၂၀၁၃-၁၄ ရာသီမှာ စောင့်ကြည့်ရမည့်အသင်းများ

၂၀၁၃-၁၄ ရာသီမှာ စောင့်ကြည့်ရမည့်အသင်းများ

 (ယခင်အပတ်မှ အဆက်)
၂၀၁၃-၁၄ ရာသီအတွက် စီးရီးအေ ပြိုင်ပွဲဝင် အသင်းများ၏ ပြင်ဆင်မှု သည် တဖြည်းဖြည်း
ဇာတ်ရှိန်မြင့်လာ ပြီဖြစ်သည်။ ရာသီကြို ခြေစမ်းပွဲများ တွင် စီးရီးအေ၏ အစဉ်အလာရှိသော
ထိပ်တန်းအသင်းကြီးများဖြစ်ကြသည့် ဂျူဗင်တပ်၊ အေစီမီလန်နှင့် အင်တာမီလန်တို့သည်
ရလဒ်မကောင်းကြ သော်လည်း ဖီအိုရင်တီးနားနှင့် ရိုးမား တို့သည် ရလဒ်ကောင်းများ ထွက်
လာသည်။

တစ်ဖန် နည်းပြသစ်ဘင်နီတက်ဇ် ၏ နာပိုလီသည်လည်း ပေါ်တိုကိုအရေး နိမ့်ခဲ့သည်မှလွဲပြီး
ကျန်ပွဲများတွင် ခြေစွမ်းရော၊ ရလဒ်ပါ တိုးတက်မှုများ ရှိသည်။ နာပိုလီ ရည်မှန်းချက်မြင့်မားသော
နာပိုလီ သည် ယခု နွေအပြောင်းအရွှေ့ဈေးကွက် တွင် ယူရို သန်း ၆၀ သုံးစွဲရန် လျာထား ပြီး
ကာဗာနီရောင်းရငွေကိုပါ ထပ်မံ ဖြည့်သွင်းမည်ဟု ဆိုထားသောကြောင့် လိုအပ်လျှင် ယူရိုသန်း
၁၂၀ သန်းထိ သုံးစွဲနိုင်စွမ်းရှိသည်။

အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်အောင် 'ဆွဲတင်'ပေးခဲ့သည့် နည်းပြမက်ဇာရီ၊
အဓိကတိုက်စစ်မှူး ကာဗာနီတို့ ပြောင်းရွှေ့သွားကြပြီး နောက် နာပိုလီသည် နည်းပြသစ် ဘင်နီ
တက်ဇ်၊ ကာဗာနီနေရာကို အစား ထိုးဝင်ရောက်မည့် ဟီဂူအင်၊ အခြား သော ကစားသမားသစ်
များဖြင့် စာမျက် နှာသစ်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်၊ ရီးယဲလ်မက်ဒရစ်မှ စပိန်ကစားသမားများဖြစ်သော တောင်ပံ
တိုက်စစ်သမား ဟိုဆေးကယ်လီဂျွန် နှင့် နောက်ခံလူ ရာအူးလ်အဲဘီယော၊ လီဗာပူးမှ စပိန်လက်
ရွေးစင်ဂိုးသမား ရေနာ၊ ဆန်းတော့စ်မှ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား ရာဖေးလ်၊ ပီအက်စ်ဗီမှ
ဘယ်ဂျီယံလက်ရွေးစင် တောင်ပံတိုက်စစ်သမား ဒရီစ်မာတင်၊ ယူဒီးနိစ်မှ ပက်ဘလိုအာမီယိုတို့
ကို ခေါ်ယူထားသည်။

နာပိုလီသည် ဟီဂူအင်နှင့် တွဲဖက်ကစားမည့် တိုက်စစ်မှူးတစ်ယောက်ကို ရှာဖွေလျက်ရှိပြီး ၎င်းတို့
၏ ပစ်မှတ် စာရင်းတွင် ဂျူဗင်တပ်တိုက်စစ်မှူး မာထရီနှင့် အင်တာမီလန်တိုက်စစ်မှူး ဟောင်း အီတူး
တို့ပင် ပါ၀င်လာသည်။ တစ်ဖန် နောက်တန်း အင်အား ဖြည့်တင်းရန်အတွက် ရီးယဲလ်မက်ဒရစ်မှ
စပိန်နောက်ခံလူ အာဘီယိုလာ နှင့် လီဗာပူးမှ ဆလိုဗက်ကီးယား နောက်ခံလူ မာတင်စကာတယ်
တို့ကို လည်း ခေါ်ယူနိုင်ရေး ဆွေးနွေးလျက်ရှိသည်။

အလားတူပင် ကက်ဂလီယာရီ ကစားသမားများဖြစ်ကြသော အီတလီ လက်ရွေးစင်နောက်ခံလူ
အက်စတိုရီ၊ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ နီယန်ဂိုလန်နှင့် ကိုလံဘီယာတိုက်စစ် မှူး
ဗစ်တာအီဘာဘိုတို့ကိုလည်း စိတ်ဝင် စားနေကြောင်း သတင်းထွက်ပေါ်လာ သည်။


 

ရာသီကြိုခြေစမ်းပွဲအဖြစ် အမ်းမရိတ်ဖလားပွဲ ၀င်ရောက်ကစား ရာတွင် နာပိုလီသည် အာဆင်နယ်
ကို ၂-၂ သရေကျပြီး ပေါ်တိုကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့သည်။ ယင်းမတိုင်မီ ဂါလာတာစာရေးကို ၃-၁
ဖြင့် နိုင်ခဲ့ သည်။

အမ်းမရိတ်ဖလားတွင် ကာဗာနီနေရာတွင် အစားထိုးရန်ခေါ်ယူထား သော အာဂျင်တီးနားတိုက်စစ်
မှူး ဟီဂူအင် ပါ၀င်ကစားခဲ့သော်လည်း မျှော်မှန်းထားသလောက် ခြေစွမ်းပြနိုင် ခြင်း မရှိသေးတာ
ကို တွေ့ရသည်။

သို့ရာတွင် နောက်ဆုံးကစားခဲ့သည့် ခြေစမ်းပွဲဖြစ်သော ဘင်ဖီကာကို ၂-၁ ဖြင့် နိုင်သည့်ပွဲတွင်
ဟီဂူအင် ဂိုးသွင်း နိုင်ခဲ့ပြီး နည်းပြဘင်နီတက်ဇ်သည် အသင်းအလားအလာကို အကောင်း ဘက်
သို့ များစွာအလေးသာလာပြီ ဖြစ်ကြောင်း ပြောဆိုသွားသည်။

နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ရာသီကြို ခြေစမ်းပွဲများတွင် ထွက်ပေါ်ခဲ့သော နာပိုလီခြေစွမ်းကို
အတိုင်းအတာ တစ်ခုထိ အားရမိကြောင်း ပြောဆို သည်။ စီးရီးအေအသင်းများသည် အခြား
ဥရောပလိဂ် အသင်းများထက် လေ့ကျင့် ပြင်ဆင်ချိန် နောက်ကျသောကြောင့် ကြံ့ခိုင်မှုနှင့်
အသားကျမှုပိုင်းတို့တွင် 'လို' နေသေးသည်။

သို့ရာတွင် နာပိုလီ သည် ပထမပိုင်း ခြေစွမ်း၊ ကစားကွက် ဖော်ဆောင်မှုနှင့် ဘောလုံးပိုင်ဆိုင်မှု များ
ကို အားရမိကြောင်း နည်းပြ ဘင်နီ တက်ဇ်က ပြောဆိုသည်။

ကာဗာနီနှင့် နောက်ခံလူ ဟူဂိုကမ်ပါနာတို့ ပြောင်း သွားသည်မှလွဲပြီး နာပိုလီသည် ပြီးခဲ့ သော
ရာသီက ခြေစွမ်းပြခဲ့သူများကို အသင်းတွင် ဆက်ထိန်းထားပြီး လူသစ် အများအပြားကိုလည်း
ခေါ်ယူ အားဖြည့်ထားသည်။

တစ်ဖန် နည်းပြဘင်နီတက်ဇ် သည်လည်း နာပိုလီတွင် 'ဩဇာတက်'လာပြီး ကစားသမားများ၏
ယုံကြည်ထောက်ခံမှုကို ရရှိပြီဖြစ်သောကြောင့် ရာသီသစ်တွင် အပေါင်းလက္ခဏာများ ဆောင်
ကျဉ်းနေသည်ဟု ယေဘုယျ ကောက်ချက်ဆွဲရမည် ဖြစ်သည်။

ရိုးမား ပြီးခဲ့သော သုံးရာသီဆက်တိုက် နည်းပြမတည်ငြိမ်ဘဲ အပြောင်းအလဲ များဖြစ်ခဲ့သော ရိုးမား
ကို လာမည့် ရာသီတွင် နည်းပြသစ် လူးဝစ်ဂါစီယာ ကိုင်တွယ်မည် ဖြစ်သည်။ ပြင်သစ်လီဂူးတွင်
လိုင်လီအသင်းကို ဗိုလ်စွဲအောင် ဦးဆောင်ပေးခဲ့သည့် ဂါစီယာသည် စီးရီးအေအတွေ့အကြံုမရှိ
သေးသော် လည်း တည်ငြိမ်ပြီး ရည်မှန်းချက်ကို စနစ်တကျ အကောင်အထည်ဖော်နိုင် စွမ်းရှိသူ
အဖြစ် သုံးသပ်ထားကြသည်။

ရိုးမားသည် ဘရာဇီးလ်တောင်ပံ ကစားသမား မာကွင်ဟိုကို ပီအက်စ် ဂျီသို့ ရောင်းချလိုက်ရာမှ
ရရှိလာသော ငွေများ ကို အသင်းပြန်လည် တည်ဆောက်ရာတွင် ပုံအောထား သည်။ မန်စီးတီးမှ
ဘရာဇီးလ်နောက်ခံ လူ မိုင်ကွန်၊ အာဆင်နယ်မှ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်သမား ဂါဗင်ဟို၊
ပီအက်စ်ဗီမှ ဟော်လန်တောင်ပံ တိုက်စစ်မှူး ကီဗင်စထရုမင်း၊ ယူဒီးနိစ်မှ တူနီးရှား နောက်ခံလူ
ဘင်နာတီယာတို့ အပါအဝင် ကစားသမား ၁၃ ယောက် ခေါ်ယူထားသည်။

အသင်းခေါင်းဆောင် တော့တီသည် ယခုရာသီပြီးလျှင် ဘောလုံးကစားခြင်း မှ အနားယူတော့
မည်ဖြစ်သောကြောင့် ၎င်း၏ နောက်ဆုံးနှစ်တွင် အသင်း အတွက် အကောင်း ဆုံး ပေးဆပ် သွား
မည်ဖြစ် ရာ ထိုအချက် သည် ရိုးမား အတွက် 'တွန်းအား' တစ်ခုဖြစ်လာသည်။

ရာသီကြိုခြေစမ်းပွဲများတွင် ထွက်ပေါ်လာသော ခြေစွမ်းနှင့် ရလဒ် များအရ ရိုးမားသည် တည်ငြိမ်
အောင်မြင်သော လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်း တက်ရောက်လာပြီ ဖြစ် သည်။

နည်းပြ လူးဝစ်ဂါစီယာက 'ကွင်းလယ်သည် ဘောလုံးအသင်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်
ပြီး၊ ကွင်းလယ်ပေါ်မူတည်ကာ ချိန်ခွင် လျှာနှင့် အလှည့်အပြောင်းဖြစ်လာ တတ်သောကြောင့်
ယင်းအစိတ်အပိုင်း ကို အုံနှင့်ကျင်းနှင့် အားကောင်းစွာ တည်ဆောက် ထားရန် လိုအပ်သည်'
ဟူသောအယူအဆကို ဆုပ်ကိုင်ထားသည်။

ကစားသမားသစ် ခေါ်ယူအားဖြည့်ရာ တွင်လည်း ရိုးမား သည် ကွင်းလယ် လူများကို အာရုံ စိုက်
ခဲ့ သည်။ လက်ရှိ ရိုးမား ကွင်းလယ်တွင် ခြံပေါက် ၀ါရင့် ဒီရော့စီ (၂၉ နှစ်) နှင့် အမေရိကန်လက်
ရွေးစင် ဘရက် ဒလေ (၂၅ နှစ်)တို့မှလွဲပြီး အမာခံ အများစုမှာ အသက် ၂၃ နှစ်မကျော်သူ များဖြစ်
ကြသည်။

ကျွမ်းကျင်သူများက ရိုးမားကွင်းလယ်သည် စီးရီးအေ ထိပ်သီးများအနက် ပျမ်းမျှအသက် အငယ်
ဆုံး၊ ပြေးအားနှင့် ရွေ့လျားမှု အကောင်းဆုံးအသင်းဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ရိုးမားတိုက်
စစ်သည် ပြီးခဲ့ သောရာသီ ပန်းဝင်ချိန်တွင် ဂိုးသွင်းနှုန်းကျဆင်းသွားသော် လည်း စုစုပေါင်း ရ၁ ဂိုး
သွင်းယူ နိုင်ခြင်းကြောင့် ချန်ပီယံဂျူဗင်တပ်နှင့် ညီမျှသည်။

သို့ရာတွင် စီးရီးအေ၌ ၅၆ ဂိုး သွင်းခံရသော ရိုးမားနောက်တန်း သည် ထိပ်ဆုံးရှစ်သင်းအနက် ပေး
ဂိုး အများဆုံး ဖြစ်သည်။ ချန်ပီယံ ဂျူဗင်တပ် ၏ ပေးဂိုး ၂၄ ဂိုးနှင့် ချိန်ထိုးလျှင် နှစ်ဆကျော် များပြား
နေသောကြောင့် လာမည့်ရာသီတွင် နည်းပြဂါစီယာကို အဓိကစိန်ခေါ်နေသောအချက်မှာ နောက်
တန်းလုံခြံုမှုပြဿနာဖြစ်သည်။ ဖီအိုရင်တီးနား ပြီးခဲ့သော ရာသီပန်းဝင်ချိန်တွင် နာပိုလီနှင့်အပြိုင်
ဂိုးသွင်းနှုန်း ကောင်း မွန်မြင့်မားကာ ခြေစွမ်း တစ်ဟုန်ထိုး တက်လာသော ဖီအိုရင်တီးနားသည်
လာမည့်ရာသီတွင် ထိပ်ဆုံးသုံးနေရာ ကို ခြိမ်းခြောက်လာနိုင်သည့်အသင်း အဖြစ် ပြိုင်ဘက်
အများစုက သတ်မှတ် လာကြသည်။

