်ကုန် ယူနိုက်တက်အသင်းသည် နောက်မှ အသည်းအသန်လိုက်ကစား၍ အနိုင်
ရရှိခဲ့ခြင်းဖြစ်သည်။

အိမ်ရှင်ရန်ကုန်ယူနိုက်တက်အသင်း သည် ချန်ပီယံဆုအတွက်အရေးပါ သောပွဲစဉ်ဖြစ်သည်နှင့်
အညီ မကွေး အသင်းကို အဓိကကစားသမား အစုံအလင်ဖြင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ရန်ကုန်
ယူနိုက်တက်အသင်းသည် ကြည်လင်း၊ ဆီဇာ၊ ကိုနေး၊ ရန်အောင်ကျော် အစရှိသော အဓိက
ကစားသမားများနှင့် ပွဲထွက်လာခဲ့သော်လည်း မကွေးအသင်း၏မာကျောသောကစားပုံအောက်
တွင် ဂိုးရရှိရန်ခက်ခဲခဲ့သည်။

ပွဲစကတည်းကနှစ်သင်းစလုံး အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ကြသော် လည်း ပထမပိုင်းတွင်
ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအပြန် အလှန်တိုက်စစ်ဆင်မှုများ
ပြုလုပ်ခဲ့ပြီး ဦးဆောင်ဂိုးကို မကွေးအသင်းက စတင်ရရှိခဲ့သည်။

ဧည့်သည် မကွေး အသင်းအတွက်ဦးဆောင်ဂိုးကို ၆၀ မိနစ်တွင် ကိုကိုနိုင်က သွင်းယူပေးခဲ့
ခြင်းဖြစ်သည်။ ဦးဆောင်ဂိုးပေးလိုက် ရပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းသည် ချေပဂိုး
ရရန် တိုက်စစ်ကို မြှင့်သည့်အနေဖြင့် အသင်း၏ တိုက်စစ် မှူးကျော်ကိုကို ကိုထည့်သွင်းကစားစေ
ခဲ့သည်။

ကာလရှည်စွာအနားယူနေခဲ့ ရသော ကျော်ကိုကိုသည် အသင်း အတွက် ထင်သလောက်စွမ်း
ဆောင် နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ယနေ့ပွဲစဉ်တွင် မကွေးအသင်း ကစားပုံကို ချီးကျူးရမည် ဖြစ်ပြီး
ရန်ကုန်အသင်းကို အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် အသင်းအတွက် ခက်ခဲ
သောပွဲစဉ် တစ်ပွဲဖြစ်ခဲ့ပြီး အကြိတ်အနယ်ရှိသော ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့သည်။

အနိုင်ရရှိရန်လိုအပ်နေသော ရန်ကုန် အသင်းသည် ချေပဂိုးရရှိရန်အစွမ်း ကုန်တိုက်စစ်ဆင်မှုများ
ပြုလုပ်ခဲ့ရာ ၆၇ မိနစ်တွင် ချေပဂိုးရရှိခဲ့သည်။ချေပ ဂိုးကို တိုက်စစ်မှူးကိုနေးက ဂိုးဧရိယာ ထိပ်မှ
လှလှပပသွင်းယူပေးခဲ့ခြင်းဖြစ် သည်။ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေချိန်တွင် နှစ်သင်းစလုံးအတွက်
ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကြောင့် ကစားပုံများ အပြန်အလှန်ကြမ်းတမ်း ခဲ့ကြပြီး ပရိသတ်၏စိတ်ကို
မရိုးမရွ ဖြစ်စေခဲ့သည်။

မကွေးအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများက လည်း ထိရောက်ခဲ့ပြီး ရန်ကုန် နောက်တန်း
ကစားသမားများ၏ ရှင်းထုတ်မှုများကြောင့် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၈၆ မိနစ်တွင် ရန်ကုန်
တိုက်စစ်မှူးကိုနေးကို မကွေးအသင်း ခေါင်းဆောင်နေမင်းထွန်း ဂိုးဧရိယာ အတွင်း ကစားပုံကြမ်း
တမ်းခဲ့သဖြင့် ရန်ကုန်ယူနိုက်တက်အတွက် အခြေ အနေကောင်းတစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ပင်နယ်တီ
ရခဲ့သည်။

