နုုရင်ဘတ်ကွင်းမှာ ဟာသာဘာလင် ခြေချော်နိုင်သလို ဘရောက်ချ်ကို သင်ခန်းစာပေးမယ့် ဒေါ့မွန်

နုုရင်ဘတ်ကွင်းမှာ ဟာသာဘာလင် ခြေချော်နိုင်သလို ဘရောက်ချ်ကို သင်ခန်းစာပေးမယ့် ဒေါ့မွန်

စတုဂတ် - လေဗာကူဆင် နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၃-၃-၁၃ လေဗာကူဆင် ၂-၁ စတုဂတ်

အိမ်ရှင်စတုဂတ်ဟာ အဖွင့်ပွဲမှာ မိန့်ဇ်ကို ရှုံးထားတဲ့အတွက် ဒီပွဲကိုနိုင်ပွဲ ရဖို့ တင်ကစားလာနိုင်ပါ
တယ်။ လေဗာကူဆင်ကလည်း ဖရိုင်းဘတ်ကို နိုင်ထား တာမို့ ဒီနိုင်ပွဲကို ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်
လာနိုင်ပါတယ်။ အစဉ်အလာပိုင်းကို တွက်ချက်ကြည့်ရရင် စတုဂတ်အိမ်ကွင်းနောက်ဆုံး သုံးကြိမ်
တွေ့ဆုံရာမှာ အသာစီးမရခဲ့ပါဘူး။ဒီအခြေအနေတွေကို တွက်ဆကြည့်ရင် စတုဂတ်ဟာ အိမ်ကွင်း
ဖြစ်ပေမယ့် လေဗာကူဆင်ကို ခက်ခက်ခဲခဲကစားရဖွယ်ရှိနေပါတယ်။လေဗာကူဆင်နဲ့ နှစ်သင်းပေါင်း
သွင်းဂိုးအများကို သဘောကျပါတယ်။

၀ုဖ်ဘတ် - ရှော်လ်ကေး နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂-၃-၁၃ ၀ုဖ်ဘတ် ၁-၄ ရှော်လ်ကေး

၀ုဖ်ဘတ်ဘက်မှာ တီ-ကလိုဆေးပွဲပယ်ပြစ်ဒဏ်ကြောင့် ပါ၀င်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ပြင် ၀ုဖ်ဘတ်ဟာ ပြီးခဲ့
တဲ့ရာသီက ဇယားအလယ်မှာရပ်တည်ခဲ့တဲ့ ခြေစွမ်းမျိုးလောက်ကိုသာ ပြသနိုင်ပါသေးတယ်။
ရှော်လ်ကေးကလည်း ဟန်တယ်လာခြေစွမ်းပြဂိုးသွင်းနေပေမယ့် ဗန်ဒါဗတ်လို ၀ါရင့်တိုက်စစ်မှူးတွေ
နဲ့ တွေ့ရင် သူတို့ရဲ့ခံစစ်ကြောင်းက စိတ်ချရတဲ့အနေအထားမှာ ရှိမနေပါဘူး။ ဒီပွဲဟာ သရေပွဲဖြစ်
သွားနိုင်ပါတယ်။ ရှော်လ်ကေးနဲ့ သွင်းဂိုးတွေများကြပါလိမ့်မယ်လို့ ထင်ပါတယ်။

၀ါဒါဘရီမင် - အော့စ်ဘတ် နောက်ဆုံးတွေ့ဆုံမှု
၂-၃-၁၃ ၀ါဒါဘရီမင် ၀-၁ အော့စ်ဘတ်

၀ါဒါဘရီမင်ဟာ တန်းတက် ဘရောက်ချ်ကို အဝေးကွင်းမှာ ဂျူနူဇိုဗစ်ရဲ့သွင်းဂိုးတစ်လုံးတည်းနဲ့
အနိုင်ရ ခဲ့ပါတယ်။ အော့စ်ဘတ်အတွက်က တော့ ဒေါ့မွန်ကို ဂိုးပြတ်ရှုံးပြီး နောက်ထပ်ပွဲကျပ်တစ်
ခုနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုရပါလိမ့်မယ်။ မိနစ် ၂၀ အတွင်း သုံးဂိုးဆက်တိုက်ပေးခဲ့ရတဲ့ အော့စ်ဘတ်
ခံစစ်ကြောင်းကို သံသယရှိပါ တယ်။ ၀ါဒါဘရီမင်နဲ့အတူ ရပ်တည်တာက ပိုကောင်းပါလိမ့်မယ်။

ဟမ်းဘတ် - ဟော့ဖန်ဟိမ်း
နောက်ဆုံးတွေ့ဆုံမှု ၁၁-၅-၁၃ ဟော့ဖန်ဟိမ်း ၁-၄ ဟမ်းဘတ်
ဟမ်းဘတ်ကွင်း နောက်ဆုံးသုံးကြိမ် တွေ့ဆုံရာမှာ ၂-၀ နှစ်ကြိမ်၊ ၂-၁ တစ်ကြိမ်ဖြစ်ခဲ့ခြင်းက
ဟော့ဖန်ဟိမ်း အနေနဲ့ ဘယ်လိုမှအသာစီးမရဘူးဆိုတာ ထင်ရှားနေပါတယ်။ နှစ်သင်း စလုံးဟာ
အဖွင့်ပွဲစဉ်တွေကို သရေပွဲတွေနဲ့ချည်း ကျေနပ်ခဲ့ရတာမို့ နိုင်ပွဲရ အောင် ပြင်ဆင်လာကြတော့မှာ
သေချာပါတယ်။ ဟမ်းဘတ်ဟာ အိမ်ရှင် အသင်းပီပီ တိုက်စစ်ဖွင့်ကစားလာနိုင် ပါတယ်။ အိမ်ရှင်နဲ့
နှစ်သင်းပေါင်း သွင်းဂိုးအများဖြစ်သွားနိုင်ပါတယ်။

