လေဗာကူဆင် - ဖရိုင်းဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂၇-၁-၁၃
ဖရိုင်းဘတ် ၀-၀ လေဗာကူဆင်
လေဗာကူဆင်ရဲ့ အိမ်ကွင်းမှာ ဖရိုင်း ဘတ်က ၀၂ နဲ့ နိုင်ခဲ့တဲ့ သာဓကတောင် ရှိခဲ့ဖူးပါတယ်။
လက်ရှိ ခြေစမ်းပွဲတွေကအရဆိုရင် လေဗာကူဆင်ဟာ ၁၈၆၀ မြူးနစ်အသင်းကို ရှုံးထားပြီး
ဖရိုင်းဘတ်ကလည်း လော်ဆိန်းစပို့တ် ကို ရှုံးထားခဲ့တာချင်း တူညီနေပါတယ်။ ယူရို ၁၆ ဒသမ
၄ သန်း အကုန်အကျခံပြီး အင်အားဖြည့်တင်းထားတဲ့ လေဗာကူဆင်ကို ရွေးချယ်အားပေးရမှာပါ။
ဘိုင်ယန်မြူးနစ် - မွန်ချင်
နောက်ဆုံးတွေ့ဆုံမှု ၂၇-၁-၁၃
မွန်ချင် ၁-၅ ဘိုင်ယန်မြူးနစ်
ချန်ပီယံ ဘိုင်ယန်ဟာ နည်းပြသစ် ဂွာဒီယိုလာ ရောက်ရှိလာပြီး ဘာစီလိုနာ က စပိန်ကွင်းလယ်လူ
သီယာဂို အယ်လ် ကန်တာရာ၊ မိန့်ဇ်နောက်ခံလူ ယန်ခရစ် ဟော့ဖ်၊ ဒေါ့မွန်ကွင်းလယ်လူ ဂေါ့ဇီ တို့
ကို ခေါ်ယူအားဖြည့်ထားတာ တွေ့ ရပါတယ်။ မွန်ချင်ကတော့ အပြောင်း အရွှေ့ဈေးကွက်ထဲမှာ
ယူရို ရ ဒသမ ၅ သန်း သုံးစွဲပြီး ဒိုင်နမိုကိဗ်က ဘရာ ဇီးလ်ကွင်းလယ်လူ ရက်ပ်ဖေးလ်၊ လေဗာ
ကူဆင်နဲ့ ဖရိုင်းဘတ်ကကွင်းလယ်လူ တွေခေါ်ပြီး အားဖြည့်ထားလို့ ဒါဟာ တိုက်စစ်နဲ့ ကွင်းလယ်
အားပြိုင်ရမယ့် ပွဲတစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဘိုင်ယန်အနေနဲ့ ဂိုးပြတ်သွင်းနိုင်မှ အခြေအနေ
ကောင်းမှာ ဖြစ်ပေမယ့် လည်း ဘိုင်ယန်ကိုရွေးထားရမယ့်ပွဲပါ။
ဟန်နိုဗာ - ၀ုဖ်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂၆-၁-၁၃
ဟန်နိုဗာ ၂-၁ ၀ုဖ်ဘတ်
ဟန်နိုဗာရဲ့ အိမ်ကွင်းရလဒ်က ကောင်းမွန်ပါတယ်။ နောက်ဆုံး သုံးကြိမ် တွေ့ဆုံရမှာ ၁၀၊ ၂၀၊ ၂၁
ရလဒ် အသီးသီးနဲ့ နိုင်ထားလို့ လေးစားလောက်စရာပါပဲ။ ၀ုဖ်ဘတ်ကတော့ ဆွစ်ဇာလန်နောက်ခံ
လူ၊ ဖရိုင်းဘတ် ကွင်းလယ်လူ၊ ဂရုသာဖတ်ချ်က ဂိုးသမားအပြင် လိုက်ပဇစ်က တိုက်စစ်မှူး အဲဒီ
တွေအတွက် ပြောင်းရွှေ့ ကြေး ယူရို ၈ ဒသမ ၉ သန်း သုံးစွဲ ထားတာ တွေ့ရပါတယ်။ ဟန်နိုဗာ
ကို အလေးပေးနေပေမယ့်လည်း ၀ုဖ်ဘတ်ဘက်က ရပ်တည်သင့်ပါတယ်။
အော့စ်ဘတ် - ဒေါ့မွန်
နောက်ဆုံးတွေ့ဆုံမှု ၆-၄-၁၃
ဒေါ့မွန် ၄-၂ အော့စ်ဘတ်
ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရတဲ့ ဒေါ့မွန်ဟာ ယခုနှစ်ရာသီ
မှာ ကစား သမား ခေါ်ယူအားဖြည့်မှုတွေ အများကြီး ပြုလုပ်ထားပါတယ်။ အော့စ်ဘတ်ကတော့
ကစ်ကာအော့ဖ်ဘင်ဘက်ချ် က တိုက်စစ်မှူး မားသီးယပ်စ်ကို ယူရို သုည ဒသမ ၂ သန်းနဲ့ ခေါ်ပြီး
ကျန်သူ တွေကတော့ အလွတ်ပြောင်းရွှေ့မှုတွေ ဖြစ်ပါတယ်။ နှစ်ဂိုးအပြတ်သွင်းမှ စိတ်ချရမယ့်
ဒေါ့မွန်ကိုပဲ ကြိုက်ပါတယ်။
ဟာသာဘာလင် - ဖရန့်ဖတ်
နောက်ဆုံးတွေ့ဆုံမှု ၁၈-၄-၁၀
ဖရန့်ဖတ် ၂-၂ ဟာသာဘာလင်
ဟာသာဘာလင်ကွင်းမှာ ၁၃၊ ၀၃ ရလဒ်တွေနဲ့ နိုင်ခဲ့ဖူးတာကြောင့် ဖရန့်ဖတ်ကို လျှော့တွက်
လို့တော့မရပါ ဘူး။ အခု ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဖရန့်ဖတ်က အကောင်းဆုံး
ခေါ်ယူမှုအဖြစ် ဖရိုင်းဘတ်ကွင်းလယ် လူ ဂျိုဟန်နက်စ်ဖလန်းကို ယူရို ၂ ဒသမ ၂ သန်းအထိ
ပေးပြီး ခေါ်ယူထား ပါတယ်။ ဟာသာဘာလင်ကတော့ သုံးစွဲပြီး လေဗာကူဆင်ရဲ့ ဂျပန် နောက်
ခံလူ ဟိုဆိုဂိုင်းကို ခေါ်ယူထားခြင်းဖြစ်ပါတယ်။ အပေါ်စီးကနေ စိန်ခေါ်လာတဲ့ ဟာသာဘာလင်
ကို ငြင်းပယ်ချင်ပါတယ်။
ဟော့ဖန်ဟိမ်း - နုရင်ဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂၇-၄-၁၃
ဟော့ဖန်ဟိမ်း ၂-၁ နုရင်ဘတ်
ရာသီကြို ခြေစမ်းပွဲတွေမှာ ဟော့ဖန် ဟိမ်းဟာ နောက်ဆုံး နှစ်ပွဲဆက် အနိုင်ရ ပြီး DFP ပိုကယ်လ်
ဖလားမှာလည်း မီဂီဆက်ခ်အသင်းကို ၀-၉ ဂိုးရလဒ်နဲ့ နိုင်ထားလို့ သွေးကြွနေပါတယ်။ နုရင်ဘတ်
ကလည်း မွန်ချင်ဂလက်ဘက်ကို ၀-၃ နဲ့ ရှုံးခဲ့ပေမယ့် လိဒ်စ်ကို ၀-၂ နဲ့ ပြန်နိုင်ထားပါတယ်။ နှစ်သင်း
စလုံးရဲ့ ဟန်ချက်ဟာ မျှတနေတယ်လို့ ထင်ပါ တယ်။ ဟော့ဖန်ဟိမ်းကွင်းမှာ အိမ်ရှင် အသာစီးရမှု
က ပွတ်ကာသီကာမို့ နုရင် ဘတ်ကို ရွေးချယ်ထားတာက အကောင်း ဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါ
တယ်။
ဘရောက်ချ် - ၀ါဒါဘရီမင်
နောက်ဆုံးတွေ့ဆုံမှု ၁၁-၁၁-၁၁
ဘရောက်ချ် ၂-၁ ၀ါဒါဘရီမင်
၀ါဒါဘရီမင်ဟာ နောက်ဆုံးခြေစမ်း ပွဲ နှစ်ပွဲမှာ ပြိုင်ဘက်အသင်းတွေကို ပေးဂိုးမရှိ အနိုင်ရထားတာ
ဖြစ်ပါ တယ်။ အဲဒီအထဲမှာ အင်္ဂလန်ကလပ် ဖူလ်ဟမ် ပါ၀င်နေပါတယ်။ ဒါပေမဲ့ ဘရောက်ချ်ကတော့
နောက်ဆုံးခြေစမ်းပွဲမှာ အင်္ဂလန်ကလပ် ၀က်စ်ဟမ်း ကို ၀-၃ နဲ့ ရှုံးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်
သရေကျရင် ၂၀ ရာခိုင်နှုန်း ဆုံးရှုံးသွားပေမယ့် ၀ါဒါဘရီမင်ဘက်ကပဲ နေကြည့်ချင်ပါတယ်။
မိန့်ဇ် - စတုတ်
နောက်ဆုံးတွေ့ဆုံမှု ၁၈-၅-၁၃
စတုဂတ် ၂-၂ မိန့်ဇ်
မိန့်ဇ်ရဲ့ အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်တဲ့အခါ အတော်ကို အားရစရာကောင်းတာ တွေ့ရပါတယ်။
၃-၁ ဂိုး ရလဒ် နှစ်ကြိမ်နဲ့ ၂-၀ ဂိုးရလဒ် တစ်ကြိမ် ဆိုတာ စတုဂတ်လို အသင်းမျိုးအတွက်
အင်မတန် နာသာခံခက်ဖြစ်စေတဲ့ အနေအထားပါပဲ။ သရေကျဖို့ ၂၅ ရာခိုင်နှုန်း ရှိသလို မိန့်ဇ်
ကပ်နိုင်ဖို့ လည်း ၂၅ ရာခိုင်နှုန်း အခွင့်အရေး ရှိနေပါတယ်။ အာရှဈေးကွက်ဖွင့်လှစ် မှု အနေအ
ထားကတော့ သရေပွဲဖြစ်ရင် မိန့်ဇ်က ၃၀ ရာခိုင်နှုန်း နစ်နာဖို့ရှိပါ တယ်။ အိမ်ရှင်နဲ့အတူ စွန့်စား
ကြည့်သင့်တယ်လို့ ထင်ပါတယ်။
ရှော်လ်ကေး - ဟမ်းဘတ်
နောက်ဆုံးတွေ့ဆုံမှု ၂၈-၄-၁၃
ရှော်လ်ကေး ၄၁ ဟမ်းဘတ်
ရှော်လ်ကေးအနေနဲ့ နှစ်ဂိုးပြတ်သွင်း နိုင်မှသာ စိတ်ချလက်ချနေလို့ရပါလိမ့် မယ်။ ရှော်လ်ကေးရဲ့
အိမ်ကွင်းရလဒ် တွေကို ပြန်ကြည့်ရင် ၄-၁၊ ၃-၁၊ ၀-၁ ဖြစ်ထားတာတွေကို တွေ့ရပါတယ်။ အပြောင်း
အရွှေ့ဈေးကွက်မှာ ဟမ်း ဘတ်က နောက်ခံလူတွေကို အဓိက ဖြည့်တင်းထားတာ တွေ့ရတဲ့
အတွက် ခံစစ်အားပြုကစားဖို့ စိတ်ကူးနေတယ် လို့ ထင်ရပါတယ်။ ရှော်လ်ကေးအိမ်ကွင်း မှာ
တိုက်စစ်တွဲလုံးတွေနဲ့ ဂိုးအများလို့ ခန့်မှန်းလိုက်ရအောင်။














