မပြီးဆုံးသေးတဲ့ ပရီမီယာလိဂ်မှ ရွန်နေတို့ရဲ့အပြောင်းအရွှေ့ပုံပြင်

မပြီးဆုံးသေးတဲ့ ပရီမီယာလိဂ်မှ ရွန်နေတို့ရဲ့အပြောင်းအရွှေ့ပုံပြင်

ဒီနွေရဲ့ အပြောင်းအရွှေ့ထဲမှာ ပြောမဆုံး နိုင်ဆုံးသောသူတွေက စပါးတောင်ပံ သမား ဂါရတ်
ဘေးလ်နဲ့ မန်ယူတိုက်စစ်မှူးရွန်နေတို့ပဲဖြစ်ပါတယ်။ တခြားလိဂ် တွေမှာလည်း ဒီနှစ်ယောက်
လောက်ပြောလို့မဆုံးတဲ့ ကစားသမားဆိုတာ မရှိကြပါဘူး။

ဒီနှစ်ယောက်ရဲ့ကောလာ ဟလတွေကပဲ ဒီနွေကို စိုပြည်စေခဲ့ပါ တယ်။ လာမယ့်စနေဆိုရင်
ဘွန်ဒက်စ် လီဂါပွဲတွေ စတင်ပြီဖြစ်ပါတယ်။ပရီမီယာလိဂ်က နောက်တစ်ပတ်ထဲမှာ စတင်တော့မှာ
ဖြစ်ပါတယ်။ ဒါကြောင့် လည်း အသင်းအတော်များများက ကစားသမားဝယ်ဖို့၊ ရောင်းဖို့အတွက်
လှုပ်လှုပ်ရှားရှားဖြစ်လာနေခဲ့ကြပါတယ်။

အပြောင်းအရွှေ့ရာသီက ဩဂုတ်လကုန်မှ ကုန်ဆုံးမှာဖြစ်လို့ လည်း အသင်းတွေက ကစားသမား
အရောင်းအဝယ်မှာ အစောပိုင်းက အေးစက်နေခဲ့ပါတယ်။ ဒါကြောင့် လည်း တချို့က နွေရာသီ
အပြောင်း အရွှေ့ကာလဟာ ရှည်လျားလွန်းတယ် လို့ သုံးသပ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုကာလရှည်လျားလွန်းတာကြောင့် လည်း ဂါရတ်ဘေးလ်နဲ့ ရွန်နေအပြောင်း အရွှေ့ပုံပြင်ကြီးက
တစ်ထောင့်တစ်ည ပုံပြင်လို မဆုံးနိုင်သေးဘဲဖြစ်နေကာ ကလပ်အသင်းတွေ အချင်းချင်းက လည်း
ပုံစံမျိုးစုံနဲ့ ကစားနေကြလျက်ရှိ နေတာပဲဖြစ်ပါတယ်။

ဒီနှစ်ယောက်ရဲ့အပြောင်းအရွှေ့ ထဲမှာ ပြောင်းရွှေ့ဖို့ နီးစပ်လာနေသူက စပါးတောင်ပံသမားဂါရတ်
ဘေးလ်ပါ။ စပါးဘက်က ကစားနေသလို ရီးယဲလ် မက်ဒရစ်ဘက်ကလည်း ကစားကွင်းထဲမှာမဟုတ်
ဘဲ ရုံးခန်းထဲမှာ ကစားနေခဲ့ကြပါတယ်။ရီးယဲလ်မက်ဒရစ်ပေးတဲ့ဈေးက သန်း ၈၀ ကျော်၊ စပါးလိုချင်
တာက သန်း ၁၀၀၊ နောက်ဆုံးမှာ အဲဒီ ကြားထဲမှာ ဈေးတည့်သွားနိုင်ဖွယ်ရှိနေ ပါတယ်။

