အိန္ဒိယအားကစားသမားများတွင် တာမြစ်ဆေး သုံးစွဲသူများနေ

အိန္ဒိယအားကစားသမားများတွင် တာမြစ်ဆေး သုံးစွဲသူများနေ

နယူးဒေလီ - အိန္ဒိယ၌ လွန်ခဲ့သော နှစ်နှစ်အတွင်း အိန္ဒိယအားကစားသမား ၂၉၇ ဦးတို့သည်
တားမြစ်ထားသော ဆေးဝါးများ သုံးစွဲခဲ့ကြသည်ကို စစ်ဆေး တွေ့ခဲ့ကြောင်း အားကစားဝန်ကြီးက
တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အလေးမအားကစားသမားများသည် ဆေးဝါးသုံးစွဲမှုတွင်
ထိပ်ဆုံးက ရှိကြ ကြောင်း ပြောကြားသွားသည်။

အမျိုးသား မူးယစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီ(နာဒါ)သည် လွန်ခဲ့သော သုံးနှစ်အတွင်း
စစ်ဆေးမှု ၉၈၉၈ ပြုခဲ့ကြောင်း ၀န်ကြီးဇိတိန္ဒြာဆင်း က ပါလီမန်တွင် ပြောကြားခဲ့သည်။

"အစိုးရနဲ့ နာဒါတို့ ပူးပေါင်းပြီး နိုင်ငံအတွင်းမှာ ဒီမူးယစ်ဆေးသုံးစွဲမှု ပပျောက်အောင်နဲ့ အိန္ဒိယနိုင်ငံ
မှာ သန့်ရှင်းကြံ့ခိုင်သော အားကစားပတ်ဝန်း ကျင်မျိုးဖြစ်လာအောင် ကြိုးပမ်းလျက် ရှိပါတယ်"ဟု
၎င်းကပြောသည်။

အိန္ဒိယအစိုးရသည် အားကစားတွင် မူးယစ်ဆေးသုံးစွဲခြင်းကို အလျဉ်း လက်မခံနိုင်ဟူသော မူဝါဒ
ကို ချမှတ် ထားပြီး အလုပ်ခွင်ဆွေးနွေးပွဲများ၊ ပညာပေးအစီအစဉ်များလည်း ချမှတ် ဆောင်ရွက်နေ
ကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

များမကြာမီက စစ်ဆေးတွေ့ရှိချက် အရ ပြေးခုန်ပစ်အားကစားသမား ခြောက်ဦးတို့တွင် ၂၀၁၀
အာရှအားကစား ပွဲ၌ မီတာ ၄၀၀ တန်းကျော်ပြေးပွဲနှင့် ၄x၄၀၀ လက်ဆင့်ကမ်းပြေးပွဲတို့၌ ရွှေတံ
ဆိပ်များရထားသူ အက်ရှ်ဝီနီ အက်ဂျီးလည်း ပါ၀င်နေသည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး