လာမည့်ဩဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ မြန်မာ နိုင်ငံတွင် အိမ်ရှင်အဖြစ်
လက်ခံကျင်းပ မည့် အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စု (က)
တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်း သည် အုပ်စုအဖွင့်ပွဲစဉ်တွင်
ဗီယက်နမ် ယူ၁၆ အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် Fam Frenz Asean Championship 2013 က ပြိုင်ပွဲတွင်
၀င်ရောက်ယှဉ်ပြိုင်ခဲ့ သော မြန်မာ ယူ၁၅ အသင်းကို အခြေခံ ၍ ဖွဲ့စည်းထားသောအသင်းဖြစ်ပြီး မန္တလေး၊ပုသိမ်၊ နေပြည်တော်ဘောလုံးအကယ်ဒမီအသင်းများမှကစားသမားအများစုပါ၀င်သော
အသင်းတစ်သင်းဖြစ်သည်။ အာဆီယံအသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်
ပြိုင်ပွဲဝင် အသင်း ၁၀ သင်းပါ၀င်ပြီး အုပ်စုနှစ်စု ခွဲ၍ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဘောလုံး ကွင်းကြီး
တွင် တစ်ရက်လျှင်နှစ်ပွဲနှုန်းဖြင့်က ျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု(က)တွင် ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဩစတြေးလျအသင်း
များနှင့် တစ်အုပ်စု တည်းကျရောက်နေပြီး အုပ်စု(ခ)တွင် စင်ကာပူ၊ လာအို၊ အင်ဒိုနီးရှား၊ မလေး
ရှား၊ ဖိလစ်ပိုင်အသင်းများပါ၀င်သည်။
မြန်မာအသင်းသည် ဩဂုတ်လ ၂၀ ရက်နေ့တွင် ဗီယက်နမ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး
ဩဂုတ်လ ၂၂ နေ့တွင် ဩစတြေးလျအသင်းနှင့် လည်းကောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့ တွင်
ဘရူနိုင်းအသင်းနှင့်လည်းကောင်း၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကမ္ဘောဒီး ယားအသင်းနှင့်လည်း
ကောင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။














