မြန်မာနှင့် ထိုင်း လက်ရွေးစင် ဟောင်းများ ခြေစမ်းမည်

မြန်မာနှင့် ထိုင်း လက်ရွေးစင် ဟောင်းများ ခြေစမ်းမည်

၁၉၉၃ ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ဖိုင်နယ် ပွဲစဉ်တွင် တွေ့ဆုံခဲ့ကြသော မြန်မာလက်ရွေးစင်
ဟောင်းအသင်းနှင့် ထိုင်းလက်ရွေးစင်ဟောင်းအသင်းတို့ ၏ ခြေစမ်းပွဲကို လာမည့် ဩဂုတ် ၃၀
ရက်နေ့၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ် သွားမည်ဖြစ်
သည်။

ခြေစမ်းပွဲတွင် ပါ၀င်မည့် နှစ်ဖက် ကစားသမားများအားလုံးသည် အသက် ၄၀ ကျော်ကစား
သမားဖြစ်ပြီး မြန်မာ အသင်းဘက်မှ အောင်ကျော်ကျော်၊ သန်းတိုးအောင်၊ ကြည်လွင်၊ သန်းဝေ၊
တင်မြင့်အောင်၊ ၀င်းအောင်၊ မျိုးလှိုင်ဝင်း အစရှိသော မြန်မာ့ဘောလုံးလောက၏ နာမည်ကျော်
ဘောလုံးသမားဟောင်း များပါ၀င်ယှဉ်ပြိုင်ကစားကြမည်။

အဆိုပါ ဘောလုံးသမားဟောင်းများ၏ ဒုတိယခြေစမ်းပွဲအဖြစ် ထိုင်း နိုင်ငံတွင် ထပ်မံကျင်းပပြု
လုပ်နိုင်ရန် စီစဉ်နေကြောင်းလည်းသိရသည်။



ဖတ်ရှုမှုအများဆုံး