ဖရိုင်းဘတ် - မိန့်ဇ် နောက်ဆုံးတွေ့ဆုံမှု
၂၇-၂-၁၃ မိန့်ဇ် ၂-၃ ဖရိုင်းဘတ်
ဖရိုင်းဘတ်ဟာ ဒုတိယပိုင်းကျရင် ကစားအားကျသွားတတ်တဲ့သဘောရှိတာကိုတွေ့ရပါတယ်။
မိန့်ဇ်မှာ မူလာနဲ့ အိုကာဇာကီတို့ ခြေစွမ်းပြ ဂိုးသွင်းနေပါတယ်။ ဖရိုင်းဘတ်အနေနဲ့ အမြင့်ဆုံး
သရေလောက်သာ မျှော်လင့်လို့ရနိုင်မယ့်ပွဲဖြစ်ပါတယ်။

ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ် နောက်ဆုံးတွေ့ဆုံမှု
၆-၄-၁၃ ဖရန့်ဖတ် ၀-၁ ဘိုင်ယန်

ဟာသာဘာလင်လိုအသင်းမျိုးကို တောင် ခြောက်ဂိုးပေးလိုက်ရတဲ့ ဖရန့်ဖတ်အနေနဲ့ ခံစစ်ကိုသာ
ဦးစားပေး ပြီး ဘိုင်ယန်ကို တန်ပြန်တိုက်စစ်နဲ့သာ ကစားဖို့ကြိုးစားပါလိမ့်မယ်။ ဂွာဒီယိုလာ ပဲ့ကိုင်
နေတဲ့ ဘိုင်ယန်ဟာ အဖွင့်ပွဲမှာ တာထွက်လှခဲ့လို့ ဒီပွဲအတွက်လည်း နိုင်ပွဲဆက်ဖို့ ပြင်ဆင်လာနိုင်
ပါတယ်။ ဘိုင်ယန် ၀-၂ လောက်နဲ့ နိုင်မယ်လို့ ထင်ပါတယ်။

မိုချင်ဂလက်ဘတ် - ဟန်နိုဗာ နောက်ဆုံးတွေ့ဆုံမှု
၁၇-၃-၁၃ ဂလက်ဘတ် ၁-၀ ဟန်နိုဗာ

အိမ်ရှင်ဖြစ်တဲ့ မိုချင်ဂလက်ဘတ် ဟာ အဖွင့်ပွဲမှာ ဘိုင်ယန်ကို ရှုံးနိမ့်ခဲ့လို့ ဒီပွဲကို မဖြစ်မနေအနိုင်
ရဖို့အားထုတ်ကစားမယ်လို့ ထင်ပါတယ်။ ရာသီကြို မှာ ကစားထားတဲ့ ဟန်နိုဗာရဲ့အဝေး ကွင်း
ခြေစွမ်းက သိပ်ပြီးအားရစရာမကောင်းပါဘူး။ ီင်္ဏ ပိုကယ်ဖလား မှာတောင် ဗစ်တိုးရီးယားဟမ်း
ဘတ်ကို ၀-၂ နဲ့ ရှုံးခဲ့ပါတယ်။ မိုချင်ဂိုးမပြတ်ဘဲ နိုင်ပါလိမ့်မယ်။

နုရင်ဘတ် - ဟာသာဘာလင် နောက်ဆုံးတွေ့ဆုံမှု
၂၁-၁-၁၂ နုရင်ဘတ် ၂-၀ ဟာသာဘာလင်

ဟာသာဘာလင်က လောလောဆယ် ဆရာကြီးဖြစ်နေပါတယ်။ ဖရန့်ဖတ်ကို ၆-၁ နဲ့နိုင်ပြီး တန်းစီ
ဇယားကိုတောင် ဦးဆောင်နေတာပါ။ ဒါပေမဲ့ နုရင်ဘတ် အိမ်ကွင်း နောက်ဆုံးသုံးကြိမ်တွေ့ဆုံ ရာ
မှာ ၂-၀၊ ၃-၀၊ ၂-၁ ရလဒ်တွေနဲ့ အသီးသီးအရှုံးပေးခဲ့ရပါတယ်။ အဝေး ကွင်းမှာ ဟာသာဘာလင်
ခြေချော် သွားနိုင်တယ်လို့ တွက်ဆမိပါတယ်။

ဒေါ့မွန် - ဘရောက်ချ် နောက်ဆုံးတွေ့ဆုံမှု
၂၂-၈-၀၅ ဘရောက်ချ် ၂-၁ ဒေါ့မွန်

ဒေါ့မွန်အနေနဲ့ ဒီပွဲကို အမှားခံမှာမဟုတ်ပါဘူး။ လောလောဆယ် ဂိုးကွာခြားချက်အသာနဲ့
ဘိုင်ယန်ကို အသာစီးရထားတာကိုလည်း အပျက်ခံမယ်လို့ မထင်မိပါဘူး။ တန်းတက်ဘရောက်ချ်
အနေနဲ့ ၀ါဒါဘရီမင်ကို အိမ်ကွင်းမှာ ရှုံးခဲ့သလို အခုဒီပွဲစဉ်ကိုလည်း ဒေါ့မွန်ရဲ့သင်ခန်းစာပေးမှုကို
ခံရလိမ့်ဦးမယ် ထင်ပါတယ်။ ဒေါ့မွန်နဲ့ နှစ်သင်းပေါင်းသွင်းဂိုး အများကို သဘောကျပါတယ်။



ဖတ်ရှုမှုအများဆုံး