မြောက်အမေရိက၊ဟဲဗီးဝိတ် လက်ဝှေ့သရဖူကို၊ထိန်းသိမ်း ထားနိုင်ဆဲ အဒါမက်စ်

မြောက်အမေရိက၊ဟဲဗီးဝိတ် လက်ဝှေ့သရဖူကို၊ထိန်းသိမ်း ထားနိုင်ဆဲ အဒါမက်စ်

အခုဩဂုတ်လထဲမှာ ပွဲကြီးပွဲကောင်း လက်ဝှေ့စိန်ခေါ်ပွဲတွေကို ရင်ခုန်အားပေး သူတွေအတွက်
ကွန်နက်တီကပ်မှာ ကျင်းပခဲ့တဲ့ IBF မြောက်အမေရိက ဟဲဗီးဝိတ်လက်ဝှေ့ သရဖူလုပွဲဟာ စိတ်
ကျေနပ်စရာဖြစ်ခဲ့ရသလို ၂၀၁၃ ရဲ့ အကောင်းဆုံးပွဲတစ်ပွဲလို့လည်း မီဒီယာ တွေက ကောင်း
ချီးပေးနေကြတာ တွေ့ရပါတယ်။

Highlanderလို့ လက်ဝှေ့ပရိသတ်ကြားမှာ ရေပန်းစား သူ ပိုလန်ကြိုးဝိုင်းဘုရင် တိုမတ်စ်အဒါမက်စ်
နဲ့ ဟူစတန် လက်ဝှေ့ကျော် ဒိုမီနစ် ဂွင်းတို့ရဲ့ အကြိတ်အနယ် ထိုးသတ်ပွဲ ဟာ ပွဲကြည့်ပရိသတ်
တစ်သောင်း ကျော်ကို အသည်းတယားယား ရင်တဖိုဖို ဖြစ်အောင် ဖမ်းစားနိုင်ခဲ့တာကလည်း
အမှန်ပဲဖြစ်ပါတယ်။

ပရော်ဖက်ရှင် နယ် လက်ဝှေ့သမားဘဝတစ်လျှောက် မှာ စိန်ခေါ်ပွဲပေါင်း ၅၁ ပွဲ နွှဲခဲ့ပြီး အလဲထိုးပွဲ
ပေါင်း ၂၈ ပွဲနဲ့ ရှုံးပွဲ နှစ်ပွဲသာ ရှိထားသူ ပိုလန်လက်ဝှေ့စတားဟာ အမေရိကန် ပရိသတ်အများစု
ရှေ့ မှောက်မှာ စိန်ခေါ်သူ ဒိုမီနစ်ကို ပွဲချီ ၁၀ မှာ အလဲထိုးဖြိုလဲပြီး မြောက်အမေရိက ပြိုင်ဘက်
ကင်း ဟဲဗီးဝိတ်ချန်ပီယံ အဖြစ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ကိုလည်း ပိုလန်ပရိသတ်တွေက
ဂုဏ်ယူမဆုံး ဖြစ်နေကြပြန်ပါတယ်။

Mohegan Sun Casino မှာ ကျင်းပခဲ့တဲ့ ဟဲဗီးဝိတ်သရဖူ စိန်ခေါ်ပွဲ ဟာ ပိုလန်ကြိုးဝိုင်းဘုရင်
အဒါမက်စ် အတွက် ၂၀၁၃ မှာ ထိုးသတ်တဲ့ ပွဲဦး ထွက်ပွဲပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ကာလ
ပိုလန် သံမဏိလူသားဟာ စိန်ခေါ်ပွဲပေါင်း လေးပွဲတိတိ နွှဲခဲ့ပြီး နယူးယော့ခ်၊ နယူးဂျာဆီနဲ့
ပင်ဆယ်ဗေးနီးယားတို့မှာ အောင်ပွဲလေးပွဲ ရယူနိုင်ခဲ့သူ အကျော်အမော် လက်ဝှေ့ စတား
တစ်ဦးပဲဖြစ်ပါတယ်။

