ပရီမီယာလိဂ် ထိပ်သီးအသင်းများ အာရှပွဲများမှ ငွေရသော်လည်း ဘောလုံးသမားများ ဒဏ်ရာရကြ

ပရီမီယာလိဂ် ထိပ်သီးအသင်းများ အာရှပွဲများမှ ငွေရသော်လည်း ဘောလုံးသမားများ ဒဏ်ရာရကြ

ဟောင်ကောင် - ပရီမီယာလိဂ်ထိပ်တန်း အသင်းများသည် အာရှဒေသ၏ ဓန ဥစ္စာနှင့်
ဥရောပဘောလုံးအသင်းများ ၏ ကစားပုံကို ကြည့်မြင်လိုသော အာသာဆန္ဒတို့နောက်လိုက်ရင်း
အာရှ နိုင်ငံများသို့ ခြေစကြာဖြန့်ခဲ့ကြရာ ဒဏ်ရာပြဿနာများကြံုကာ ပြန်လာ ကြရသည်။

စပါးနှင့် မန်စီးတီးတို့မှ ယန်ဗာတွန် ဂန်နှင့် မာတီယာနတ်စတာဆစ်တို့ သည် ဒဏ်ရာများရ၍ ပြန်
လာခဲ့ကြရာ ရာသီအစပွဲများတွင် မကစားနိုင်တော့ မည့် အခြေအနေမျိုးရှိနေသည်။ မန်ယူမှ ၀ိန်း
ရွန်နေသည်လည်း ဘန်ဘောက်တွင် ထိုင်းလက်ရွေးစင်နှင့် ကစားမည့်ပွဲမတိုင်မီ တစ်ရက်အလို၌
လေ့ကျင့်ခန်းဆင်းစဉ် တံကောက်ကြော ဒဏ်ရာရလိုက်သဖြင့် ဗြိတိန်သို့ ချက်ချင်း ပြန်လွှတ်လိုက်
ရသည်။

အာရှနိုင်ငံများသို့ သွားရောက်ကစား ခြင်းကြောင့် ပရီမီယာလိဂ်အသင်းကြီး များသည် ရုပ်သံနှင့်
စပွန်ဆာရှစ် သဘောတူစာချုပ်များ၊ ကွင်းဝင်ကြေး များနှင့် အသင်းမှထုတ်လုပ်သော တရားဝင်
ပစ္စည်းများကို ရောင်းချခြင်း များတို့မှ ၀င်ငွေအမြောက်အမြားရရှိ ကြသည်ကား မှန်၏။

သို့ရာတွင် ကလပ်အသင်းမှ နာမည် ကြီး ဘောလုံးသမားများသည် ကိုယ်တိုင် အာရှတိုက်၌
လူလုံးထွက်ပြရခြင်း အတွက် ကျေနပ်ဝမ်းသာဖြစ်ကြရသော် လည်း နည်းပြများရော၊ ကစား
သမား များပါ စိတ်ပန်းလူပန်း အလွန်ဖြစ်ကြ ရသည်။ စပါးမှ အားထားရသော ပထမဦးစား ပေး
ဘောလုံးသမားတစ်ဦးဖြစ်သည့် ဗာတွန်ဂန် ခြေကျင်းဝတ်ဒဏ်ရာရသွား သည့်အခါ နည်းပြ အန်
ဒရေးဗီလာ့စ် ဘိုအာ့စ်မှာ မခံမရပ်နိုင်ဖြစ်တော့သည်။

"အမှန်အတိုင်း ရိုးရိုးသားသားပြောရ မယ်ဆိုရင် မကစားချင်ဘူး။ သို့သော် လည်း ပကတိအခြေ
အနေကလည်း ဒီအတိုင်းဖြစ်နေတော့လည်း ကစားရ တော့တာပေါ့လေ"ဟု ဆောက်သ် ချိုင်းနားနှင့်
ကစားရမည့် ချစ်ကြည်ရေး ပွဲမစမီတွင် ၎င်းက ပြောသည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး