၂၀၁၃-၁၄ ရာသီ ပရီမီယာလိဂ် ဘောလုံးစီးပွားရေး စတင်လည်ပတ်ခြင်း

၂၀၁၃-၁၄ ရာသီ ပရီမီယာလိဂ် ဘောလုံးစီးပွားရေး စတင်လည်ပတ်ခြင်း

၂၀၁၃-၁၄ ဘောလုံးရာသီ ပရီမီယာ လိဂ်ဘောလုံးစီးပွားရေးယန္တရားကြီး ဒီစနေက စတင်ပြီး လည်
ပတ်လာတော့ မှာဖြစ်ပါတယ်။ဒီနှစ်မှာ ပရီမီယာလိဂ် ရုပ်သံထုတ်လွှင့်မှုစာချုပ်အသစ်နဲ့ ပြန်လည်
စတင်တဲ့ရာသီဖြစ်တာကြောင့် ပြိုင်ပွဲဝင်အသင်း ၂၀ တို့ဟာ ရည်မှန်း ချက်ကိုယ်စီနဲ့ ယှဉ်ပြိုင်လာ
ကြတော့ မှာ ဖြစ်ပါတယ်။

မနှစ်က ချန်ပီယံဖြစ်တဲ့ မန်ယူဟာ ပရီမီယာလိဂ်ရုပ်သံထုတ်လွှင့်ခွဲတမ်းမှာ ပေါင်သန်း ၆၀ ကျော်
ရရှိသွားခဲ့ပါတယ်။ ဒီနှစ်မှာ ရုပ်သံကြေး က ပြီးဆုံးသွားတဲ့ ဘောလုံသုံးရာသီက ထက် ပေါင် ၁
ဒသမ ရ၇ ဘီလျံ တက်လာတာကြောင့် ဒီနှစ်ပရီမီယာလိဂ် ချန်ပီယံဖြစ်မယ့်အသင်းဟာ ရုပ်သံ
ကြေး ပေါင်သန်း ၁၀၀ အထိ ရနိုင်ဖွယ် ရှိနေပါတယ်။

မနှစ်ကရာသီမှာ ချန်ပီယံ ဖြစ်တဲ့ မန်ယူဟာပေါင်သန်း ၆၀ ဒသမ ၈၁၃ သန်းနဲ့ အများဆုံးရသွားပြီး
ဒုတိယ နေရာက မန်စီးတီးက ပေါင်သန်း၅၈ ဒသမ ၁၄၃ သန်းရရှိခဲ့ပါတယ်။ အဆင့် (၄)ရတဲ့ အာ
ဆင်နယ်က ပေါင်သန်း ၅၇ ဒသမ ၁၁၀ရရှိပြီး တတိယနေရာမှာ ရပ်တည်သွားပါတယ်။ အဆင့်(၃)
နေရာရတဲ့ ချယ်လ်ဆီးဟာ ရုပ်သံဝင်ငွေ နည်းသွားပြီး ရပ်တည်မှုမှာ အဆင့် (၅)မှာ ရပ်တည်သွား
ခဲ့ပါတယ်။

တန်းဆင်းသွားတဲ့ ၀ီဂန်၊ ရက်ဒင်း၊ ကျူပီအာရ်တို့ဟာ ရုပ်သံကြေးပေါင်သန်း ၄၀ ကျော် ရရှိသွားခဲ့
ကြပါတယ်။ အသင်း ငယ်တွေဟာ ဒီနှစ်မှာ ရုပ်သံကြေး မြင့်မားလာလို့ တန်းမဆင်းရဖို့အတွက်
ကြိုးစားကြမယ့်ရာသီလည်း ဖြစ်လာ နေပြီဖြစ်ပါတယ်။ ဒီရာသီကစတင်ပြီး ပရီမီယာလိဂ် ဘော
လုံးယန္တရားက ပြိုင်ဆိုင်မှုပိုပြီး အားကောင်းလာဖွယ်ရှိနေပြီ ဖြစ်ပါတယ်။

ပရီမီယာလိဂ်မှာအရင်ကထိပ်သီးလေးသင်း၊ ထိပ်သီးငါးသင်း၊ ထိပ်သီးခြောက်သင်းဆိုပြီး အရင်က
အမျိုးမျိုး သတ်မှတ်ထားရာက မနှစ်က စတင်ပြီး ပရီမီယာလိဂ်ဟာ ထိပ်သီးခုနစ်သင်းဆိုပြီး ဖြစ်
လာခဲ့ပြီဖြစ်ပါတယ်။မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးဆိုပြီး အရင်က ရှိနေတာကနေ
နောက်ပိုင်းမှာ မန်စီးတီးတိုးလာသလို စပါးအသင်း လည်း တိုးတက်လာလို့ ထိပ်သီးခြောက်သင်း
ဖြစ်လာခဲ့ပါတယ်။

မနှစ်က အဲဗာတန်အသင်းဟာ လီဗာပူးရဲ့ အထက်ကနေ ရပ်တည်သွားလို့ အခုလို ထိပ်သီးခုနစ်
သင်းဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီထိပ်သီးခုနစ်သင်းထဲမှာ ဒီနှစ်ဗိုလ်စွဲနိုင်တဲ့အသင်းတွေအဖြစ်
ရေပန်းစားနေတဲ့ အသင်းတွေက ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လက်ရှိချန်ပီယံ မန်ယူတို့ဟာ ထိပ်ဆုံး
ကနေ ရေပန်းစား နေခဲ့ကြပါတယ်။ အာဆင်နယ်၊ စပါး၊ လီဗာပူးနဲ့ အဲဗာတန်တို့က ချန်ပီယံ လိဂ်
၀င်ခွင့်ရဖို့ တစ်ပြေးနေကြတဲ့ အသင်းတွေဖြစ်နေကြပါတယ်။ လက်ရှိ ချန်ပီယံမန်ယူဟာ ဇွန်လထဲ
အထိ ဗိုလ်စွဲဖို့အတွက် ထိပ်ဆုံးကနေတစ်ပြေး နေပေမယ့် ဇူလိုင်ထဲအရောက်မှာတော့ တတိယနေ
ရာကို ကျသွားကာချယ်လ်ဆီးက ထိပ်ဆုံးတက်လာကာမန်စီးတီးက ဒုတိယနေရာကို တက်လာ
ခဲ့ကြပါတယ်။

ပရီမီယာလိဂ် ပထမ ခြောက်ပွဲမှာ မန်ယူဟာ ပွဲကျပ်တွေဆက်တိုက်ကြံုတွေ့ရမှာဖြစ်တာကြောင့်
ရယ်၊ ပြင်ဆင်ဖြည့်တင်းမှုအပိုင်းမှာအားနည်းနေတာရယ်၊ ရာသီကြိုပွဲတွေ မှာ ရလဒ်တွေမတည်ငြိမ်
ခဲ့တာရယ်တို့ ကြောင့် အခုလိုရေပန်းစားမှုမှာတတိယ နေရာကို ရောက်သွားရတာပဲဖြစ်ပါ တယ်။

ကွန်မြူနတီဒိုင်းပွဲမှာ မန်ယူဟာ ရလဒ်ကောင်း အဖွင့်လှသွားခြင်းက တော့ သူတို့အတွက် ယုံကြည်
မှုရသွား စေခဲ့ပါတယ်။ မန်ယူဟာ ဒီနှစ်ကစပြီး ခေတ်သစ် မန်ယူပုံစံမျိုးဖြစ်သွားတာကြောင့်ဘယ်
လိုခရီးဆက်ပြီး ဘယ်လိုပန်းဝင် မလဲဆိုတာက စိတ်ဝင်စားစရာဖြစ်နေ ပါတယ်။ အပြောင်းအရွှေ့
ရာသီမှာကစားသမားဖြည့်တင်းမှုအပိုင်းမှာမန်ယူဟာ အားနည်းနေပါတယ်။ ရွန်နေ အပြောင်း
အရွှေ့ကလည်း မတည်ငြိမ်တဲ့အတွက် မန်ယူရဲ့ရာသီအစပွဲတွေဟာ တည်ငြိမ် မှုရှိနိုင်ပါ့မလား
ဆိုတာက မေးခွန်းထုတ်စရာဖြစ် နေပါတယ်။

ပထမ ဆုံး ကစားရမယ့် ဆွမ်ဆီးနဲ့ပွဲမှာ ရလဒ်ကောင်း ထွက်နိုင်အောင် ကစားနိုင်ဖို့ အ လွန်အရေး
ပါနေခဲ့ပါတယ်။ ဒုတိယပွဲမှာ ချယ်လ်ဆီးနဲ့ ကစား ရမယ့် ပွဲကလည်း မန်ယူ ရှေ့ဆက်မယ့်ပွဲအတွက်
အရေးနေခဲ့ပါတယ်။

မန်နေဂျာ အသစ်နဲ့ ချယ်လ်ဆီးက တော့ မော်ရင်ညိုရဲ့ စိတ်ဓာတ်စစ်ဆင်ရေး၊ ကစားသမားဖြည့်
တင်းမှုအားကောင်း ခြင်း၊ တိုက်စစ်အတွက် လုံလောက်မှု ရှိနေခြင်းတို့က ချယ်လ်ဆီးဟာ ချန်ပီ
ယံ ဖြစ်ဖို့ တစ်ပေးခံရခြင်းပဲဖြစ်ပါတယ်။ တိုက်စစ်မှာ မနှစ်က တောရက်စ်၊ ဒမ်ဘာဘတို့သာရှိနေ
ပေမယ့် အခုနှစ် မှာ လူကာကူကို ပြန်ခေါ်ထားသလို၊ ဂျာမန်တိုက်စစ်မှူးရှော်ရာကိုပါ ဖြည့် ထားတဲ့
အတွက် မော်ရင်ညိုအနေနဲ့ တိုက်စစ်မှာ လုံလောက်တဲ့ အနေ အထားမျိုးဖြစ်နေပါတယ်။

ကွင်းလယ် နဲ့ နောက်တန်းဟာ ထူးခြားပြောင်းလဲ ခြင်းမရှိပါဘူး။ မနှစ်က ကစားသမား တွေပဲရှိနေ
ခဲ့ကြပါတယ်။ပွဲဦးထွက်မှာ မာတာနဲ့လမ်းပတ်တို့ နာသွားတာကတော့ ကွင်းလယ်ကိုအားနည်းလေ
မလားဆိုတာ သတိပြုစရာပဲဖြစ်ပါ တယ်။ ချယ်လ်ဆီးဟာ တိုက်စစ် ပြောင်းလဲခြင်းကလွဲပြီး တခြားနေရာ တွေ ပြောင်းလဲခြင်းမရှိခြင်းဟာမမြင်သာမှုပဲဖြစ်ပါတယ်။

တယ်ရီ ထက် ကာဟေးလ်-ဒေးဗစ်လူးဝစ္စ၊ကာဟေးလ်- အိုင်ဗန် နိုဗစ် အတွဲသာ ဦးစားပေး ကစား
သမားတွေ ဖြစ်လာ ဖွယ် ရှိနေပါ တယ်။ ချယ်လ်ဆီးရဲ့ပထမခြောက်ပွဲမှာ မန်ယူ (အဝေးကွင်း)၊
စပါး(အဝေး ကွင်း)၊ အဲဗာတန်(အဝေးကွင်း)ပွဲတွေ ဟာချန်ပီယံဖြစ်ဖို့အတွက် အဓိကကျ မယ့်ပွဲ
တွေ ဖြစ်လာဖွယ်ရှိနေပါတယ်။ နောက်ထပ် မန်နေဂျာအသစ်နဲ့ မန်စီးတီးကိုလည်း စောင့်ကြည့်
ရမှာ ဖြစ်ပါတယ်။


 

