အခုတစ်လောတော့ ရီးယဲလ်မက်ဒရစ်၊ တော့တင်ဟမ်နဲ့ ဂါရတ်ဘေးလ်တို့ရဲ့ သတင်းတွေဟာ
ရေပန်းစားတဲ့သတင်း တွေဖြစ်နေတယ်။ ရီးယဲလ်က ဘေးလ် အတွက် ယူရိုသန်း ၁၀၀ လောက်
သုံးမယ် ဆိုတဲ့သတင်းဟာ အံ့ဩစရာတစ်ခုလို ပါပဲ။ ဥရောပဘောလုံးဈေးကွက် အတွင်း ပွဲဆူ
စရာဖြစ်လာတယ်။
ဒီရာသီအပြောင်းအရွှေကဈေးကွက် မှာ အစောပိုင်းက ပြင်သစ်နျစ်သင်းရဲ့ ဈေးကွက်အတွင်း လက်
ဖွာဖွာနဲ့ ငွေ သုံးပြခဲ့ပြီးနောက် ဈေးကွက်အတွင်း ကစားသမားတွေရဲ့ တန်ဖိုးတွေက လည်း မထင်
မှတ်အောင် မြင့်တက်လာ ခဲ့တယ်။
ကိုယ့်အသင်းက တကယ် ရောင်းချင်လို့ပဲဖြစ်ဖြစ်၊မရောင်းချင် လို့ပဲဖြစ်ဖြစ် ကစားသမား ခေါ်ဈေး
တွေက ခေါင်ခိုက်လာတာကိုလည်း တွေ့နေရတယ်။ အခု ရီးယဲလ်နဲ့ ဘေးလ်တို့ရဲ့ ဇာတ်လမ်း က
တော့ အမြင့်ဆုံးအထိ ရောက်အောင် ဆွဲခေါ်သွားသလိုပါပဲ။ ဘေးလ်လိုကစားသမားမျိုးအတွက်
ဒီလောက် တန်ကြေးပေးရတာ တန်ရဲကလား၊ ဒီလောက်ရနေတဲ့ငွေကြေးကို တော့ တင်ဟမ်အသင်း
က ဘာလို့ အလွယ်တ ကူလက်လွှတ်ဖို့ မဆုံးဖြတ်သေးတာလဲစတဲ့ မေးခွန်းတွေကလည်း ပလူပျံ
နေခဲ့တယ်။
အများစုရဲ့အမြင်ကတော့ တော့ တင်ဟမ်ရဲ့ ဒန်နီရယ်လီဗီးဘေးလ်ရဲ့ ဈေးကိုဆွဲတင်ပြီး မထင်မှတ်
တဲ့ကြေး မျိုးရရှိသွားအောင် ဖန်တီးရောင်းချ နိုင်ခဲ့တဲ့အပေါ် ချီးကျူးခဲ့ကြပေမယ့် လည်း တချို့က
တော့ တော့တင်ဟမ် အသင်းအတွက် အကျိုးမရှိတဲ့အရောင်း အဝယ်မျိုးလို့ ယူဆသူတွေလည်းရှိ
တယ်။
အဲဒီသူတွေကတော့ အသင်း တစ်သင်းဟာ သူတို့အသင်းအတွက် အဓိကကျတဲ့ကစားသမားတစ်
ယောက် ကို တခြားအသင်းကိုရောင်းချရာမှာ စိုးရိမ်တဲ့အတွက် အဲဒီကစားသမား အတွက် မထင်
မှတ်လောက်တဲ့ဈေး မျိုးခေါ်ခဲ့ပြီး သူတို့ကစားသမားကို တကယ် ခေါ်ယူသွားခြင်း မပြုနိုင်အောင်
တားဆီးတာမျိုးလုပ်ခဲ့ ပေမယ့်လည်း သူတို့တောင်းတဲ့ဈေး ကို တောင်းတဲ့အတိုင်းပေးပြီး အဲဒီ
ကစားသမားကို အသင်းမှ အရ ခေါ်ထုတ်သွားခဲ့ရင် အသင်း တစ်သင်းအနေနဲ့ ငွေကြေးပိုင်းမှာ
အကျိုးအမြတ်ရှိပေမယ့် ကွင်းအတွင်းအောင်မြင်မှု ပိုင်းမှာတော့ ဆုံးရှုံးမှုတစ်ခု အတွက် ကြိုတင်
ပြင်ဆင်လိုက်ရသလိုပဲလို့ ယူဆခဲ့ကြတယ်။ ဟုတ်ပါတယ်။
လက်ရှိ တော့တင်ဟမ်အသင်းရဲ့ ဘေးလ်အတွက်လှုပ်ရှား ပုံတွေကလည်း ဒီလိုအနေအထားမျိုးကို
ဦးတည်သွားခဲ့တယ်။ ပြီးခဲ့တဲ့ရာသီ က တော့တင်ဟမ်အသင်းအဆင့်(၅) အထိ ရပ်တည်မှုမှာ
ဘေးလ်ရဲ့ စွမ်း ဆောင်ရည်တွေက အဓိကကျခဲ့တယ်။ ဒါကြောင့်လည်း ဘေးလ်ကိုအသင်းက
မထွက်ခွာစေချင်တဲ့သူတွေထဲမှာ နည်းပြ ဘိုအာ့စ်ဟာ ထိပ်ဆုံးကပါခဲ့တယ်။ ဘေးလ်ကို ရောင်း
ခဲ့ရင် သူပါထွက်မယ့် ပုံမျိုး ထုတ်ပြောပြီး ဘေးလ်ကိုထိန်း နိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် လီဗီး
ဟာလည်း အသင်းရဲ့အနေအထား ကိုသိလို့ ဘေးလ်ကို လွယ်လွယ်နဲ့ထွက် ခွာခွင့်မပြုရအောင်
ကြိုးစားခဲ့တယ်။ ဘေးလ်ရဲ့ဈေးကိုလည်း မပေးနိုင် လောက်ဘူးလို့ ထင်ရလောက်တဲ့အထိ ဆွဲတင်
ခဲ့တယ်။ ဒါပေမဲ့ လီဗီးမေ့နေတာ က ဘေးလ်ကိုခေါ်ဖို့ကြိုးစားနေတဲ့ သူဟာ တော်ရုံအသင်းဥက္ကဋ္ဌမျိုး
မဟုတ် ဘဲ ရီးယဲလ်မက်ဒရစ်ရဲ့ နာမည်ကြီး ဖလော်ရန်တီနိုပီရက်ဇ်ဖြစ်နေတဲ့ အချက်ပါပဲ။
ပြီးခဲ့တဲ့ရာသီကလည်း ပီရက်ဇ်ဟာ မိုဒရစ်လိုကစား သမားမျိုးကို ရီးယဲလ် ရောက်အောင် အရ
ခေါ်ပြထားခဲ့ပြီးလို့ အခုလည်း ဘေးလ်ကို ဘယ်လိုခေါ်ရင် ဖြစ်နိုင်မလဲဆိုတာကို နားလည်ပြီးသား
လူတစ်ယောက်ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ရာသီမှာ မိုဒရစ်အတွက် လီဗီးနဲ့ ဆက်ဆံခဲ့ရမှုတွေက ပီရက်ဇ်
ဆီမှာ အတွေ့ အကြံုတွေရှိနေတာကို လီဗီး တစ်ယောက် လျှော့တွက်ခဲ့ပုံရပါတယ်။
ပီရက်ဇ်ဟာ သူရီးယဲလ်ဥက္ကဋ္ဌ သက်တမ်းတစ်လျှောက် သူလိုချင်တဲ့ ကစားသမားကို မရရအောင်
ခေါ်ယူ တတ်တဲ့သူတစ်ယောက်အဖြစ် နာမည် ကြီးသူဖြစ်ပြီး ကစားသမားကောင်း တွေကို ကမ္ဘာ့