ယမန်နှစ် စီးရီးအေတွင် ရာသီဝက်ကျိုးချိန်မှ 'ခြေစွာ'လာခဲ့သော ဖီအိုရင် တီးနားသည် ရ၂ ဂိုးသွင်း
ယူနိုင်သောကြောင့် နာပိုလီပြီးလျှင် စီးရီးအေတွင် ဂိုးသွင်းအားအကောင်းဆုံးအသင်းဖြစ် သည်။

ဖီအိုရင်တီးနားသည် အဓိက တိုက်စစ်မှူးဂျိုဗီတစ်ကို မန်စီးတီးသို့ ယူရို ၂၆ သန်းဖြင့် ရောင်းချခဲ့
သော် လည်း ဖြစ်ပေါ်လာမည့် ပြဿနာနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားပြီ
ဖြစ်သည်။

ဘိုင်ယန်မြူးနစ်မှ ဂျာမန်လက်ရွေးစင် တိုက်စစ်မှူးမာရီယိုဂိုမက်ဇ်(၂၈ နှစ်)နှင့် မာလာဂါမှ စပိန်
တောင်ပံကစားသမား ဂျို့အာကွင်း(၃၁ နှစ်)တို့ကို ပြန်လည် ခေါ်ယူအားဖြည့်ထားသည်။

ပြီးခဲ့သော ဇန်နဝါရီက ရောက်လာပြီးနောက် ဒဏ်ရာကြောင့် နှစ်ပွဲသာကစားနိုင်ခဲ့ သော အီတလီ
လက်ရွေးစင်တိုက်စစ်မှူး ဂူဆစ်ပီရော့စီ (၂၆ နှစ်)သည် ရာသီကြို ခြေစမ်းပွဲများတွင် ပါ၀င်ကစား
ရင်း ဂိုးသွင်းယူနိုင်ကာ ရာသီသစ်အတွက် အသင့်ဖြစ်နေသည်။ တစ်ဖန် နည်းပြမွန်တဲလားသည်
ပြီးခဲ့သောရာသီကတည်းက တိုက်စစ် မှူး အဒမ်လာဂျစ် (၂၁ နှစ်)၊ ကိုလံဘီယာ ကွင်းလယ်တိုက်
စစ် သမား ကူအာဒါဒိုတို့ကို 'မွေး' ခဲ့ရာတွင် အောင်မြင်ခဲ့သည်။

သို့ကလိုကြောင့် 'ဂျိုဗီတစ်အလွန်' ဖီအိုရင်တီးနားတိုက်စစ်သည် ခြေစွမ်းထက်မြက်နေဦးမည် ဟု
သုံးသပ်မိသည်။ တစ်ဖန် ဖီအိုရင်တီးနားသည် ဥရောပ ပြိုင်ပွဲ အတွေ့အကြံု၊ သမ္ဘာနှင့် ကွင်းလယ်
တည်ငြိမ်မှုတို့ အတွက် အေစီမီလန်အသင်း ခေါင်းဆောင် အမ်ဘရိုစီနီ (၃၅ နှစ်)ကို ခေါ်ယူထား
သည်။

ဖီအိုရင်တီးနားကွင်းလယ်တွင် ယမန်နှစ်က ခြေစွမ်းပြနိုင်ခြင်းကြောင့် ဘာစီလိုနာ ပင် မျက်စိကျလာ
သော စပိန် ကစား သမား ဘော်ဂျာဗာလီယို (၂၈နှစ်)၊ ပြင်သစ်ကွင်းလယ်ဖန်တီးရှင် ဒေးဗစ် ပီဇာရို
(၃၃ နှစ်)၊ အီတလီ လက်ရွေးစင် အကွီလာနီ (၂၉ နှစ်)၊ မာသီးရပ်စ် ဖာနန်ဒက်ဇ် (၂၇ နှစ်)၊ ကူအာ
ဒါဒို (၂၅ နှစ်) တို့ကို အားပြုထား သောကြောင့် အရွယ် ကောင်းသူ အများ အပြား ပါ၀င်နေ သည်။



ဖတ်ရှုမှုအများဆုံး