မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် World Taekwondo Peace Crops Foundation တို့
ပူးပေါင်းစီစဉ် ကျင်းပသော ကိုရီးယားတိုက်ကွမ်ဒို စွမ်းရည်ပြပွဲနှင့် K Pop ဖျော်ဖြေပွဲအစီအစဉ်
ကို လာမည့် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီမှစတင်၍ ရန်ကုန် မြို့ သိမ်ဖြူမိုးလုံလေလုံ
အားကစား ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ တိုက်ကွမ်ဒိုစွမ်းရည်ပြပွဲတွင် ပွန်စေကိုရီးယားပြကွက်၊ အလှထိုးသတ်ခြင်း၊ တိုက်ကွမ်ဒို
အက၊ ကေပေါ့ သရုပ်ပြကွက်ပေါင်းများစွာကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုရီးယားတိုက်ကွမ်ဒိုအဖွဲ့သည် World Taekwondo Peace Crops Foundation အစီအစဉ်
အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် လှည့်လည်၍ တိုက်ကွမ်ဒိုစွမ်းရည်ပြပွဲ များကျင်းပပြု
လုပ်လျက်ရှိသည်။
အဆိုပါ တိုက်ကွမ်ဒိုငြိမ်းချမ်းရေးအဖွဲ့သရုပ်ပြအသင်းသည် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တိုက်ကွမ်ဒို
သရုပ်ပြ ပြိုင်ပွဲ များတွင် နှစ်နှစ်ဆက်တိုက်ပထမ ဆုများရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အကောင်းဆုံး
နည်းစနစ်များနှင့် တင်ဆက်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။














