ဘာစီလိုနာ - ဘာစီလိုနာကလပ် အသင်း၏အားကစားညွှန်ကြားရေးမှူး
အန်ဒိုနီဇူဘီဇာရက်တာက မန်ချက် စတာယူနိုက်တက်သည် ဖာဘရီဂတ်စ် အား ခေါ်ယူရေးကိစ္စကို
စွန့်လွှတ်လိုက် ပြီဟုပြောကြားလိုက်ကြောင်း စပိန် သတင်းစာများတွင် ဖော်ပြကြသည်။
မန်ယူက ဖာဘရီဂတ်စ်အား ခေါ်ယူ နိုင်ရေးအတွက် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း
ဘာစီလိုနာက ငြင်းပယ်ခဲ့သည်ဟုဆိုသည်။
ဖာဘရီဂတ်စ်သည် ကွင်းလယ်၌ ဇာဗီ၊ အင်နီယေစတာနှင့် ဆာဂီယို ဘက်စကွတ်တို့ရှိနေသဖြင့်
ပွဲထွက်ခွင့် အခွင့်အလမ်းနည်းခဲ့သော်လည်း၊ ယခုအခါ သီယာဂိုအယ်လ်ကန်တာရာ အား ဘိုင်
ယန်မြူးနစ်သို့ ရောင်းလိုက်ပြီး ဖြစ်သည့်အပြင် ယခုနှစ်ရာသီ၌ ဇာဗီ၏ ပွဲထွက်ခွင့်နည်းလာမည်
ဟု မျှော်လင့်ရ သဖြင့် ၎င်းသည် ဘာကာတွင်အရေးပါ သောအစိတ်အပိုင်းတစ်ရပ် ဖြစ်လာမည်
ဟုလည်း ဇူဘီဇာရက်တာက ပြောသွား သည်။
(အေအက်ဖ်ပီ)