Samds Casino Resort မှာ ဒေသခံလက်ဝှေ့ ကျော် စတိဗ်ကမ်နင်ဟမ်ကို ပွဲချီပြည့် ၁၂ ချီ ထိုး
သတ်ပြီး ရမှတ်အသာနဲ့ ှုငြ်္ သြမအ့ ဗာနမငခေ ဃ့ောစငသည ခါးပတ် ဆင်မြန်းခွင့်ရခဲ့သူ အဒါမက်စ်
ဟာ အခုနှစ်မှာတော့ တောက်လျှောက် အနားယူနေခဲ့တာ တွေ့ရပြီး အခုဩဂုတ် လဆန်းမှာမှ ပွဲဦး
ထွက် စိန်ခေါ်ပွဲကို အနိုင်ပွဲနဲ့ ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါ တယ်။

ဟူစတန် နာမည်ကြီးလက်ဝှေ့ ကျော် ဒိုမီနစ်ကလည်း စိန်ခေါ်ပွဲပေါင်း ၄၄ ပွဲမှာ အလဲထိုးပွဲ ၂၃ ပွဲနဲ့
နိုင်ပွဲ ၃၄ ပွဲ ရရှိထားသူ သံမဏိလူသားတစ်ဦးဖြစ် ပြီး အခု ှုငြ်္ သရဖူလုပွဲမှာတော့ ပိုလန် ကြိုးဝိုင်း
ဘုရင်ကို ဘယ်လိုမှ မယှဉ်နိုင် ခဲ့ဘဲ အရှုံးပေးလိုက်ရခြင်းပဲ ဖြစ်ပါ တယ်။

ပွဲချီ (၃) အထိ ပြိုင်ဘက်နှစ်ဦး ဟာ အကြိတ်အနယ် အပြန်အလှန်ထိုးသတ်မှုတွေရှိခဲ့ပေမယ့်
နောက်ပိုင်း ပွဲစဉ်တွေကတော့ ပိုလန်စတားရဲ့ တစ်ဖက်သတ် ထိုးနှက်ချက်တွေသာ များနေခဲ့ရပြီး
ပွဲချီ (၁၀) ပြီးဆုံးချိန်မှာ ဒိုင်သုံးဦးစလုံးရဲ့ ပေးမှတ်တွေဟာ အဒါမက်စ် ဘက်မှာပဲရှိခဲ့ပြီး ၉၈ - ၉၂၊
၉၉ - ၉၁၊ ၉၈ - ၉၂ အသီးသီး ပေးခဲ့ကြ တာတွေ့ရပါတယ်။

"ဒိုမီနစ်ဟာ ပြိုင်ဘက်ကောင်း တစ်ယောက်ပါပဲ။ ပွဲချီပြည့် ထိုးသတ် နိုင်ဖို့ဆိုတာကတော့
ကောင်းကောင်း ကို သက်လုံပြည့်ဝမှ ဖြစ်နိုင်တာပါ။ ချန်ပီယံသရဖူကို ကာကွယ်နိုင်လိမ့်မယ်ဆိုတဲ့
စိတ်ဓာတ်နဲ့ ယှသ်ပြိုင်ခဲ့တာ ကြောင့် အခုလို အောင်ပွဲခံခွင့်ရခဲ့တာ ပါ။ လာမယ့် ပွဲစဉ်တွေမှာလည်း
ပိုလန် ပရိသတ်တွေ ပျော်ရွှင်ခွင့်ရဖို့ ကြိုးစားသွားမှာပါ"လို့ ပီတိစကားဆိုခဲ့ပါတယ်။

၁၉၉၉ ကမ္ဘာ့လက်ဝှေ့စင်မြင့်ထက်မှာ ထင်ရှားလာခဲ့သူ ပိုလန်သံမဏိလူသား အဒါမက်စ်ဟာ
လာမယ့်နိုဝင်ဘာမှာ နာမည်ကြီး ဘရိုင်ရန်ဂျင်းနင်းနဲ့ စိန်ခေါ် ပွဲတစ်ပွဲ နွှဲဖို့စီစဉ်နေပြီဖြစ်ပါကြောင်း
သတင်းကောင်းပါးရင်း။



ဖတ်ရှုမှုအများဆုံး