သန်း ၉၀ ၀န်းကျင်မှာဈေးတည့် နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အခုအထိ ဈေးမတည့်သေးပေမယ့်
ဂါရတ် ဘေးလ်ရဲ့ အပြောင်းအရွှေ့ဟာ ရီးယဲလ် မက်ဒရစ်ကိုရောက်ဖို့ အတော်ကိုနီးစပ် နေပြီဖြစ်
တယ်လို့ သုံးသပ်နေကြပြီဖြစ် ပါတယ်။ ဂါရတ်ဘေးလ် ရီးယဲလ်မက်ဒရစ်ကို ပြောင်းသွားရင်တော့
စပါးဟာ ငွေကြေးအများအပြားရရှိသွားပြီး တောင့်တင်းတဲ့ အသင်းဖြစ်လာတော့ မှာဖြစ်ပါတယ်။

ဘေးလ်ဟာ အခုထိစပါးမှာရှိနေပေမယ့် စပါးဟာ ဗလင်စီယာ တိုက်စစ်မှူး ဆိုလ်ဒါဒိုကို ကြိုတင်
၀ယ်တာဟာ ဘေးလ်ကိုရောင်းရတဲ့ ငွေကိုမျှော်လင့်ပြီး ၀ယ်လိုက်ခြင်းသာပဲ ဖြစ်ပါတယ်။ အသင်း
အနေနဲ့ ဘေးလ် မရှိတော့ ယိမ်းယိုင်သွားတာမျိုးဖြစ် သွားနိုင်ပေမယ့် ဆိုးဆိုးရွားရွားဖြစ် သွားမယ့်
ပုံတော့ မရှိနိုင်ပါဘူး။

ဂါရတ် ဘေးလ်ကို မရောင်းခဲ့ရင်လည်း စပါး ဟာ တိုက်စစ်မှူးကောင်းတစ်ယောက် ကို မဖြစ်မနေ
၀ယ်ရမှာပဲဖြစ်ပါတယ်။ စပါးမှာ လုံလောက်တဲ့ တိုက်စစ်မှူး ရှိမနေတာ မနှစ်ကတည်းကပဲဖြစ်ပါ
တယ်။

တိုက်စစ်မှူး အဒီဘာယော၊ ဒီဖိုး တို့နဲ့ မလုံလောက်ဘူးဆိုတာကို စပါးဘုတ်အဖွဲ့သဘောပေါက်ထား
ပုံပေါ်ပါတယ်။ ဒါကြောင့် ဆိုလ်ဒါဒိုကို ဂါရတ်ဘေးလ် မရောင်းရခင်မှာပဲ ခေါ်လိုက်တာဖြစ်ပါတယ်။
ဆိုလ်ဒါဒို ရောက်လာသော်လည်းပဲ တိုက်စစ်ဟာ ပြည့်စုံသွားမယ်လို့တော့ ပြောလို့မရ သေးပါဘူး။
တကယ်လို့ ဘေးလ်ကိုသာ ရောင်းလိုက်မယ်ဆိုရင် အသင်းက အပြောင်းအလဲတော့ ဖြစ်သွားမှာ
ပဲဖြစ် ပါတယ်။

ဘေးလ်ကို အခုထိ မရောင်း သေးပေမယ့် ရောင်းမှာကတော့ သေချာ ပါတယ်။ သတင်းတချို့မှာ
တော့ စာချုပ် ဖို့အဆင့်ပဲရှိတော့တယ်လို့ ဆိုနေကြ ပြီဖြစ်ပါတယ်။ ယူရိုသန်းတစ်ရာနဲ့ ရောက်မယ်
လို့ကို ဖော်ပြနေကြပါ တယ်။

ဘေးလ်အနေနဲ့လည်း မက်ဒရစ်လို အသင်းကြီးက ခေါ်နေတာဆိုတော့ မသွားချင်ဘူးဆိုတာ
မဖြစ်နိုင်ပါဘူး။ ရီးယဲလ်ဟာ ရွန်နေထက် ဘေးလ်ကိုခေါ်နေတာ ဘေးလ်အနေနဲ့ မသွားချင် ဘူး
ဆိုရင်တော့ သူ့လောက်မိုက်မဲတဲ့သူ ရှိတော့မှာမဟုတ်ပါဘူး။

ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်စ်အနေနဲ့လည်း သူ့ရဲ့ သက်တမ်းအတွင်းမှာ ထိပ်တန်း
ကစားသမားတွေကို ခေါ်ပေးမယ်လို့ ဆိုထား တဲ့အတွက် ဘေးလ်ဟာရောက်လာ နိုင်တဲ့ အနေအထားဖြစ်နေပါတယ်။

စပါးရဲ့ ခြေစမ်းပွဲအတော်များများမှာလည်း ဘေးလ်ဟာ ပါ၀င်ကစားခြင်းမရှိ ခဲ့ပါဘူး။ ဒါကိုကြည့်
လိုက်ရင် ဘေးလ် နာသွားမှာကို စိုးရိမ်နေလို့များလားတွေးစရာပဲဖြစ်ပါတယ်။ စပါးအနေနဲ့ရီးယဲလ်
မက်ဒရစ်ထံကနေ နောက်ထပ် မျှော်လင့်နေတာက ရီးယဲလ်လူငယ်တိုက်စစ်မှူး မိုရာတာကိုအလိုက်
နဲ့ရဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

ရီးယဲလ် အနေနဲ့ကလည်း မိုရာတာကို မပေးချင် ဘဲ နောက်တန်းအစွန်ကစားသမား ကွန်ထရာအို
ကို ပေးချင်နေခဲ့ပါတယ်။ အခုအထိတော့ ဂါရတ်ဘေးလ်ရဲ့ အပြောင်းအရွှေ့ကတော့ အဆုံး
မသတ်နိုင်သေးတဲ့ ပုံပြင်ဖြစ်နေဆဲပါပဲ။

ဂါရတ်ဘေးလ်လို ပြောမဆုံးနိုင်ဖြစ် နေတဲ့ နောက်ထပ်ကစားသမားက မန်ယူတိုက်စစ်မှူးရွန်နေပဲဖြစ်
ပါတယ်။ ရွန်နေအပြောင်းအရွှေ့က ချယ်လ်ဆီးနဲ့ အပြောင်းအရွှေ့ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ
သစ်မော်ရင်ညိုဟာ သူ့မှာ လုံလောက်တဲ့ကစားသမားတွေ ရှိနေပေမယ့် ရွန်နေကိုထပ်မံလိုချင်နေ
တာကလည်း ထူးခြားနေပါတယ်။

ရွန်နေသာ ချယ်လ်ဆီးရောက်သွားရင် မန်ယူဟာလည်း ဦးကျိုးသွားမယ့်သဘောမျိုးဖြစ်သွားမှာ
ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူက ချယ်လ်ဆီး ထံကို မရောင်းချင်နေတာပဲဖြစ်ပါတယ်။

တခြားအသင်းကသာ ထိထိမိမိ ကမ်းလှမ်းမယ် ဆိုရင် ရွန်နေကို ရောင်းလိုက်မယ့်ပုံ မှာ ရှိနေပါ
တယ်။ မန်ယူရဲ့ အဓိကပြိုင်ဘက် ဟာ ဒီနှစ်မှာ ချယ်လ်ဆီးက နံပါတ်တစ် ဖြစ်နေပါတယ်။ အာ
ဆင်နယ်ကလည်း ထိထိရောက် ရောက် ကမ်းလှမ်းတာမျိုးမရှိပါဘူး။ မော်ရင်ညိုကပဲ ထိထိမိမိ
ကမ်းလှမ်းနေခဲ့ပါတယ်။

မော်ရင်ညိုဟာ အမေရိကန်မှာ ချယ်လ်ဆီးပွဲတွေ ကစားနေပေမယ့် အတွင်းရေးမှူးဒေဗ်ဘားနတ်ဟာ
လန်ဒန်မှာ ကျန်နေခဲ့ပြီး ရွန်နေကိစ္စကို ကြိုးပမ်းနေလျက်ရှိနေခဲ့ပါတယ်။ရွန်နေ ဟာ ပြီးခဲ့တဲ့အပတ်
က မန်ယူမှာပဲ ဆက်နေမယ်ပြောဆိုခဲ့ပေမယ့် အခု သီတင်းပတ်ထဲမှာတော့ အသင်း ပြောင်းမယ်လို့
ထပ်ပြီးသတင်းထွက် နေခဲ့ပြန်ပါတယ်။

မန်ယူနဲ့ ဘက်တစ် တို့ တံခါးပိတ်ပြီး ခြေစမ်းကစားတဲ့ပွဲမှာ ဆိုရင် ရွန်နေဟာ ၄၅ မိနစ်ကစားသွား
ပေမယ့် သူ့ကစားဖော်တွေကို အသင်း ပြောင်းချင်တယ်လို့ ပြောဆိုသွားခဲ့ပါ တယ်။ မိုယက်စ်အောက်
မှာ သူ မပျော် တာသေချာနေပါတယ်။

ဖာဂူဆန်ဟာ မန်နေဂျာအဖြစ်က ထွက်သွားပေမယ့် မန်ယူမှာ ဒါရိုက်တာအဖြစ်နဲ့တော့ ရှိနေ
ပါတယ်။ အခုနောက်ဆုံးမှာ မန်ယူ ပရိသတ်တွေ ကိုယ်တိုင်က ရွန်နေရဲ့ အနေအထားအပေါ်မှာ
အားမရဖြစ် လာပြီး ထွက်ခွာရင်ထွက်ခွာသွားလို့ ပြောတာတွေတောင် ရှိလာနေပြီဖြစ်ပါတယ်။

ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ထဲ မှာက ရွန်နေကို ငါးနှစ်စာချုပ်ချုပ်မယ်။ တစ်ပတ်ကို လုပ်ခပေါင်
၂၄၀,၀၀၀ ပေးမယ်ဆိုပြီးတော့ကို ကမ်းလှမ်နေခဲ့ တာဖြစ်ပါတယ်။ ပရီမီယာလိဂ် စတင်ဖို့ သီတင်း
တစ်ပတ်အလိုပဲရှိတော့တဲ့အချိန်မှာ မန်ယူဟာ ကစားသမား တစ်ယောက်ပဲ ၀ယ်ထားရပါသေး
တယ်။

ဂလေဇာမိသားစုဟာ မိုယက်စ် အတွက် ပေါင်သန်း ၆၀ ဘတ်ဂျက် ချထားပေးတယ်လို့ဆိုပေမယ့်
အခုထိ တော့ ကစားသမားတွေကို ၀ယ်ယူထား ခြင်းမရှိသေးပါဘူး။ ရွန်နေကိုတခြားအသင်းက
ကမ်းလှမ်းလာမယ့် အချိန်ကို စောင့်နေတာလို့တောင် တွေးစရာဖြစ်နေပါတယ်။

မန်ယူ ကစားသမားတွေအနေနဲ့ အရင်နှစ် တွေကနဲ့ မတူတော့တဲ့ရာသီဖြစ်နေ ပါတယ်။ ရွန်နေရဲ့
အပြောင်းအရွှေ့ဟာ ဂါရတ်ဘေးလ်ရဲ့ အပြောင်းအရွှေ့ ထက်ကို ပိုပြီးပုံပြင်ဆန်နေပါတယ်။ ဘယ်
အချိန်မှာ ဘယ်လိုအဆုံးသတ် မလဲဆိုတာ ခန့်မှန်းရခက်နေပါတယ်။ နောက်ဆုံး အရောင်းအဝယ်
မဖြစ်ဘူး ဆိုရင် ရွန်နေဟာ မန်ယူမှာ မပျော်ရွှင် ဘဲ အချိန်ကုန်ရဦးမှာ ဖြစ်ပါတယ်။

စာချုပ်က ပရော်ဖက်ရှင်နယ် စာချုပ် ဖြစ်နေလို့ ကစားပေးရမှာမှန်ပေမယ့် စိတ်အာရုံတွေက
အပြည့်စူးစိုက်ထား နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပဲဖြစ် ပါတယ်။ နောက်ဆုံးမှာ ရွန်နေ
တစ်ယောက် ဘယ်လိုအဆုံးသတ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ အပြည့် ရှိနေတာတော့
သေချာနေပါရဲ့။



ဖတ်ရှုမှုအများဆုံး