ဆီဗီလာ - အလက်တီကို ဒီတစ်ပတ်တော့ လာလီဂါရာသီသစ် တစ်ခုဆီ ပြန်ရောက်ပြန်ပါပြီ။
လာလီဂါ အသင်းတွေကြား ခပ်ငြိမ်ငြိမ်အခြေအနေတွေနဲ့ ရာသီသစ်တစ်ခုကို မြင်ရ ပါတော့မယ်။
ရီးယဲလ်က ဘေးလ်ကိုခေါ်ယူရေး အသံတွေ အနည်းငယ်ငြိမ် သွားခဲ့သလို ဘာစီလိုနာကလည်း
နေမာတစ်ယောက်တည်းနဲ့ပဲ ရာသီသစ်ကို ဖြတ်သန်းတော့မလားမသိပါ ဘူး။ ချယ်လ်ဆီးနောက်ခံ
လူ လူးဝစ္စ ကို ခေါ်ယူဖို့ကြိုးစားနေပေမယ့်လည်း အခုချိန်အထိတော့ ဘာစီလိုနာရဲ့ လှုပ်ရှားမှုတွေ
ဟာ ရီးယဲလ်က ဘေးလ် ကို ခေါ်နိုင်ဖို့ကြိုးစားတာလောက် အသံ တွေ သိပ်မထွက်ပါဘူး။
ဒီအသင်းကြီး နှစ်သင်းတောင် ဈေးကွက်ထဲမှာ ခပ်ငြိမ် ငြိမ်ဖြစ်နေတဲ့အချိန်မျိုးမှာ ကျန်တဲ့ အသင်း
တွေအတွက်ကတော့ ပြောစရာ အကြောင်းသိပ်မရှိလှတော့ပါဘူး။ လာလီဂါလို့ဆိုလိုက်ရင် အခု
နောက်ပိုင်းမှာ ဘာစီလိုနာနဲ့ ရီးယဲလ် နှစ်သင်းပဲ ချန်ပီယံဆုအတွက် အပြိုင် လုနေရတဲ့ ပြိုင်ပွဲတစ်
ခုအဖြစ် တွေ့နေ ရတာကလည်း လာလီဂါကို ပိုပြီး အေးစက်သွားစေပါတယ်။
၂၀၀၀ ပြည့်လွန်နှစ်တွေလောက်က ဒီအသင်း ကြီးနှစ်သင်းကြားကို ဒီပို့တီဗီု၊ ဗလင် စီယာလို
အသင်းတွေက ဖောက်ထွက်ပြ နိုင်ခဲ့ပေမယ့် ၂၀၀၃ ခုနှစ် ဗလင် စီယာအသင်း ဗိုလ်စွဲပြီးနောက်ပိုင်း
မှာ တော့ လာလီဂါချန်ပီယံဆုအတွက် ရီးယဲလ်နဲ့ ဘာစီလိုနာကို သိသာစွာ ယှဉ်နိုင်တဲ့အသင်းမျိုး
ပေါ်မလာတော့ ပါဘူး။
ပြီးခဲ့တဲ့ရာသီကတော့ အလက် တီကိုအသင်းကို မျှော်လင့်စရာအသင်း တစ်သင်းအဖြစ် အစပိုင်းမှာ
မြင်ခွင့်ရ ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အလက်တီကိုလည်းပဲ ချန်ပီယံဖြစ်တဲ့ ဘာစီလိုနာနဲ့
သိသာတဲ့ အမှတ်ကွာဟ မှုတွေရှိခဲ့တဲ့အပြင် ရီးယဲလ်ရဲ့အောက် အဆင့်(၃)နေရာမှာပဲ ရပ်နေနိုင်ခဲ့
တာ က ဘာစီလိုနာနဲ့ ရီးယဲလ်ကို လာလီဂါမှာ ယှဉ်နိုင်မယ့်အသင်း ပေါ်ထွက်နိုင် ဖို့ မလွယ်သေး
ဘူးဆိုတာ ပိုပြီးထင်ရှား သွားစေခဲ့တယ်။
အခု လာလီဂါရာသီအစ အဖွင့်ပွဲ တွေကို ကြည့်လိုက်တဲ့အခါမှာတော့ ချန်ပီယံဘာစီလိုနာရော
ရီးယဲလ် မက်ဒရစ်ပါ အိမ်ကွင်းမှာကစားရဖို့ ရှိနေပြီး ပြိုင်ဘက် တွေကလည်း လီဗန် တေး၊ ဘက်
တစ်လိုအသင်းမျိုးတွေ ဖြစ်နေလို့ ဘာစီလိုနာနဲ့ ရီးယဲလ်ရဲ့ လာလီဂါအဖွင့်ပွဲတွေဟာ သိပ်ပြီး စိတ်
လှုပ်ရှားစရာမကောင်းလှပါဘူး။
ဒါ ကြောင့်လည်း လက်ကျန်ပွဲတွေထဲက ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းကြီးတွေ ပြီးရင် အလယ်
အလတ်အသင်းကြီး အချို့လို့သတ်မှတ်လို့ရနေတဲ့ ဆီဗီလာ နဲ့ အလက်တီကိုမက်ဒရစ်ရဲ့ ဆီဗီလာ
အိမ်ကွင်းဆန်ချက် ပစ်ဟွမ်မှပွဲကလည်း စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲ လို ဖြစ်နေခဲ့ပါတယ်။
နှစ်သင်းစလုံးက လည်း ငွေကြေးအကျပ်အတည်းတွေ ကြံုနေရတာခြင်းတူညီနေကြတဲ့အပြင်
ဒါကို ဖြေရှင်းနိုင်ဖို့ အသင်းရဲ့အဓိက ကစားသမားတွေကို ရောင်းချငွေရှာ ထားတဲ့အခြေအနေခြင်း
ကလည်း မကွာ လှပါဘူး။ ကစားသမားသစ်တွေ ပြန် ဖြည့်တဲ့နေရာမှာလည်း နှစ်သင်းစလုံး သာ
မန်လောက်ပဲ ပြုလုပ်ထားကြတဲ့ အနေအထားတွေချင်းကလည်း တူနေ ကြတယ်။
ဒါကြောင့် ဒီနှစ်သင်းရဲ့ စောစောစီးစီးတွေ့ဆုံမှုမှာ ဘယ် အသင်းက အသာရသွားမလဲဆိုတာ မှန်း
ဆရတဲ့နေရာမှာ အနည်းငယ် တော့ ခက်နေပါတယ်။ ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ရာသီ က ခြေ
စွမ်းအတက်အကျမမှန်ဘဲ ရာသီ သိမ်းခါနီးမှာ အိမ်ကွင်းရလဒ်ကောင်း အောင် ကစားနိုင်ခဲ့ပြီး မာ
လာဂါအသင်း ရဲ့ ဥရောပပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရလို့ သာ ယူရိုပါလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲ ကနေ ၀င်ပြိုင်
ခွင့်ရခဲ့တာပါ။
အမှန်အတိုင်းဆိုရင် ပြီးခဲ့တဲ့ရာသီက ဆီဗီလာ အသင်း ရပ်တည်ခဲ့တဲ့အဆင့်ဟာ ယူရိုပါလိဂ်ဝင်ခွင့်
ရဖို့ မဖြစ်နိုင်တဲ့နေရာမျိုး ပါ။ ဒါကိုကြည့်ရင် ဆီဗီလာရဲ့ ပြီးခဲ့တဲ့ ရာသီကရုန်းကန်ရမှုဟာ အခြေအ
နေ ဘယ်လောက်အထိကြံုခဲ့ရသလဲဆိုတာ ကို မြင်သာပါလိမ့်မယ်။ အလက်တီကိုကတော့ ပြီးခဲ့
တဲ့ရာသီ က အဆင့်(၃)နေရာရပ် တည်နိုင်ခဲ့လို့ တိုးတက်မှုရှိခဲ့တယ် ပြောနိုင်တယ်။ ဒါပေမဲ့လည်း
ရာသီမစမီအသင်းရဲ့ ဂိုးသွင်းစက် ဖယ်လ်ကာအိုကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချပြီး ငွေ
ရှာ ထားရတဲ့အပြင် အသင်းရဲ့အဓိက ကစားသမားအချို့ကိုလည်း လက်လွှတ် ထားခဲ့ရတယ်။
ဒါပေမဲ့ ဘာစီလိုနာမှ ဒေးဗစ်ဗီလာလိုတိုက်စစ်မှူးမျိုး၊ မာလာဂါ နောက်တန်းမှ ၀ါရင့်ခံစစ်သမား
တစ်ယောက်ဖြစ်တဲ့ ဒီမစ်ချီလစ်လိုခံစစ်မှူးမျိုးကို ပြန်အားဖြည့်ထားနိုင်ခဲ့ သလို အသင်းမှာလည်း
တီယာဂို၊ ဖိလစ်ပီ၊ ဂိုဒင်၊ ဂါဘီ၊ ကိုကီအက်ဒရီယန်၊ အာဒန် တူရန်၊ ဒီယေဂိုကော်စတာ စတဲ့ကစား
သမားကောင်းတွေ ရှိနေသေးတဲ့အပြင် ရာယိုမှ ဘက်တစ္စတာအိုကိုပါ အားဖြည့် ထားနိုင်ခဲ့လို့
အသင်းရဲ့အားဟာ ထင်သလောက်တော့ ဆိုးရွားသွားမယ့် အနေအထားမျိုး မမြင်မိပါဘူး။ ဆီဗီ
လာကတော့ ဒီရာသီအပြောင်း အရွှေ့ဈေးကွက်ထဲမှာ အဝယ်ထက် အရောင်းကို အတော်လေး
လုပ်ထား တာတွေ့ရတယ်။
အထူးသဖြင့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ပါလော့၊ ကွင်းလယ်လူ နာဗက်ဇ်၊
တိုက်စစ်မှူးနီဂရီဒိုနဲ့ အယ်လ်ဘာတို တို့ကို လက်လွှတ်လိုက်ရတာဟာ အသင်း အတွက် အတော်
လေးကိုအားပျော့ သွားစေခဲ့တယ်။ သူတို့နေရာအားပြန် ဖြည့်ဖို့ခေါ်ယူခဲ့တဲ့ကစားသမားအများစု
ကိုကြည့်ရင်လည်း ပီအက်စ်ဂျီမှ ဂါမဲရိုး၊ ဘရုချ်မှ ကားလို့စ်ဘက်ကာ တို့နှစ်ယောက်လောက်သာ
ခြေစွမ်း အတန်အသင့်ရှိတဲ့ကစားသမားမျိုးတွေ ဖြစ်နေလို့ ဆီဗီလာရဲ့အနေအထားဟာ ပြီးခဲ့တဲ့
ရာသီကလောက်တောင် တောင့်တင်းမှုရှိပါ့မလားဆိုတာ အခုပွဲကနေစပြီး မြင်ရတော့မှာပါ။
ဒါပေမဲ့ ဆီဗီလာနည်းပြ အူနိုင်း အမ်မရီဟာ အတွေ့အကြံုရှိတဲ့ နည်းပြတစ်ဦးဖြစ်တဲ့အပြင် ပြီးခဲ့တဲ့
ရာသီက သူအသင်းကို ကိုင်တွယ်ပြီးနောက်မှာ လည်း အသင်းရဲ့အနေအထားကို ပြန်ဆွဲတင်
ပေးနိုင်ခဲ့တဲ့ အခြေအနေ မျိုးတွေကြောင့် ဆီဗီလာရဲ့ အခုကစား ရမယ့် အိမ်ကွင်းအဖွင့်ပွဲကို သိပ်
လျှော့ တွက်လို့တော့ ရမယ်မထင်ပါဘူး။
အလက်တီကိုကလည်း အသင်း နည်းပြဆင်မြွန်နီလက်အောက်မှာ သိသာတဲ့အပြောင်းအလဲမျိုး
သိပ်မရှိ နိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီကအဝေးကွင်း ပွဲတွေမှာ ရုန်းကန်နေရတတ်တဲ့ အခြေ အနေအရ
ဆိုရင်တော့ အခုပွဲမှာလည်း အိမ်ကွင်းမှာ ခြေစွမ်းပြလေ့ရှိတဲ့ ဆီဗီလာအသင်းကို မနည်းထိန်း
ကစားရဖို့များပါလိမ့်မယ်။ အထူးသဖြင့် ဒီအသင်းနှစ်သင်းစလုံးမှာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစက်
တွေဖြစ်ခဲ့ကြတဲ့ နီဂရီဒိုနဲ့ ဖယ်လ်ကာအိုတို့မရှိကြတော့ တဲ့အချိန်မှာ သူတို့ရဲ့နေရာကို ဘယ် ကစား
သမားတွေက ၀င်ယူသွားနိုင်မလဲ ဆိုတာ အခုပွဲကနေစပြီး မြင်ရပါလိမ့် မယ်။
နှစ်သင်းစလုံး ရာသီအစပွဲဦးထွက် ဖြစ်လို့ ထိန်းကစားရင်း အမှတ်ရှာကြဖို့ ရှိနေချိန်မှာ အဆုံးသတ်
ပိုင်း ပိုကောင်းတဲ့အသင်းက အသာရသွားနိုင်မယ့်ပွဲမျိုးလို့ပဲ ထင်နေမိပါတယ်။ ဆီဗီလာရဲ့အိမ်ကွင်း
မာကျောမှုနဲ့ ခံစစ်ပိုင်းကိုတည်ငြိမ်အောင်ကစားတတ်ပုံဟာ အဝေးကွင်းမှာ တိုက်စစ်ထက် ခံစစ်ကို
ပိုအားပြုတတ်တဲ့ ဆင်မြွန်နီရဲ့ နည်းဗျူဟာနဲ့ဆိုရင် ဆီဗီလာအတွက် အခွင့်အရေး ပိုရှိသွားနိုင်လိမ့်
မယ် ထင်ပါ တယ်။ဒါကြောင့်လည်း ဒီပွဲအတွက် အိမ်ရှင်ဆီဗီလာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားလိုက်
မိပါတယ်။
အခြားပွဲစဉ်များ
* ဆိုစီဒက် - ဂီတာဖေး
ဗလာဒိုးလစ် - ဘီလ်ဘာအို *
* ဗလင်စီယာ - မာလာဂါ
* ဘာစီလိုနာ - လီဗန်းတေး
* အိုဆာဆူနာ - ဂရန်နာဒါ
* ရီးယဲလ် - ဘက်တစ်
ရာယို - အယ်လ်ချီ *
ဆယ်လ်တာဗီဂို - အက်စ်ပန်ညော် *
အယ်လ်မီရီယာ - ဗီလာရီးယဲလ် *