အဆိုပါပင်နယ်တီ ပြစ်ဒဏ်ဘောကို တိုက်စစ်မှူးဆီဇာက ကန်သွင်းယူခဲ့ပြီး ရန်ကုန်ယူနိုက်တက်
အသင်းကို ဦးဆောင်စေခဲ့သည်။အဆိုပါဂိုးသည် ယခုနှစ်ဘောလုံးရာသီ တွင် ဆီဇာအတွက်
မြန်မာနေရှင်နယ် လိဂ် သွင်းဂိုး ၁၉ ဂိုးမြောက်ဂိုးဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုအတွက် ထိပ်ဆုံး
မှ ဦးဆောင်နေသည်။

လက်ကျန်မိနစ်များတွင် အပြန်အလှန်ထိုးဖောက်မှုများပြုလုပ်ခဲ့ရာ နှစ်ဖက်အသင်းသားများ၏
ကြမ်းတမ်း သောကစားပုံများကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ရုံမက ပွဲကြမ်းတစ်ပွဲပါ ဖြစ်ခဲ့ သည်။
ပွဲအပြီးတွင်၂ဪ၁ ဂိုးရလဒ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၃ အမှတ်ပေးပြိုင်ပွဲပြီး
ဆုံးရန် တစ်ပွဲအလို၌ သုံးထပ်ကွမ်းချန်ပီယံ ဖြစ်ခွင့်ရရှိသွားခဲ့သည်။

"ဒီနေ့ပွဲအနိုင်ရဖို့ မကွေးအသင်း ကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒီနှစ်ရာသီမှာ ပွဲစဉ်တိုင်း
ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အသင်းတိုင်းက ချန်ပီယံအသင်းဆိုရင်
အနိုင်လိုချင် တယ်လေ။ အခုလို ချန်ပီယံဖြစ်ခွင့်ရတဲ့ အတွက် တာဝန်ကျေခဲ့ကြတဲ့ ကျွန်တော့် ရဲ့
ကစားသမားအားလုံးကို ချီးကျူးချင်ပါတယ်"ဟု ရန်ကုန်ယူနိုက်တက်အသင်း၏နည်းပြချုပ်အိုင်ဗန်
ကိုလက်ဗ် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသော ဒုတိယနေရာမှ ရန်ကုန် ယူနိုက်တက်အသင်းကို ဖိအားပေးနေ သော နေပြည်တော်အသင်းနှင့်ဇေယျာ ရွှေမြေအသင်း တို့၏ပွဲစဉ်သည် ၁-၁ ဂိုး ဖြင့်
သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် နေပြည်တော်အသင်းအတွက် ချန်ပီယံ အိပ်မက်ပျက်ပြယ်ခဲ့ရသည်။

သို့သော် ဒုတိယနေရာမှနေပြည်တော်အသင်း သည် လာမည့်ရာသီတွင် ကျင်းပမည့် AFC Cup
2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်သည်။ အခြားပွဲစဉ်များတွင် ရခိုင်ယူနိုက်တက်
အသင်းက မနောမြေအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး ဟံသာဝတီနှင့် ဧရာဝတီအသင်း
တို့၏ပွဲစဉ်တွင် ၂-၂ ဂိုးဖြင့်သရေကျခဲ့သည်။

အဆင့်(၁၀)နေရာမှ ဆောက်သမ်း မြန်မာအသင်းသည် ရတနာပုံအသင်း ကို ၂-၁ဂိုးဖြင့်အနိုင်ရရှိ
ခဲ့ပြီး တန်းဆင်း ဇုန်မှ လွတ်မြောက်ခဲ့သလို ကမ္ဘောဇ အသင်းကလည်း ဇွဲကပင်အသင်းကို ၆-၁ ဂိုး
ဖြင့် ပြတ်ပြတ်သားသားအနိုင် ရရှိပြီး အဆင့်(၃)နေရာတွင် ရပ်တည် လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များပြီးဆုံး ရန် တစ်ပွဲအလို၌ ချန်ပီယံအသင်းထွက် ပေါ်ခဲ့သလို
တန်းဆင်းရမည့် အသင်း များလည်းထွက်ပေါ်ခဲ့သည်။ အဆင့် (၁၉)နေရာမှ ဟံသာဝတီအသင်းနှင့်
အဆင့်(၂၀)နေရာမှ ရခိုင်ယူနိုက်တက် အသင်းတို့သည် မြန်မာနေရှင်နယ်လိဂ် (၂) သို့ ဆင်းသွား
ရပြီဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ၏နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက် တက်အသင်းနှင့် ဒုတိယနေ
ရာမှ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ခဲ့သော နေပြည်တော်အသင်းတို့၏ပွဲစဉ် သည် နှစ်သင်းစလုံး၏
ဂုဏ်သိက္ခာ အရ ပြိုင်ဆိုင်မှုပြင်းထန်လာဦးမည် ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး