ဟောင်ကောင် ရိန်းဂျားအသင်းကိုမူ ၅ဪ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာလူငယ်အသင်းသည်
ကွာတား ဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဘရာဇီးလ်ကလပ် ဆာအိုပေါ်လို လူငယ်
အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးဪဂိုးမရှိဖြင့် အရေးနိမ့် ခဲ့ပြန်သည်။
မြန်မာလူငယ်အသင်းသည် အုပ်စု (က)တွင် ဘရာဇီးလ်ကလပ် ဘိုတာဖိုဂို၊ တရုတ်လူငယ်အသင်း၊
ဟောင်ကောင် ရိန်းဂျား အသင်းတို့နှင့် တစ်အုပ်စု တည်း ကျရောက်ခဲ့သည်။ ဘရာဇီးလ်ကလပ်
ဘိုတာဖိုဂို လူငယ် အသင်းကို ပယ်နယ်တီ၊ နောက်ကျဂိုး တို့ဖြင့် နှစ်ဂိုးဪဂိုးမရှိ ရှုံးနိမ့်ကာ
တရုတ် လူငယ်အသင်းကိုလည်း နှစ်ဂိုးဪဂိုးမရှိ ဖြင့်ပင် ရှုံးနိမ့်ခဲ့သည်။
မြန်မာလူငယ်အသင်းသည် ပြိုင်ပွဲ စည်းကမ်းအရ အဆင့် ရ/၈ ၀င်နိုင်ရေး အတွက် ဩဂုတ်လ
၃ ရက်နေ့တွင် တရုတ်လူငယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရာ ၎င်းအသင်းအား ၂ဪ၁ ဂိုးဖြင့်
အနိုင်ရရှိသွားခဲ့သည်။
ထို့ကြောင့် အဆင့် ၅/၆ ၀င်ရေးအတွက် မြောက်ကိုရီးယားနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရခြင်း
ဖြစ်သည်။ နောက်ဆုံးလေးသင်းအဖြစ် ရှန်ဒေါင်း လူနန်၊ ဆာအိုပေါ်လို၊ ဘိုတာဖိုဂိုနှင့် ပေါ်တိုတို့
ဆီးမီးဖိုင်နယ်သို့ တက် ရောက်သွားပြီ ဖြစ်သည်။ မြန်မာလူငယ်အသင်းသည် ဘရာဇီးလ် ကလပ်
ဘိုတာဖိုဂိုနှင့်ပွဲတွင် မိနစ် ၈၀ ထိ ဂိုးမရှိသရေကစားကာ ခြေစွမ်းပြနိုင်ခဲ့ သောကြောင့် အသင်းငယ်
တစ်သင်း မဟုတ်ကြောင်း ပြသနိုင်ခဲ့့သည်။
'ဝေဖန်း' ၂၀၁၃ လူငယ် ဖိတ်ခေါ် ပြိုင်ပွဲကို လေးသင်းပါ၀င်သည့် အုပ်စု သုံးခုခွဲကျင်းပပြီး တရုတ်၊
ဘရာဇီးလ်၊ မြောက်ကိုရီးယား၊ ဘာရိန်း၊ မွန်ဂိုလီး ယား၊ ပေါ်တူဂီ၊ အီရန်၊ မက္ကဆီကိုနှင့် မြန်မာနိုင်ငံ
များမှ ပါ၀င်ယှဉ်ပြိုင် ကြသည်။














