ပရီမီယာလိဂ်တွင် ဂိုးစည်းနည်းပညာ ယခုနှစ် ရာသီတွင် စတင်အသုံးပြုသွားတော့မည်

ပရီမီယာလိဂ်တွင် ဂိုးစည်းနည်းပညာ ယခုနှစ် ရာသီတွင် စတင်အသုံးပြုသွားတော့မည်

လန်ဒန် - ဂိုးစည်းကျော်မကျော် ဟူသော အငြင်းပွားဖွယ်ပြဿနာကို ဖြေရှင်းပေးသွားမည့်
ဂိုးစည်းနည်းပညာကို ၂၀၁၃ဪ၁၄ ဘောလုံးရာသီအတွင်း တစ်ချိန်ချိန်၌ ပထမအကြိမ်အသုံး
ပြုသောအခါ ဘောလုံးသမိုင်းကို ရေးထိုး သွားနိုင်မည်ဟုဆိုသည်။

ဂိုးစည်းနည်းပညာကို လွန်ခဲ့သောနှစ်က ဂျပန်တွင် ကျင်းပသည့် ဖီဖာ၏ ကလပ် အသင်းများ
ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယခုနှစ်တွင် ဘရာဇီးလ်၌ ကျင်းပသော ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲတို့တွင်
စတင်အသုံးပြုခဲ့သော်လည်း သွင်းလိုက်သောဂိုးသည် ဂိုးစည်း ကျော်မကျော်ဟူသော အငြင်းပွား
စရာများ တစ်စုံတစ်ရာမကြံုခဲ့ပေ။

ယခုနှစ်ရာသီ၏ ပရီမီယာလိဂ်ပွဲစဉ်ပေါင်း ၃၈၀ ကို စနေနေ့တွင် စတင်ကစားမည်ဖြစ်သည်။ ၁၉၉၂
ခုနှစ်က ဘောလုံးကို ဂိုးသမားထံ နောက်ပြန်မပေးရဟူသော စည်းမျဉ်းကို ပရီမီယာ လိဂ်တွင်
စတင်အသုံးပြုလာခဲ့ပြီးနောက်ပိုင်း တွင် ဤစနစ် ပရီမီယာလိဂ်သို့ ရောက်လာ ခြင်းသည် အင်္ဂလန်
ဘောလုံးအားကစားတွင် အကြီးအကျယ် ပြောင်းလဲသွားမည်ဖြစ်သည်။

ဂိုးစည်းနည်းပညာကို ဆောင်ရွက်ပေးရန် ဗြိတိန်အခြေစိုက်ဟော့အိုင်းကုမ္ပဏီကို ဧပြီလ တွင် ကျင်း
ပသည့် ပရီမီယာလိဂ်ကလပ်အသင်း ဥက္ကဋ္ဌများအစည်းအဝေးက ရွေးချယ်တာဝန် ပေးလိုက်သည်။
ဟော့အိုင်းသည် ဂျာမနီမှ ဂိုးလ်ကွန်ထရိုးလ်ကုမ္ပဏီကို ကျော်လွှား၍ ထိုလုပ်ပိုင်ခွင့်ကိုရသွားခြင်းဖြစ်
သည်။

ယခုနှစ် ရာသီပိတ်ချိန်ကာလအတွင်း၌ ပရီမီယာလိဂ်အသင်း ၂၀ စလုံး၏ ဘောလုံး ကွင်းများတွင်
ဘောလုံးသွားရာလမ်းကြောင်း ကိုလိုက်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်ပေးမည့် ကင်မရာများ တပ်
ဆင်ပေးထားပြီး ဖြစ်သည်။ ဂိုးတစ်ခုလျှင် ကင်မရာခုနစ်လုံးစီဖြင့် ကင်မရာ ၁၄ လုံးတပ်ဆင်ထားပြီး
ကင်မရာများ တွင် တပ်ဆင်ထားသော ကွန်ပျူတာဆော့ဖ်ဝဲ ဖြင့် စစ်ဆေးပေးသော အချက်အလက်
များမှ ဘောလုံးသည် ဂိုးစည်း ကျော်မကျော်ကို သိရှိနိုင် မည်ဖြစ်သည်။

ဂိုးဝင်သွားသော် ဘောလုံးပွဲကို ကြီးကြပ်သည့် ဒိုင်လူကြီး၏ လက်ပတ်နာရီသို့ တစ်စက္ကန့်အတွင်း
အချက်ပြ ပို့ပေးမည်ဖြစ်သည်။ ဟော့အိုင်းကုမ္ပဏီသည် ခရစ်ကက်နှင့် တင်းနစ်အားကစားတို့တွင်
သုံးလျက်ရှိသော အလားတူနည်းပညာကို ဆောင်ရွက်ပေးနေ သော ကုမ္ပဏီဖြစ်သည်။

ပရီမီယာလိဂ်သည် ၂၀၀၆ ခုနှစ်ကတည်းက ဤနည်းပညာကို အစကနဦး စမ်းသပ်ခဲ့ဖူးပြီး ဤနည်း
ပညာကိုသုံးရန် ပြောလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး