ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊မနီလာ မြို့တွင် ကျင်းပ
ပြုလုပ်ခဲ့သော သုံးကြိမ် မြောက် မသန်စွမ်းဘိုးလင်းအားကစား ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်
ခဲ့သော မြန်မာ မသန်စွမ်းဘိုးလင်းအဖွဲ့သည် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည်။
ပြိုင်ပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံ အပါအဝင် မြန်မာ၊ ကိုရီးယား၊ ဘရူနိုင်း၊ တိုင်ပေ၊ ဟောင်ကောင်၊
စင်ကာပူနိုင်ငံ တို့ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ မသန်စွမ်းဘိုးလင်းအားကစားသမား နှစ်ဦး
၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မသန်စွမ်း ဘိုးလင်းအားကစား နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တတိယဆုကြေးတံဆိပ်ကို
ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် လေ့ကျင့်မှုများပြုလုပ်လျက်
ရှိသည်။