မော်ရင်ညိုက ပရီမီယာ လိဂ်မှာ ကျင်လည်ဖူးသူဖြစ်ပေမယ့် ပယ်လီဂရီနီကတော့ နေရာသစ်ဖြစ်
နေပါတယ်။ စပိန်နဲ့မတူတဲ့ အင်္ဂလန်ရဲ့ ကစားဟန်မှာ အံဝင်နိုင်ပါ့မလား ဆိုတာစောင့်ကြည့်ရမှာ
ဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ တိုက်စစ်ကို အားဖြည့်ထားလို့ အားရစရာဖြစ်ပေ မယ့် နောက်တန်းအတွင်း
နေရာကို မဖြည့်သေးတာက အားနည်းမှုဖြစ်နေ ပါတယ်။ ဒီလိုနောက်တန်းအတွင်း နေရာ အား
နည်းနေခြင်းဟာ အဝေး ကွင်းတွေရောက်ရင် ပယ်လီဂရီနီကို အခက်တွေ့စေနိုင်ဖွယ်ရှိနေပါတယ်။

တိုက်စစ်မှာ နီဂရီဒို၊ အဂွေရို၊ ဒီဇီကိုတို့ ရှိနေလို့ အားကောင်းတာတော့ သေချာ ပါတယ်။ အိမ်ကွင်း
ပွဲတွေဟာ ပြဿနာမရှိနိုင်ပေမယ့် အဝေးကွင်းဆိုရင် ပြဿနာရှိနိုင်ပါတယ်။ မန်စီးတီးရဲ့ ပထ
မခြောက်ပွဲမှာ မန်ယူနဲ့ အိမ်ကွင်းပွဲ သာ ပွဲကျပ်ရှိနေလို့ မန်ယူ၊ ချယ်လ်ဆီးတို့ထက်စာရင် အခြေ
အနေကောင်းနေပါ တယ်။ ဒါပေမဲ့ ဒုတိယ ခြောက်ပွဲရောက်ရင်တော့ ပြဿနာတွေရှိလာဖွယ်ရှိနေ
ပါ တယ်။ အခုအချိန်အထိ အရင်နှစ်တွေကလို အေးစက်စက်ပြင်ဆင် နေတာက အာ ဆင်နယ်
ဖြစ်ပါ တယ်။ အခုထိ ငွေမသုံးသေးပါဘူး။ ၀ယ်ထားတဲ့ ချာတိတ် ဆိုတာ ပြောင်းရွှေ့ ကြေး
အလွတ်နဲ့ ရထား သူဖြစ်ပါတယ်။

ဒီနှစ်မှ ကစားသမားကောင်းတွေ မဝယ်ဘူးဆိုရင် အာဆင်ဝင်းဂါးအတွက် ရုန်းထွက် ဖို့ခက်မယ့် ရာသီလို့မြင်နေမိပါတယ်။ ဘောလုံးနှစ်ရာသီလောက်ကိုရှိတဲ့ကစားသမားတွေရဲ့ စွမ်းရည်ကို ညှစ်
ထုတ်သုံးနိုင်ပေမယ့် ဒီအချိန်မှာတော့ အဲဒီစွမ်းရည်တွေက ကုန်ဆုံးတော့ မယ်လို့ ယူဆနေမိပါ
တယ်။

ဘယ်လောက် ပဲ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကောင်းကောင်း တကယ်ကစားရတဲ့ ကစား
သမားတွေမှာ စွမ်းရည်မရှိရင်တော့ အသုံးဝင်တော့မှာ မဟုတ်ပါဘူး။ တိုက်စစ်ကောင်းတယ်ထင်ရ
ပေမယ့် ခံစစ်ကလည်း ညံ့နေတော့ အိတ် ပေါက်နဲ့ ဖားကောက်သူလိုဖြစ်နေဦးမှာပဲဖြစ်ပါတယ်။

အာဆင်နယ် မနှစ်က နောက်ဆုံးပွဲအထိ တိုက်ပွဲဝင်နိုင်ခဲ့အောင်မြင်ခဲ့ပေမယ့် အခုလက်ရှိပုံစံ
အတိုင်းဆိုရင်တော့ မနှစ်ကလို စပါးနဲ့တိုက်ပွဲဝင်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ အပြောင်းအရွှေ့
ရာသီက လဝက်ကျန် သေးလို့ ကစားသမားဖြည့်ခဲ့ရင်တော့ တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပေမယ့်
လက်ရှိအတိုင်းမှာတော့ ဒီနှစ်ချန်ပီယံ လိဂ်ဝင်ခွင့်ရဖို့ မလွယ်ကူလောက်ဘူး လို့မြင်နေမိပါတယ်။

အာဆင်နယ်ရဲ့ပြိုင်ဘက်တော့တင်ဟမ်ဟော့စပါးကတော့ ဒီနှစ်မှာ ပြင်ဆင်အားကောင်း ထားပါ
တယ်။ ဂါရတ်ဘေးလ်ကို ရောင်းထုတ်လိုက်ရင်တောင် အသင်းက အားနည်းသွားမယ် မထင်ပါဘူး။
ဆိုလ်ဒါဒို၊ ချက်ဒ်ဒီ၊ ပေါ်လင်ညို၊ ကာပူအီဆိုပြီး နောက်တန်း၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံကိုဝယ်
ထားခဲ့တာ တွေ့ရပါတယ်။ မနှစ်ကရာသီမှာ ကစား သမားဖြည့်တင်းမှုအားနည်းတဲ့ စပါးဟာ ဒီနှစ်
မှာ ဖြည့်တင်းမှုအားကောင်း နေပါတယ်။ တိုက်စစ်ဟာ မနှစ်က ထက်ပိုကောင်းလာမယ့်လို့ မျှော်
လင့်ထားပါတယ်။

မနှစ်က ကျူပီအာရ်မှာ အငှားနဲ့ကစားတဲ့ အင်ဒီတောင်ဆင်၊ ဆန်းဒါးလန်းမှာ အငှားနဲ့ကစားတဲ့ ဒန်
နီရို့စ်တို့ဟာ စပါးမှာ တောက်ပ လာနိုင်သူတွေဖြစ်သလို ဆိုလ်ဒါဒို၊ ပေါ်လင်ညို၊ ကာပူအီတို့ဟာ
နေရာရ လာနိုင်သူတွေဖြစ်လာနိုင်ပါတယ်။ မာဆေးဆိုက်ဒါဘီတွေဖြစ်တဲ့အဲဗာတန်နဲ့ လီဗာပူးကို
ကြည့်ရင် လီဗာပူဟာ အသင်းအနေအထားနဲ့ ကြည့်လိုက်ရင် ဖြည့်တင်းထားတဲ့ ကစားသမားတွေ
က ထိပ်တန်းအဆင့် ကစားသမားတွေ ဖြစ်မနေပါဘူး။ အလယ်အလတ်အဆင့်သာရှိတဲ့ကစား
သမားတွေဖြစ်လို့ ခြေစွမ်းဟာ အတက် အကျတွေရှိလာနိုင်ဖွယ်ရှိနေပါတယ်။ ဂျရတ်ဟာလည်း
အသက်ရလာနေပြီ ဖြစ်တာကြောင့် စွမ်းရည်တွေက အရင် လို ဖြစ်လာမယ်လို့ မထင်မိပါဘူး။

ကော်တင်ညို၊ စတားရစ်တို့ရဲ့ စွမ်းဆောင်ရည်ကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မန်နေဂျာကလည်း
အာဆင်ဝင်းဂါးလောက်တော့ ကြံရည်ဖန်ရည်ရှိသူမဟုတ်ပါဘူး။ မနှစ်က အဲဗာတန် အောက်မှာပဲ
ရပ်တည်သွားသလို ဒီနှစ် မှာလည်း လီဗာပူးဟာ အဆင့်(၄)၀င်ခွင့် ရဖို့ဆိုတာ မလွယ်သေးလို့မြင်
နေမိပါ တယ်။ အဲဗာတန်က နည်းပြပြောင်းထားပေမယ့် ဒီနည်းပြဟာ စွမ်းဆောင် ရည်ကောင်းသူ
တစ်ယောက်ဖြစ်နေပါ တယ်။ ၀ီဂန်လို ကစားသမားကောင်း တွေကို တစ်ရာသီကုန်တိုင်းရောင်းစား
နေတဲ့အသင်းကို ထိန်းနိုင်စွမ်းရှိတာရှေ့ပိုင်းမှာ ဘောလုံးနှစ်ရာသီလောက် ရှိခဲ့ပါတယ်။

မနှစ်ကတော့ သူဟာ ဘယ်လိုမှ မတတ်နိုင်တော့ပေမယ့်အဓိကအချက်က သူ့စွမ်းဆောင်ရည်
မဟုတ်ပါဘူး။ ၀ီဂန်အသင်းပိုင်ရှင် ဒေ့ဗ်ဝီလန်ရဲ့ မှားယွင်းမှုကြောင့်သာပဲ ဖြစ်ပါတယ်။ အခုအဲဗာ
တန်မှာ မန်နေဂျာ သစ် မာတီနက်ဇ်ဟာ စွမ်းဆောင်ရည် အားကောင်းနိုင်မယ်လို့ မျှော်လင့်ထား
ပါတယ်။

မနှစ်က အဲဗာတန်ဟာ အဆင့် (၆)မှာ ရပ်တည်သလိုပဲ ဒီနှစ်မှာလည်း ရပ်တည်နိုင်လိမ့်မယ်လို့
ယူဆထားပါ တယ်။ တစ်ခုရှိတာက ဖယ်လိုင်နီနဲ့ လေတန်ဘိန်းစ်ကို မန်ယူက ခေါ်ချင် တယ်လို့
သတင်းထွက်ထားတော့ ဒီနှစ်ယောက်မရှိရင် အဆင့်(၆)နေရာရောက်ချင်မှ ရောက်နိုင်ပါလိမ့်မယ်။

အလယ်အလတ်အသင်းတွေထဲမှာ ဆွမ်ဆီးနဲ့ ၀က်စ်ဟမ်းတို့ဟာ ထူးခြားမှု ရှိလာနိုင်ပါတယ်။
ဆွမ်ဆီးဟာ မနှစ်က ထက်ပိုပြီး ပြင်ဆင်ထားသလို ၀က်စ်ဟမ်း လည်း မနှစ်ကထက် ပြင်ဆင်
ထားပါ တယ်။

မနှစ်က ခြေစွမ်းပြတဲ့ ၀က်စ် ဘရွန်းဟာ ဒီနှစ်မှာ မနှစ်ကလောက် ကောင်းလာမယ်မထင်ပါဘူး။
တိုက်စစ် မှာ အပြောင်းအလဲရှိနေပါတယ်။ ဖူလ်ဟမ်လည်း ပိုင်ရှင်သစ်နဲ့ ဖြစ်နေ ပေမယ့် သိပ်ပြီး
ထူးခြားမှုမရှိပါဘူး။နော်ဝစ်ချ်ကတော့ ကစားသမားအများ အပြားဖြည့်ထားတဲ့ အလယ်အလတ်
အသင်းဖြစ်တာကို သတိပြုစေချင်ပါ တယ်။ နော်ဝစ်ချ်ရဲ့အိမ်ကွင်းပွဲတွေဟာ ရလဒ်ကောင်းတွေ
ဖြစ်လာဖွယ်ရှိ နေပါတယ်။

ဆန်းဒါးလန်း၊ ဗီလာတို့ဟာ မနှစ်က ရုန်းကန်ခဲ့ရတဲ့အတွက် ဒီနှစ် မှာတော့ ပြင်ဆင်မှုတွေတော်
တော်လေး ကို လုပ်နေတာ နယူးကာဆယ်ထက်တောင်ကောင်းနေပါတယ်။ နယူးကာဆယ်က
တော့ ပြင်သစ်(ခ)အသင်းလို့ ဆိုရလောက်အောင် ပြင်သစ်ကစားသမား တွေနဲ့ တည်ဆောက်
နေပါတယ်။

နည်းပြ သစ်နဲ့ စတုတ်ဟာ သိပ်ပြီးမလှုပ်ပါဘူး။ ပီတာခရော့ချ်၊ ဝေါ်လ်ကာတို့ကိုပဲ အားကိုးနေတုန်း
ဖြစ်ပါတယ်။ စတုတ် ဟာ တန်းတက်လာတဲ့ ကာဒစ်ဖ်၊ ဟားလ်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ရုန်း
ကန်ရဖို့ရှိနေပါတယ်။



ဖတ်ရှုမှုအများဆုံး