မွန်ထရီဖလား ရာဖေးနာဒါးလ် ရရှိသွား

မွန်ထရီဖလား ရာဖေးနာဒါးလ် ရရှိသွား

မွန်ထရီယယ် - စပိန်မှ ရာဖေးလ် နာဒါးလ်သည် မွန်ထရီအောလ် မာစတာပြိုင်ပွဲတွင်
မီလိုစ်ရာအိုနစ် အား ၆-၂၊ ၆-၂ ဖြင့် အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။

ကနေဒါနိုင်ငံသား ရာအိုနစ်၏ စပေးဘောများသည် အလွန်ကောင်း သော်လည်း နာဒါးလ်က
တိကျစွာ ပြန်လည် ရိုက်နိုင်ခဲ့ခြင်းကြောင့် အချည်းနှီးဖြစ်သွားကြကာ ယခု ကဲ့သို့ ဗိုလ်စွဲသွား
ခဲ့ခြင်းဖြစ်သည်။

နာဒါးလ်သည် ဂရင်းဆလမ် ချန်ပီယံအဖြစ် ၁၂ ကြိမ်မြောက် ရောက် ရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ရာသီ
တွင် ဖလားရှစ်လုံးရရှိသွားပြီဖြစ်သည်။ ဤပွဲတွင် ဗိုလ်စွဲလိုက်ခြင်းကြောင့် သူ၏တင်းနစ်သမား
ဘဝတစ်လျှောက် လုံးတွင် ဖလား ၅၈ လုံး ရရှိသွားပြီ ဖြစ်သည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ရသည့် ဗိုလ်လုပွဲတွင် နာဒါးလ်သည် အားနည်း ချက်တစ်စုံတစ်ရာဘာမျှ
မရှိဘဲ အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။ ယခုနှစ် တွင် ၎င်းသည် အင်ဒီယန်ဝဲလ်၊ မက်ဒရစ်နှင့် ရောမမာ
စတာဖလား များကို ရရှိထားပြီးဖြစ်၍ ယခုဖလား မှာ စတုတ္ထမြောက် မာစတာဖလား ဖြစ်သည်။

(အေအက်ဖ်ပီ) 



ဖတ်ရှုမှုအများဆုံး