စံချိန်တင်ပြောင်းရွှေ့ ကြေးတွေပေးကာ ခေါ်ယူနိုင်ခဲ့တာ ကိုလည်း သူ့ရဲ့ဂုဏ်ဒြပ်တစ်ခုအဖြစ် အမြဲ
ဂုဏ်ယူနေတတ်သူတစ်ယောက် ဖြစ်တယ်။ ဒါကြောင့်လည်း ဘေးလ် ကို ခေါ်နိုင်ဖို့ သူ့ရဲ့လှုပ်ရှားပုံ
တွေဟာ အကွက်ကျကျနဲ့ ပြင်ဆင်စီမံထားတာ လည်းတွေ့နိုင်တယ်။ အပြောင်းအရွှေကဈေးကွက်
ဖွင့် ကတည်းက ဒီရာသီရီးယဲလ်ရဲ့ပစ်မှတ် ဟာ ဘေးလ်ပါလို့ တရားဝင်ဖွင့်ပြော ထားပေမယ့် ကြား
ထဲမှာ အစ္စကို၊ အီယာရာမန်ဒီစတဲ့ စပိန်လူှုယ်ကစား သမားတွေဘက်ကို ဦးလှည့်ပြလိုက်တဲ့ အတွက်
တော့တင်ဟမ်ကလည်း ဘေးလ်ကို အသင်းမှာဆက်ရှိစေဖို့ ကြိုးပမ်းမှုအပိုင်း အနည်းှုယ်အားပျော့
ခဲ့တယ်။
ဒါပေမဲ့ ပီရက်ဇ်ဟာ တစ်ဖက် မှာ စပိန်လူှုယ်တွေဘက် လှည့်ပြထားပေမယ့် တစ်ဖက်မှာလည်း
ဘေးလ်ကိုအရခေါ်ဖို့ ကစားသမားအပေါ်အရင်စည်းရုံးမှုတွေကို မသိမသာလုပ်ထားခဲ့တယ်။ဒါကြောင့်
လည်း အမှန်တကယ်ဘေးလ်ကိုခေါ်ဖို့ ပီရက်ဇ်ကြိုးစားလာတဲ့အခါမှာ သူတို့ဘက်မှာ ဘေးလ်ဟာ
ရောက်ရှိနေပြီးသားအနေအထားမျိုး ကို ရောက်နေခဲ့ပါပြီ။ ဒါကြောင့်လည်း ဘေးလ်ကိုခေါ်ဖို့အတွက်
ရီးယဲလ်ဟာ တော့တင်ဟမ်ထက်စာရင် ပိုပြီး အဆင် သင့် ဖြစ်နေခဲ့တယ်လို့တောင် ပြောနိုင်တယ်။
ပီရက်ဇ်ဟာ ဘေးလ်ကို ခေါ်ယူဖို့ မီဒီယာတွေနဲ့ ပူးပေါင်းလှုပ်ရှားခဲ့ပြီး ဘေးလ်နဲ့ တော့တင်ဟမ်ကြား
မတည်ငြိမ်မှုဖြစ် အောင်လည်း ဖန်တီးမှုတွေလုပ်ခဲ့ တယ်။
ပီရက်ဇ်တကယ် ခြေလှမ်းလာ တဲ့အခါမှာ အမှန်တကယ် ဘေးလ်ကို ရောင်းထုတ်ဖို့တွန့်ဆုတ်နေတဲ့
တော့ တင်ဟမ်ရဲ့ပုံစံကလည်း ပိုပြီး ထင်ရှား လာခဲ့တယ်။ ဒါကြောင့်လည်း လီဗီးဟာ မဖြစ်နိုင် တဲ့
ဈေးနှုန်းတွေနဲ့ ဘေးလ်ကို ထွက်ခွာမသွားရအောင် ထိန်းနိုင်ဖို့ ကြိုးစားရ တော့တယ်။
အခုဘေးလ်အတွက် ယူရို သန်း ၁၀၀ ဆိုတာဟာ တော်ရုံဘောလုံး အသင်းသုံးသင်းလောက်ကို
တောင် ၀ယ်ယူနိုင်တဲ့ဈေးမျိုးဖြစ်လို့ ရီးယဲလ်အနေနဲ့ နောက်ဆုတ်သွားနိုင်တယ်လို့ တွက်ခဲ့ပုံလည်း
ရတယ်။
ဒါပေမဲ့ ပီရက်ဇ် ဆိုတာကလည်း ဒီလိုစံချိန်တင်ကြေးမျိုး ကို ကျေနပ်နှစ်သက်စွာနဲ့ ပေးချေတတ်
လေ့ရှိတဲ့လူတစ်ယောက်ဖြစ်နေတာ က တော့တင်ဟမ်အတွက် ဘေးလ်ကို ထိန်းဖို့ ပိုခက်သွားခဲ့
တယ်။ လက်ရှိ အနေအထားကတော့ ပီရက်ဇ်ဟာ စင်ပေါ်ကိုရောက်သွားခဲ့ပြီး တော့တင် ဟမ်က
သာ နောက်ဆုံး ဆုံးဖြတ်ရတော့ မယ့် အဆင့်မျိုး ဖြစ်သွားတယ်။
ဒါကြောင့်လည်း အခုအပြောင်းအရွှေ့ ကိစ္စကို တော့တင်ဟမ်အသင်းဟာ လီဗီးတစ်ယောက်တည်း
နဲ့ ဆုံးဖြတ်နိုင် တဲ့အဆင့်မျိုးမဟုတ်တော့ဘဲ တော့ တင်ဟမ်မှာ မြင်ရခဲတဲ့အသင်းပိုင်ရှင် ဂျိုးလူးဝစ္စ
ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ် ဖို့ဖြစ်လာခဲ့တယ်။ ပီရက်ဇ်နဲ့ လူးဝစ္စတို့ ဆွေးနွေးပြီး ဘေးလ်အတွက်
အဖြေတစ်ခုပေးရတော့မယ်။
ဘေးလ်ကပါ ကိုယ့်ဘက်ပါနေပြီဖြစ်တဲ့ ပီရက်ဇ်ဟာ နောက်ထပ်အလှည့် အပြောင်းတစ်ခု ကို
ဖန်တီးပြခဲ့ပြန်တယ်။ ဒါကတော့ ဘေးလ်အတွက် ပေးရ မယ့် ယူရိုသန်း ၁၀၀ ကို တစ်ခါတည်း
လက်ငင်းပေးဖို့မကြိုးစားဘဲ ဒီငွေကို ငါးရစ်ခွဲပြီးအကြွေးစနစ်နဲ့ ပေးချေဖို့ ပြင်ဆင်လာတာပဲဖြစ်
တယ်။
ဒီနှုန်း အရဆိုရင် ရီးယဲလ်ဟာ ဘေးလ်အတွက် လောလောဆယ် တကယ်တမ်းသုံးရ မယ့်ငွေကြေး
ဟာ ယူရိုသန်း ၂၀ လောက် ပဲ ရှိတော့တယ်။ တော့တင်ဟမ်ကတော့ ဒီအချက်ကိုကိုင်ပြီး အပြောင်း
အရွှေ့ ကို ဆွေးနွေးဖို့ကြိုးစားမှာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က ရီးယဲလ် ကို ပြောင်းဖို့ စိတ်ပါ
နေတဲ့အချိန်မျိုးမှာ ကိုင်တွယ်ရခက်သွားတဲ့ အခြေအနေ မျိုးပဲဖြစ်တယ်။
ဒါကြောင့်လည်း လက်ရှိ ဘေးလ်ရဲ့အပြောင်းအရွှေ့ကိုကြည့်ရင် တကယ်တမ်း တော့တင်ဟမ်က
သာ ရောင်းချဖြစ်ပါက ငွေကြေး အကျိုး အမြတ်သာ ရခဲ့တာဖြစ်ပြီး ရီးယဲလ်ဘက်ကလည်း ပီရက်ဇ်
ရဲ့ဂုဏ်ဒြပ် တစ်ခုကိုထပ်ပြီး မြှင့်တင်နိုင်တာဖြစ်လို့ နစ်နာသွားတယ်လို့ ဆိုလို့မရပါဘူး။















