မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ၏ ဇွန်လနှင့်ဇူလိုင်လအတွက်
အကောင်းဆုံးကစားသမားဆုနှင့် အကောင်းဆုံး နည်းပြဆုများကို ရတနာပုံအသင်းမှ ၀ါရင့်တိုက်
စစ်မှူးရန်ပိုင်နှင့် နည်းပြချုပ် ဦးဇော်လေးအောင်တို့ကရရှိခဲ့ကြသည်။
အဆိုပါ တစ်လတာအကောင်းဆုံး ဆုချီးမြှင့်ပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်
ကစားခဲ့ကြ သော ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့၏ပွဲစဉ် ပထမပိုင်းအပြီးတွင် ပေးအပ် ခဲ့ခြင်း
ဖြစ်သည်။
တစ်လတာအကောင်းဆုံးနည်းပြ ဆုရရှိခဲ့သော ဦးဇော်လေးအောင်ကို ဆုတံဆိပ်နှင့်ငွေကျပ်
ငါးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အကောင်းဆုံး ကစားဆုရရှိခဲ့သော ရန်ပိုင်ကို ဆု တံဆိပ်နှင့် ငွေကျပ်
၁၀ သိန်းတို့ကို ပေးအပ်ခဲ့သည်။
ရတနာပုံအသင်းသည် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လအတွင်း ကစားခဲ့သော ပွဲစဉ်(၈)ပွဲတွင် ငါးပွဲအနိုင်
ရရှိခဲ့ပြီး သုံးပွဲသရေကျခဲ့ပြီး အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့သည့် အသင်း တစ်သင်းဖြစ်သည်။
ရတနာပုံအသင်း သည် နေပြည်တော်၊ ဧရာဝတီ၊ ဇွဲကပင်၊ ဟံသာဝတီ၊ ရခိုင်ယူနိုက်တက်အစ
ရှိသော အသင်းများကို အနိုင်ရရှိခဲ့ပြီး ရန်ကုန်၊ မကွေး၊ ကမ္ဘောဇအသင်းတို့ နှင့် သရေကျခဲ့သည်။
ရတနာပုံအသင်းသည် ယခုနှစ်ရာသီ ပထမအကျော့ပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ရလဒ်
များ ဆိုးရွားခဲ့ကာ ဒုတိယအကျော့ပွဲစဉ်များတွင် နိုင်ပွဲများပြန်လည်ရယူ နိုင်ခဲ့ပြီး မြန်မာနေရှင်နယ်
လိဂ်အမှတ် ပေးဇယား၏ အဆင့်(၅)နေရာ၌ ရပ်တည် လျက်ရှိသည်။















