MNL cup ၂၀၁၃ ပြိုင်ပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကျင်းပမည်

MNL cup ၂၀၁၃ ပြိုင်ပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမဈးကျင်းပသော MNL cup ၂၀၁၃ ပြိုင်ပွဲကို လာမည့်
စက်တင်ဘာလ ၁၄ ရက်နေ့ မှစတင်၍ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ရန်ကုန်၊ မန္တလေးနှင့်
တောင်ကြီးမြို့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များမှစတင်၍ ဖိုင်နယ်
ပွဲစဉ်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

MNL cup ၂၀၁၃ ပြိုင်ပွဲတွင် MNL ပြိုင်ပွဲမှ အသင်း ၁၂ သင်းနှင့် MNL -2 ပြိုင်ပွဲမှ အမှတ်ပေးဇယား
ထိပ်ဆုံးလေးသင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁၆ သင်းပါ၀င်မည်ဖြစ်ပြီး တစ်အုပ်စုလျှင် အသင်း
လေးသင်းဖြင့် အုပ်စုလေးစုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး