နေပြည်တော်အသင်းနှင့် ရန်ကုန်အသင်းမှ ကစားသမားများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်အသင်းနှင့် ရန်ကုန်အသင်းမှ ကစားသမားများအား ပြစ်ဒဏ်အသီးသီးချမှတ်

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း တွင် ကျင်းပပြုလုပ်ခဲ့
သော မြန်မာ နေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့သော နေပြည်တော်
အသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများ
တွင် ပါ၀င်ခဲ့ကြသည့် နှစ်ဖက်အသင်း များမှ ကစားသမားများနှင့် နည်းပြအဖွဲ့ ၀င်များအား
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဩဂုတ် ၁၃ ရက်နေ့က
ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ပြစ်ဒဏ်များအနေဖြင့် အိမ်ရှင်နေပြည်တော်အသင်းအား ၀ဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအတွင်း ပျက်စီး
ဆုံးရှုံးမှုများကို တစ်ဝက်တိတိပေးလျော်ရန်နှင့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ပထမအကျော့
ပွဲစဉ်များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပ ခွင့်မပြုရန် ချမှတ်ခဲ့သည်။

နေပြည်တော်အသင်း၏ ကျောနံပါတ် ၁၂ ခိုင်ထူးအား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်၄ နှင့် ၁၃
အရ ၂၀၁၄ ခုနှစ် မြန်မာနေရှင်လိဂ်ပြိုင်ပွဲတွင် ၀င်ရောက် ကစားခွင့်မပြုရန် တစ်ရာသီပွဲပယ် ပြစ်
ဒဏ်ကို ချမှတ်ခဲ့သည်။

နေပြည်တော်အသင်း၏ ကျောနံပါတ် ၄ ဇော်လင်းအား စည်းကမ်းထိန်းသိမ်း ရေးမူ အပိုဒ် ၁၃ အရ
၂၀၁၄ ခုနှစ် မြန်မာနေရှင်လိဂ်ပြိုင်ပွဲတွင် ငါးပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ်ငါးသိန်း ပေးဆောင်
ရန် ချမှတ်ခဲ့ပြီး နေပြည်တော်အသင်း၏ ကျောနံပါတ် ၁၆ တင်ဇော်မိုးနှင့် ကျောနံပါတ် ၂၉ အရန်ဂိုး
သမား ဇော်မျိုးဦးတို့နှစ်ဦး အား စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် ၁၃ အရ ၂၀၁၄ ခုနှစ် မြန်မာနေရှင်
လိဂ် ပြိုင်ပွဲတွင် ငါးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းစီပေးဆောင် ရန် ပြစ်ဒဏ်ချမှတ်ခဲ့
သည်။

နေပြည်တော်အသင်း၏ နည်းစနစ်အကြံပေးဦးမျိုးဝင်းနှင့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းတို့ နှစ်ဦးအား
စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် ၁၃ အရ ၂၀၁၄ ခုနှစ် မြန်မာနေရှင်လိဂ်ပြိုင်ပွဲတွင် သုံးပွဲတွင် ၀င်
ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ငါးသိန်းစီ ပေးဆောင်ရန် ချမှတ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ လက်ထောက်နည်းပြဦးတင်မောင်ထွန်း အား စည်းကမ်းထိန်းသိမ်း
ရေးမူ အပိုဒ် ၁၃ အရ ၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲသုံးပွဲတွင် ၀င်ရောက်ကြီးကြပ် ခွင့်မ
ပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ငါးသိန်းပေးဆောင်ရန်နှင့် ရန်ကုန် ယူနိုက်တက်အသင်း၏ ကျောနံပါတ်
၈ တောင်ပံကစားသမား ကြည်လင်း အား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၃ အရ ၂၀၁၄ ခုနှစ်
မြန်မာနေရှင် လိဂ်ပြိုင်ပွဲတွင် သုံးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးငွေကျပ်ငါးသိန်း ပေးဆောင် ရန်စသည့်
ပြစ်ဒဏ်များကို ချမှတ်ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီ အနေဖြင့် တာဝန်ရှိသူများကို
ခေါ်ယူ မေးမြန်းခြင်းနှင့် မှတ်တမ်းဗီဒီယို များနှင့် ဓာတ်ပုံအထောက်အထားများအား ကြည့်ရှုစစ်
ဆေးပြီးမှ ပြစ်ဒဏ် များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၃ ပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြသော နေပြည်
တော်အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်သည် ပွဲကြည့်ပရိသတ်များ၏ ဆူပူသောင်း
ကျန်းမှုများနှင့် နှစ်ဖက်ကစားသမားများ၏ အပြန်အလှန် ထိုးကြိတ်မှုများကြောင့် ပွဲချိန် ၃၇ မိနစ်
တွင် ပွဲကိုရပ်နားခဲ့ရသည်။

အဆိုပါပွဲစဉ်၏ အဓိကရုဏ်းဖြစ်မှုများတွင် ပါ၀င်ခဲ့သော ပရိသတ်များအနက်မှ ၁၂ ဦးကိုလည်း
ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၆(၁) ဖြင့် ၀ဏ္ဏသိဒ္ဓိဘော
လုံးကွင်း၏ တာဝန်ရှိသူတစ်ဦးမှ တရားလိုပြုလုပ် ၍ နေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရီမြို့နယ်
အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါပွဲစဉ်အတွင်း ပရိသတ် များ၏ ဖျက်ဆီးမှုများကြောင့် ထိုင်ခုံ ၁၅၀ ခန့်ပျက်စီးရခဲ့ပြီး လက်
ရန်း တန်းများနှင့် ကြော်ငြာဆိုင်းဘုတ်များ လည်းပျက်စီးခဲ့ရာ စုစုပေါင်းပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်
သိန်း ၃၀၀ ခန့် ရှိကြောင်းသိရသည်။



ဖတ်ရှုမှုအများဆုံး