မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော နေပြည်တော်နှင့် ရန်ကုန်ယူနိုက်
တက်အသင်းတို့၏ပွဲစဉ်သည် ပရိသတ်များ၏ ဆူပူသောင်းကျန်းမူများနှင့် နှစ်ဖက်ကစားသမားများ
၏ အပြန်အလှန်ထိုးကြိတ် မှုများကြောင့် ပထမပိုင်းပွဲချိန် ၃၇ မိနစ် တွင် ရပ်နားခဲ့ရပြီး အဆိုပါဖြစ်ရပ်
တွင် ပါ၀င်ပတ်သက်ခဲ့သူများအားလုံးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိရောက်စွာအရေးယူသွား
မည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည် ဩဂုတ်လ ၄ ရက်နေ့ တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံး ကွင်းသစ်ကြီးတွင် ကျင်း
ပပြုလုပ်ခဲ့ သော အဆိုပါပွဲစဉ်သည် မြန်မာနေရှင် နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဉ်တစ်
ပွဲဖြစ်သလို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုအတွက် အပြိုင်အဆိုင်
ဖြစ်ခဲ့သော ရန်ကုန်ယူနိုက်တက်နှင့် နေပြည်တော်အသင်းတို့၏ပွဲစဉ်ဖြစ် သောကြောင့် နေပြည်
တော်အသင်း ပရိသတ်တစ်သောင်းကျော်နှင့် ရန်ကုန် အသင်းပရိသတ် ၁,၄၀၀ ခန့် လာရောက်
အားပေးခဲ့ကြသည်။
၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းကြီးသည် လာမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် ဖွင့်ပွဲ၊ ပိတ်ပွဲများကျင်းပပြုလုပ်
မည့် ကွင်းကြီးဖြစ်ပြီး ယခုပွဲစဉ်အတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုန်းဖြစ်မှုများ ကြောင့် ၀ဏ္ဏသိဒ္ဓိဘော
လုံးကွင်းကြီး သည်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ပွဲမစတင်မီကတည်းက နှစ်ဖက် ပရိ
သတ်များသည် ရေသန့်ဗူး၊ ကွမ်းဗူး၊ ဖိနပ်များဖြင့် အပြန်အလှန် ပစ်ပေါက်နေကြသည်။
အကျည်းတန်ဆုံးဖြစ်ရပ်အဖြစ် ပွဲချိန် ၃၂ မိနစ်တွင် ရန်ကုန်မှ ဒေးဗစ်ဒန်း အား နေပြည်တော်နောက်
ခံသူများ ဖျက်ထုတ်ပုံကြမ်းတမ်းသဖြင့် ကွင်းလယ် ဒိုင်က ပယ်နယ်တီပေးခဲ့ရာ နေပြည်တော်ပရိသတ်
တစ်ဦးက ဘောလုံးကွင်း ထဲ ပြေးဝင်၍ ကွင်းလယ်ဒိုင် ဦးလှမင်း ကို ရန်ပြုဖို့ကြိုးစားခဲ့သည်။
အဆိုပါ ပရိသတ်ကို နေပြည်တော်ကစားသမား များက ထိန်းသိမ်း၍ ကွင်းပြင်ပသို့ ပြန်လည်ဆွဲ
ခေါ်လာခဲ့ပြီး ဒိုင်လူကြီး မှာလည်း ပွဲကိုဆက်လက်ကစားစေခဲ့ သည်။ အဆိုပါပင်နယ်တီကို ရန်ကုန်
ယူနိုက်တက် တိုက်စစ်မှူးဆီဇာက ကန်သွင်းယူပြီး ရန်ကုန်အတွက် ဦးဆောင်ဂိုးအဖြစ် ဖန်တီးခဲ့သည်။
ရန်ကုန်အသင်း ဦးဆောင်ဂိုးရပြီး နောက် မိနစ်အနည်းငယ်အကြာတွင် ရန်ကုန်ကစားသမား
ရန်အောင်ကျော် မျက်နှာကို နေပြည်တော်ကစားသမား တစ်ဦးမှ ခုန်ကန်ရာမှစတင်၍ နှစ်ဖက်
ကစားသမားများ အပြန်အလှန် ထိုး ကြိတ်ကြရာ ပရိသတ်များ၏ မကျေနပ် မှုများ ပိုမိုပြင်းထန်
လာပြီး ပရိသတ်အမြောက်အများကွင်းထဲသို့ ပြေးဝင်လာကာ ရန်ကုန်ယူနိုက်တက်ကစားသမား
များနှင့် နည်းပြအဖွဲ့ဝင်များကိုအဓိကထား တိုက်ခိုက်ခဲ့ကြသည်။
ပွဲကြည့်စင်မှ ပရိသတ်များကလည်း ရေသန့်ဗူးများ၊ အရက်ပုလင်းများ၊ ခုံများဖြုတ်၍ ပစ်ပေါက်ကြ
ရာပွဲသည် ထိန်းမနိုင်၊ သိမ်းမနိုင်အခြေအနေသို့ ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန် ၃၇ မိနစ်တွင် ရပ်နားခဲ့ရသည်။
အဆိုပါဖြစ်ရပ်ကြောင့် ပွဲအပြီးတွင် ကျင်းပမည့် ဆုပေးပွဲအစီအစဉ်လည်း ပျက်ပြယ်ခဲ့ရပြီး ၀ဏ္ဏသိဒ္ဓိ
ဘောလုံး ကွင်းတွင် ပထမဆုံးကျင်းပခွင့်ရသော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်သည် လည်း ပြိုင်ပွဲ
သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က "အဓိကပြဿနာက ပရိသတ်တွေ အရက်မူး
နေကြလို့ပါ။ အရက်မူးနေတော့ အမှားအမှန် မဆုံးဖြတ်နိုင်ဘဲ အခုလိုတွေ ဖြစ်ကုန် တာပါ။
ပရိသတ်တွေကို အခုထက် ပိုပြီး ယဉ်ယဉ်ကျေးကျေး အားပေးတက်အောင် ပညာပေးပို့ချသွားဖို့
စီစဉ်နေပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်၏ ထိပ်တန်းအသင်းများဖြစ်သော ရန်ကုန်ယူနိုက် တက်အသင်းနှင့် နေပြည်
တော်အသင်း တို့၏ပွဲစဉ်ကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းကဲ့သို့သော နိုင်ငံတကာအဆင့်မီကွင်း ကြီးတွင်
ကျင်းပခွင့်ရခဲ့သော်လည်း ပရိသတ်များ၏ စည်းကမ်းမဲ့ဆိုးသွမ်းမှု များကြောင့် ပျက်ပြယ်ခဲ့ရပြီး
ဘောလုံး ကွင်းကောင်းတစ်ကွင်းတွင်ကျင်းပသော ဘောလုံးပွဲကောင်းတစ်ကောင်းကို အပြည့်အဝ
ခံစားခွင့်မရခဲ့သည်မှာ ၀မ်းနည်းစရာကောင်းခဲ့သည်ဟုလည်း ဘောလုံးပရိသတ်တစ်ဦးက ဝေဖန်
ပြောကြားသွားခဲ့သည်။















