လီဗာပူး - စတုတ်
လီဗာပူးက အဓိကကစားသမားတွေထွက်သွားတာမရှိလို့ လောလောဆယ် မှာ ပုံပျက်မသွားနိုင်
ပါဘူး။ စတုတ်ကျတော့ နည်းပြပြောင်းထားလို့ အသင်း ကစားပုံပြောင်းနိုင်ပါတယ်။ ကစားသမား
အဝယ်လည်း သိပ်လုပ်မထားလို့ အဝေးကွင်းအားနည်းတဲ့ စတုတ်ဟာအခက်အခဲရှိနိုင်ပါတယ်။ ပီ
တာခရော့ခ်၊ ဝေါ်လ်တာတို့ လီဗာပူးကွင်းမှာ ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး။ စတားရစ်ချ်၊ ကော်တင်ညို
တို့ လီဗာပူးရဲ့ဂိုးတွေကို သွင်းနိုင်ပါလိမ့်မယ်။
၀က်စ်ဟမ်း - ကာဒစ်ဖ်
၀က်စ်ဟမ်းက အိမ်ကွင်းကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ မနှစ်က လည်း အိမ်ကွင်းရလဒ်
ကောင်းတွေကြောင့် ၀က်စ်ဟမ်းဟာ တန်းဆင်းဇုန်မှာ ရုန်းကန်စရာမလိုဘဲ တင်ကျန်သွားခဲ့ပါတယ်။
ကာဒစ်ဖ်က လိဂ်ချန်ပီယံရှစ်တန်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ၀က်စ်ဟမ်း အနိုင်ရသွား
မယ့်ပွဲဖြစ်ပါတယ်။
အာဆင်နယ် - ဗီလာ
မနှစ်ကအာဆင်နယ်ကွင်းမှာ ဗီလာရှုံးနိမ့်ပေမယ့် ဂိုးပြတ်မရှုံးခဲ့ပါဘူး။ အာဆင်နယ်နောက်တန်းမှာ
ဒဏ်ရာရသူတွေရှိထားတဲ့အတွက် အာဆင်နယ် ဂိုးပြန်ပေးရနိုင်တဲ့ပွဲဖြစ်ပါတယ်။ ဗီလာကနောက်
တန်းကို တော်တော်လေး ပြင် ဆင်ဖြည့်ဆည်းထားတာတွေ့ရပါတယ်။ မနှစ်ကနဲ့မတူတဲ့နောက်
တန်းဖြစ်လာ နိုင်ပါတယ်။ ဒါပေမဲ့ အဝေးကွင်းဆိုရင် ဗီလာမကောင်းလို့ အာဆင်နယ် ဂိုးပြတ်မယ့်
ပွဲဖြစ်လာနိုင်ပါတယ်။
ချယ်လ်ဆီး - ဟားလ်စီးတီး
ချယ်လ်ဆီးက ချန်ပီယံဖြစ်မယ့်အသင်းလို့ ထင်ကြေးပေးထားကြပါတယ်။ ဟားလ်စီးတီးက တန်း
တက်လာတဲ့အသင်းဖြစ်လို့ အထင်သေးစရာဖြစ်ပါတယ်။ ဒါပေမဲ့ ဟားလ်စီးတီးနည်းပြက စတိဗ်
ဘရုခ်ဖြစ်လို့ ပရီမီယာလိဂ်အတွေ့အကြံု ရှိထားသူဖြစ်ပါတယ်။ ခံစစ်ကို စတိဗ်အနေနဲ့ ပြင်ဆင်
တတ်သူဖြစ်တာကြောင့် ချယ်လ်ဆီးဟာ အနိုင်ရမယ်ဆိုရင်တောင် နှစ်ဂိုးပြတ်ထက်မပိုနိုင်တာကို
သတိပြုရမှာဖြစ်ပါတယ်။ချယ်လ်ဆီး သုံးဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်ပါတယ်။
မန်စီးတီး - နယူးကာဆယ်
မန်စီးတီးလည်း နည်းပြပြောင်းထားလို့ ပယ်လီဂရီနီအတွက် ရင်ခုန်စရာပွဲ ဖြစ်ပါတယ်။ မနှစ်က
နယူးကာဆယ်ကို ဂိုးပြတ်နိုင်ခဲ့ပါတယ်။အခုလည်း အိမ်ကွင်းဖြစ်နေလို့ မန်စီးတီးကစားအားကောင်း
နိုင်တဲ့ပွဲလို့ ထင်ရပါတယ်။ သတိထားသင့်တာက နယူးကာဆယ်ဟာ သိပ်ပြီးနိမ့်တဲ့အသင်းမဟုတ်
ပါဘူး။ ပိတ်ကစားရင် မန်စီးတီးဂိုးပြတ်နိုင်ဖို့ ခက်နိုင်ပါတယ်။ ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - မန်ယူ
မန်ယူအတွက် ခက်ခဲမယ့်ပွဲဖြစ်ပါတယ်။ အဝေးကွင်းဖြစ်နေပြီး ဆွမ်ဆီးက ပြင်ဆင်အားကောင်းနေ
ပါတယ်။ ဆွမ်ဆီးတိုက်စစ်ကောင်းသလို ခံစစ်လည်း ကောင်းနေပါတယ်။ မနှစ်ကလည်း ဆွမ်ဆီး
ကွင်းမှာ မန်ယူဟာ အနိုင်ကစားနိုင် ခြင်းမရှိပါဘူး။ ကွန်မြူနတီဒိုင်းပွဲမှာ မန်ယူအနိုင်ရခဲ့ပေမယ့်
ဒီပွဲမှာအဲဒီလောက် လွယ်မှာမဟုတ်ပါဘူး။ သရေကျဖို့များတာကြောင့် အိမ်ရှင်ကိုရွေးရမှာပါ။
ခရစ္စတယ်ပဲလေ့စ် - စပါး
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ ပဲလေ့စ်ကတော့ ဒီရာသီမှာ အားအနည်းဆုံး အသင်းဖြစ်ပါတယ်။
စပါးဟာ ခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းပေမယ့် ဒီပွဲမှာ ကစားအားကောင်းလာမယ်လို့ ထင်ပါတယ်။
စပါးဟာအပြောင်းအရွှေ့မှာ နောက်တန်း၊ အလယ်၊ ရှေ့တန်းနေရာစုံအတွက် ဖြည့်ထားပါတယ်။
ပဲလေ့စ် ကွင်းဖြစ်သော်လည်း စပါးကောင်းကောင်းကစားနိုင်မယ့်ပွဲဖြစ်ပါတယ်။
နော်ဝစ်ချ် - အဲဗာတန်
နော်ဝစ်ချ်ကို လျှော့တွက်လို့မရပါဘူး။ မနှစ်က အိမ်ကွင်းမှာ မန်ယူ၊ အာဆင်နယ် တို့ကို အနိုင်က
စားနိုင်ခဲ့ပါတယ်။ အဲဗာတန်ကိုလည်း အနိုင်ရခဲ့ပါတယ်။ ဒီနှစ်မှာ ကစားသမားအများအပြားဝယ်
ထားပါတယ်။အဲဗာတန်မှာ မနှစ်ကကစားသမားတွေ ရှိနေဆဲဖြစ်ပေမယ့် အဝေးကွင်းဆိုရင် အဲဗာ
တန်ကစားအားလည်းမကောင်း တာတွေ့ရပါတယ်။ သရေကျနိုင်တဲ့ပွဲဖြစ်ပါတယ်။
၀က်စ်ဘရွန်း - ဆောက်သမ်တန်
ဒီပွဲက ခြေညီ၊ အသင်းညီတဲ့နှစ်သင်းရဲ့ပွဲဖြစ်ပါတယ်။ ၀က်စ်ဘရွန်းဟာ မနှစ်က ခြေစွမ်းကောင်းခဲ့
ပေမယ့် ဒီနှစ်မှာ အပြောင်းအလဲဖြစ်နေပါတယ်။ ဆောက်သမ်တန်တိုက်စစ်မှာ ရစ်ကီလန်းဘတ်၊
လာလာနာတို့အပြင် ဆဲလ်တစ် တိုက်စစ်မှူး ၀မ်ယာမာကိုလည်း ခေါ်လိုက်လို့ ဆောက်သမ်တန်ကို သတိထားရမှာဖြစ်ပါတယ်။ ဆောက်သမ်တန်ကို ရွေးရမှာဖြစ်ပါတယ်။
ဆန်းဒါးလန်း - ဖူလ်ဟမ်
ဆန်းဒါးလန်းရဲ့ ဒီကာနီယိုဟာ အပြောင်းအရွှေ့မှာ တော်တော်လုပ်ထားပါတယ်။ နောက်တန်းရော၊
တိုက်စစ်ကိုပါ ပြင်ဆင်ထားတာတွေ့ရလို့ ဆန်းဒါးလန်း ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်
က ကွင်းလယ်ကိုအပြောင်းအလဲလုပ် ထားတာတွေ့ရပါတယ်။ အသင်းချင်း သိပ်ပြီးမကွာပေမယ့်
ဆန်းဒါးလန်းရဲ့အပြောင်းအလဲကို အားရမိလို့ ဆန်းဒါးလန်းကိုပဲ ကြိုက်ပါတယ်။














