ဗီဒစ်က ရွန်နေအား မန်ယူ၌ပင် ဆက်၍ နေသင့်ကြောင်းပြော

ဗီဒစ်က ရွန်နေအား မန်ယူ၌ပင် ဆက်၍ နေသင့်ကြောင်းပြော

လန်ဒန် - မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်နီမန်ဂျာဗီဒစ်က ၀ိန်ရွန်နေအား
အိုးလ်ထရက်ဖို့ဒ်မှ ထွက် ခွာလိုခြင်းသည် ရူးမိုက်ရာကျမည်ဖြစ် ကြောင်း ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ်၏လက်ထက်တွင် ရွန်နေ၏ အနာဂတ်သည် ၀ီဂန်ကို ၂ဪဝ ဖြင့် တနင်္ဂနွေနေ့
က အနိုင်ယူကာ ကွန်မြူ နတီဖလားကို ရယူလိုက်နိုင်ခြင်းကြောင့် ပို၍မရေရာဖြစ်လာသည်။

လွန်ခဲ့သည့် ရာသီတုန်းကလည်း မန်ယူတွင် ၎င်း၏ အခန်းကဏ္ဍ မှေးမှိန်လာ၍ စိတ်ပျက် ခဲ့ရာ
ယခုနှစ်တွင် ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ညိုကလည်း သူ့ကို ခေါ်ချင်နေသဖြင့် ရွန်နေ
သည် မန်ယူမှ တွက်ချက်နေသည်။ သို့ရာတွင် မိုယက်စ်ကမူ ရွန်နေအား ချယ်လ်ဆီးက ကမ်း
လှမ်းခဲ့သည့် နှစ်ကြိမ်စလုံးကို ပယ်ချခဲ့သည်။ ၎င်းအား ရောင်းမည်မဟုတ်ကြောင်းသာပြောခဲ့
သည်။

ရာသီကြိုပွဲများတွင် သူပါ၀င် မကစားနိုင်ခဲ့သည်မှာ ဒဏ်ရာပြဿနာ ကြောင့်ဟုသာ ပြောခဲ့သည်။
အသင်းခေါင်းဆောင် ဗီဒစ်ကမူ အသင်းမှ ထွက်ချင်နေတာမှန်သော် လည်း သူ့အဖို့ အကောင်းဆုံး
ကတော့ မန်ယူမှာပဲ ဆက်နေခြင်းသာဖြစ်မည်ဟု ပြောသည်။ လွန်ခဲ့သောလေးနှစ်တုန်း ကလည်း
သူ့ကိုလူတွေက အသင်းက ထွက်တော့မည်ဟုပြောခဲ့ကြသော်လည်း မန်ယူမှာပဲ ဆက်ရှိနေခဲ့ပြီး
မန်ယူမှာ ကစားရခြင်းကို ပျော်နေကြောင်း ဗီဒစ်က ပြောသည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး