၂၀၁၃-၁၄ ရာသီ စီးရီးအေအမှတ်ပေး ပြိုင်ပွဲတွင် ဂျူဗင်တပ်သည် ဗိုလ်စွဲနိုင်ခြေ ရှိကြောင်း အများ
ဆုံး ထင်ကြေးပေးခံထားရသည်။ သို့ကလို ဂျူဗင်တပ်ကို ဗိုလ်စွဲမည်ဟု ကြိုတင်ဟောကိန်းထုတ်
ခဲ့သူများထဲတွင် ၀ါရင့်နာမည်ကျော် အီတလီနည်းပြများဖြစ်သော ကာပယ်လို၊ လစ်ပီ၊ ဒီနိုဇော့ဖ်
တို့အပြင် အေစီ မီလန်နှင့် ဟော်လန်ဂန္ထဝင် ကစား သမားတစ်ဖြစ်လဲ လက်ရှိဟီရန်ဗင်းနည်းပြ
မာကိုဗင်ဘက်စတန်တို့ ပါ၀င်နေ ကြသည်။
ဂျူဗင်တပ်သည် ၂၀၁၃-၁၄ ရာသီ စီးရီးအေတွင် ဗိုလ်စွဲမည်ဟု ရေပန်းစားရခြင်းမှာ ခိုင်လုံသော
အကြောင်း ယုတ္တိဗေဒပေါ်တွင် အခြေခံ သည်။ လာမည့်ရာသီအတွက် ဂျူဗင်တပ် သည် အရေး
ပါသော လူအင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ရာတွင် မန်စီးတီးတိုက်စစ်မှူး တေဗက်ဇ်၊ ဘီလ်ဘာ
အိုတိုက်စစ်မှူး လော်ရန်တီနှင့် တိုရီနိုနောက်ခံလူ အော့ဘွန်နာ တို့ကို ယူရို ၂၅ သန်းဝန်းကျင်သုံး
စွဲကာ ခေါ်ယူခဲ့သည်။
ပြီးခဲ့သောရာသီတွင် ဂျူဗင်တပ် သည် စီးရီးအေတွင် ဗိုလ်စွဲခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းသည်
ဟု လေ့လာသူများက ထောက်ပြသည်။ ထိုအချက်ကို ချေဖျက်ရန် ဂျူဗင်တပ် သည် အာဂျင်တီး
နားတိုက်စစ်မှူး တေဗက်ဇ်၊ စပိန်တိုက်စစ်မှူး လော်ရန် တီတို့ကို ခေါ်ယူနိုင်ခဲ့ရာ တိုက်စစ် အင်အား
တောင့်တင်းသွားပြီ ဖြစ်သည်။ လက်ရှိဂျူဗင်တပ် တိုက်စစ်တွင် တေဗက်ဇ်၊ လော်ရန်တီ၊ ယမန်နှစ်
က ဂိုးအများဆုံးသွင်းခဲ့သော ၀ါရင့် တိုက်စစ်မှူး ဗူချီနစ်တို့နှင့်အတူ အီတလီလက်ရွေးစင်များဖြစ်ကြ
သော ဂျီယိုဗင်ကို၊ မာထရီ၊ ကွာ ဂလီရဲလာတို့ ရှိနေသောကြောင့် စီးရီးအေနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်
ခုဝင်ရန် လုံ လောက်သွားပြီဖြစ်သည်။
လေ့လာသူများ မျှော်လင့်ထားသလို တေဗက်ဇ်နှင့် လော် ရန်တီတိုက်စစ်အတွဲ သာ အလျင်အမြန်
အထိုင်ကျကာ ခြေစွမ်းပြနိုင်မည် ဆိုလျှင် ဂျူဗင်တပ် တိုက်စစ်သည် ထိပ်တန်းအဆင့်သို့ ရောက်ရှိ
သွား နိုင်သည်။
တေဗက်ဇ်-လော်ရန်တီ အတွဲသည် အသက်အရွယ်၊ အတွေ့ အကြံု၊ ပင်ကိုစွမ်းရည် အစ ရှိသော
'အားသာချက်'များရှိသည်။ တေဗက်ဇ်သည် တိုက်စစ် တွင်သာမက တောင်ပံ တွင်ပါ ကျွမ်းကျင်စွာ
ကစားနိုင်သကဲ့သို့ နောက်ချန်တိုက်စစ်မှူး အနေဖြင့် လည်း ၎င်းကို နေရာချပေးနိုင် သည်။
လော်ရန်တီသည် မာကျောပြီး အရပ်အမောင်းမြင့်မားကာ 'အပေါ် ဘော'များကို ထိရောက်စွာ
အသုံးပြုနိုင် သောကြောင့် ဂျူဗင်တပ်တိုက်စစ်သည် 'အမြင့်ဘော'များ အသုံးပြုကာ တိုက်စစ်
ဆင်သော နည်းဗျူဟာကိုလည်း ကျင့်သုံးလာနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။
ပြီးခဲ့သောရာသီက ဂျူဗင်တပ်သည် တိုက်စစ်ပိုင်း အားနည်းခဲ့သလောက် ခံစစ်လုံခြံုသည်။ ချန်ပီယံ
လိဂ်တွင် ဘိုင်ယန်မြူးနစ်ကို အရေးမနိမ့်မီက ခံစစ်အထူးကောင်းသော အသင်းအဖြစ် နာမည်ထွက်
ခဲ့သည်။
စီးရီးအေ အမှတ်ပေးပွဲတွင်လည်း နောက်တန်း အကောင်းဆုံးအသင်းဖြစ်ပြီး ၃၈ ပွဲ ကစားခဲ့ရာ၌ ၂၄
ဂိုးသာ သွင်းခံရသည်။ သို့ကလို ကျစ်လျစ်သော ခံစစ်ကြောင်း ကို အင်အားဖြည့်တင်းရန် ဂျူဗင်တပ်
သည် တိုရီနိုမှ အီတလီလက်ရွေးစင် နောက်ခံလူ အော့ဘွန်နာကို ခေါ်ယူခဲ့ သည်။
ဂျူဗင်တပ်နောက်တန်းတွင် အီတလီ လက်ရွေးစင်များဖြစ်ကြသော ဘာဇာ ဂလီ(၃၂ နှစ်)၊ ချီနယ်လီ
(၂၈ နှစ်)၊ ဘိုနုချီ (၂၆ နှစ်)၊ ပလူဆို (၂၉ နှစ်)၊ ဒီဆစ်ဂလီ (၂၆ နှစ်)၊ မာကိုမော့တာ (၂၇ နှစ်)နှင့်
အော့ဘွန်နာ (၂၅ နှစ်) အစရှိသည့် အသက်အရွယ်ရော အတွေ့ အကြံုပါ ကောင်းသူ တွေ စုစည်း
မိနေကြ သည်။
တစ်ဖန် ဥရုဂွေး လက်ရွေး စင် ကာဆီရက်စ် (၂၆ နှစ်)၊ ဆွစ်ဇာလန် လက် ရွေးစင်များဖြစ်သော
လစ်ချ် စတိန်နာ (၂၉ နှစ်)၊ ဇီဂလာ (၂၇ နှစ်)၊ ချီလီလက်ရွေးစင် အစ္စလာ (၂၅ နှစ်)တို့လည်း ရှိရာ
ဂျူဗင်တပ်ခံစစ် ကြောင်းသည် စီးရီးအေ တွင် အတောင့်တင်းဆုံး၊ အတည်ငြိမ် ဆုံးနှင့် အသက်
အရွယ်ပိုင်းအရ အကောင်းဆုံးအနေအထားတွင် ရှိ သည်။ ပြီးခဲ့သောရာသီက ဂျူဗင်တပ် ကွင်း
လယ်သည် စီးရီးအေတွင် စွမ်း ဆောင်ရည်မြင့်မားပြီး တည်ငြိမ်မှု ရှိကာ အခွင့် အရေးများ ဖန်
တီးပေးရင်း အဆုံး အဖြတ်ဂိုးများ သွင်း ယူပေးနိုင်သော ကွင်းလယ်အဖြစ် နာမည်ရခဲ့ သည်။
နည်းပြကွန်တီသည် ဂျူဗီကွင်းလယ်တွင် ၀ါရင့် ဖန်တီးရှင်ပီယာလို (၃၄ နှစ်)ကို မာချီစီယို (၂၇ နှစ်)၊
ဗီဒယ်(၂၆ နှစ်) တို့ဖြင့် အထိုင်ချလိုက်သောကြောင့် အခြားသူများအတွက် အခွင့်အလမ်း နည်းသွား
သည်။
၎င်းတို့နှင့်အတူ ၀ါရင့်အီတလီကစားသမားများဖြစ် သော ဆီမြွန်နီပီပီ(၂၉ နှစ်)၊ ဆီမြွန်နီ ပါဒိုအင်
(၂၉ နှစ်)၊ အီတလီ ယူ-၂၁ လက်ရွေးစင်ဟောင်း လူးကပ် မာယိုနီ (၂၃ နှစ်)တို့လည်း ရှိသည်။
ဆိုရပါလျှင် ဂျူဗင်တပ်သည် လက်ရှိချန်ပီယံဆိုသော အရှိန်အဝါနှင့်အတူရှေ့လယ်နောက် အင်
အားအပြည့်ရှိသည်။ အရန်အင်အားတောင့်တင်း သောကြောင့် ကစားသမားများအကြား ပြင်းထန်
သော ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေပြီး 'နေရာ'အတွက် ညှစ်အား၊ တွန်းအားများကို ဖြစ်ပေါ်စေမည်
မဟုတ်ပါလား။
လာမည့်ရာသီအတွက် တည်ငြိမ်စွာ ပြင်ဆင်နေသော အသင်းများထဲတွင် အမှတ်ပေးချန်ပီယံ
ဂျူဗင်တပ်ကဲ့သို့ ပင် စိတ်ဝင်စားစရာကောင်းသော အခြားအသင်းမှာ ကိုပါအီတာလျံရှုံးထွက်ဖလား
ချန်ပီယံ လာဇီယို ဖြစ် သည်။ ဘဏ္ဍာရေးအရ နှိုင်းယှဉ်လိုက် ပါက လာဇီယိုသည်ဂျူဗင်တပ်ကဲ့သို့
သော ထိပ်တန်းအသင်းကြီးကို မည်သို့ မျှ မယှဉ်နိုင်သော်လည်း လာမည့်ရာသီ အတွက် အသင်း
ကို အတည်ငြိမ်ဆုံး နှင့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ထားသည်။
ပြီးခဲ့သော ရက်များအတွက် လာဇီယို ကွင်းလယ်မှ အဓိကဘောလုံးသမား များဖြစ်ကြသော ဘရာ
ဇီးလ်လက်ရွေး စင် ဟာနန်နက်ဇ်(၂၈ နှစ်)ကို ပီအက်စ်ဂျီ၊ အီတလီလက်ရွေးစင် ကန်ဒရီဗာ (၂၆ နှစ်)
ကို မန်ယူ အစရှိသော ထိပ်တန်းအသင်းကြီများက ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသော်လည်း လာဇီယို
သည် ယမန်နှစ်က ခြေစွမ်းပြခဲ့ကြသော ထိုကစားသမားနှစ်ယောက်ကို အသင်း တွင် ဆက်ထိန်း
ထားနိုင်သည်။
ထို အချက်ကပင် လာဇီယိုသည် ရည်မှန်း ချက်ကြီးမားပြီး တည်ငြိမ်သောအသင်း ဖြစ်နေသည်ကို
ဖော်ပြနေသည်။ ပြီးခဲ့သောရာသီက လာဇီယို တိုက်စစ်သည် အားရစရာကောင်း သော အနေအထား
တွင် မရှိခဲ့ပေ။ စီးရီးအေအမှတ်ပေးပွဲများ ကစားနေ ရင်း တစ်ဖက်မှ ကိုပါအီတာလျံဖလား တွင်လည်း
ဗိုလ်စွဲခဲ့သလို ယူရိုပါလိဂ် တွင်လည်း ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့သောကြောင့် ပွဲကျပ်
များဆက်ကာ ပွဲပန်းသော ဒဏ်ရာ ဒဏ်ချက်များကို ခံစားခဲ့ရသည်။ သို့ကလို အင်အားချိန်ခွင်လျှာ
မညီမျှမှုကြောင့် ပြိုင်ပွဲသုံးခုတွင် အခြေ အနေကောင်းသောအဆင့်မှ 'ထိုးကျ'သွားသည်။
စီးရီးအေတွင် ခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားသည်။ ယူရိုပါလိဂ်တွင်လည်း ဂါလာတာစာရေး
ကို အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ခြင်း မရှိတာကြောင့် အရေးနိမ့်သွားသည်။ နောက်ဆုံးတွင် ကိုပါအီ
တာလျံဖလားတစ်ခုတည်းကိုသာ အာရုံစိုက်ပြီး ဗိုလ်စွဲ နိုင်အောင် ကြိုးပမ်းခဲ့ရသည်။
လာဇီယိုတိုက်စစ်သည် ပြီးခဲ့သော ရာသီတွင် ရုန်းကန်ခဲ့ရသည်။ ဂိုးရရှိရေး အတွက် ၀ါရင့်တိုက်စစ်မှူး
ကလိုဆေး ကို အားထားခဲ့ရာ ကလိုဆေး ခြေစွမ်း ပျောက်ကာ ဂိုးမိုးခေါင်ချိန်များနှင့် ဒဏ်ရာရနေချိန်
များတွင် လာဇီယို တိုက်စစ်သည် များစွာရုန်းကန်ခဲ့ရ သည်။ ကွင်းလယ်တိုက်စစ်သမားများ က ဂိုး
ရရှိရေး အပိုဝန်ထုပ်ကိုပါ ထမ်းရွက်ထားရသည်။
လာမည့်ရာသီအတွက် လာဇီယို သည် လိုအပ်သော ကစားသမားများကို ကျစ်ကျစ်လျစ်လျစ် ဖြည့်
တင်းထား သည်။ ၀ါရင့်ကစားသမားများဖြင့် စုဖွဲ့ ထားသော နောက်တန်းကို လာဇီယို သည် ကြီး
ကြီးမားမား အပြောင်းအလဲ မပြုလုပ်ဘဲ ပြင်သစ်ကလပ် တိုလူကာမှ နောက်ခံလူ ဒီယေဂိုနိုဘာရက်
တီ (၂၈ နှစ်)ကို ခေါ်ယူအားဖြည့်ထားသည်။
တစ်ဖန် ကွင်းလယ်တွင် အာဂျင် တီးနားလက်ရွေးစင် လူးကပ်စ်ဘစ်ဂလီ ယာ (၂၇ နှစ်)နှင့် ဘရာ
ဇီးလ်လက်ရွေး စင် ဖိလစ်ပီအင်ဒါဆင် (၂၀ နှစ်)တို့ကို အားဖြည့်လိုက်သည်။ လာဇီယို ကွင်းလယ်
သည် စုဖွဲ့မှု ကျစ်လျစ်သည်။ အသင်းဖော်များအကြား နားလည်မှု ကောင်းသည်။
ကွင်းလယ်ကစားကွက် ကို ပုံဖော်ရာတွင် ဘရာဇီးလ်လက်ရွေး စင် ဟာနန်နက်ဇ်က အဓိကဖြစ်
သည်။ ခြံုကြည့်လျှင် လာဇီယိုကွင်းလယ်တွင် အသက် ၂၅ နှစ်မှ အသက် ၂၉ နှစ် အကြား ကစား
သမား အများစု ပါ၀င်နေသည်။ ၎င်းတို့ကို အသက် ၃၃ နှစ်ရှိပြီဖြစ်သော အသင်းခေါင်းဆောင်
မော်ရီက 'ထိန်း' ပေးထားသည်။ လာဇီယိုတိုက်စစ်တွင် ၀ါရင့်တိုက်စစ် မှူး ကလိုဆေး (၃၅ နှစ်)ကို
'တည်'ပြီး အီတလီလက်ရွေးစင် ဆာဂျီယိုဖလိုကာရီ (၃၁ နှစ်) ဖြင့် တွဲထားသည်။
၎င်း တို့ကို ချက်လက်ရွေးစင် တိုက်စစ်မှူး ကိုဇက် (၂၄ နှစ်)၊ အီတလီတိုက်စစ်မှူး အီမီလီယာနို
အဲယ်ဖာရို (၂၅ နှစ်)၊ ပက်စ်ကာရာမှ ပြန်လည်ခေါ်ယူလိုက် သော ၀ါရင့်တိုက်စစ်မှူး စကူလီ (၃၂
နှစ်)၊ တို့ဖြင့် ၀န်းရံထားသည်။ ၂၀၁၃-၁၄ ရာသီ စီးရီးအေပွဲစဉ် ဇယားထွက်ပေါ်လာသောအခါတွင်
လာဇီယိုသည် ပွဲဦးထွက် လေးပွဲ ဆက်တိုက် ပွဲကျပ်များကို ရင်ဆိုင်ရ မည် ဖြစ်သောကြောင့်
ကံကြမ္မာ မျက်နှာသာ ပေးခြင်းမခံရသောအသင်း ဟု ဆိုရမည်ပင်။
သို့တစေ လာဇီယို နည်းပြ ဗလာဒီမာ ပက်ကိုဗစ်ကမူ အကောင်းဘက်မှ ရှုမြင်ထားသည်။ ပွဲကျပ်
များကို ဆက်တိုက်ရမည်ဖြစ်သောကြောင့် ကစားသမားများကို 'တွန်းအား' တစ်ခုဖြစ်ပေါ်လာမည်
ဟု ပက်ကိုဗစ်က သုံးသပ်သည်။ ခြံုကြည်လျှင် လာဇီယိုသည် မနှစ်က ထက် ပိုကောင်းသောအသင်း
ဖြစ်လာ နိုင်ပြီး စီးရီးအေတွင် ချန်ပီယံစာရင်း မဝင်နိုင်လျှင်တောင်မှ ထိပ်ဆုံး သုံးနေရာကို ခြိမ်းခြောက်
လာနိုင်ဟု ကောက်ချက်ဆွဲရမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်။)















