ဆီယာရာလီယွန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌခန့်အပ်

ဆီယာရာလီယွန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌခန့်အပ်

ဖရီးတောင်း - ဆီယာရာလီယွန် ဘောလုံးအဖွဲ့ချုပ်၏ ပထမဦးဆုံးအမျိုး သမီးဥက္ကဋ္ဌက
၎င်းအားဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်ခြင်းမှာ 'ခေတ်သစ်တစ်ခု၏အရုဏ်ဦး'ဟု ဆိုရ
မည်ဖြစ်ပြီး ၎င်းအနေဖြင့် အမျိုးသမီးများ ၏ဘောလုံးအားကစားကို မြှင့်တင်သွား မည်ဖြစ်ကြောင်း
တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

စနေနေ့က ဆီယာရာလီယွန် ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသူ
အိရှာဂျိုဟန်ဆင် (၄၈ နှစ်)မှာ ၎င်းနှင့်ယှဉ်ပြိုင်အရွေးခံကြ သူများသည် အရည်အချင်းပြည့်မီသူ
များ မဟုတ်ကြသဖြင့် ၎င်းသည်ပင်လျှင် ပြိုင်ဘက်မရှိ ဥက္ကဋ္ဌဖြစ်လာခြင်း ဖြစ်သည်။

"ကျွန်မအနေနဲ့ ဆီယာရာလီယွန်မှာ ပိုမိုတောင့်တင်းကြံ့ခိုင်တဲ့ အားသစ်ပြန် လောင်းထားတဲ့
ဘောလုံးအားကစားဖြစ် လာမယ်လို့ မျှော်လင့်ထားပါတယ်"ဟု ၎င်းက ဖရီးတောင်းမြို့၌ သတင်း
ထောက် များကို ပြောကြားသည်။

"အမျိုးသမီးဘောလုံး တိုးတက်လာ မှာကိုလည်း ကျွန်မတို့ မြင်တွေ့သွားရမှာ ပါ"ဟုလည်း ၎င်းက
ပြောကြားသွား သည်။ ဂျိုဟန်ဆင်သည် ကမ္ဘာတွင် အမျိုး သမီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နှစ်ဦးရှိ
သည့်အနက် ဘူရွန်းဒီနိုင်ငံမှ လင်ဒီ ယာအင်န်ဆီကီရာနှင့်အတူ တစ်ဦးဖြစ် လာသည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး