အာရှလူငယ် အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားရှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်မည်
လာမည့် ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ၊ နန်ကျင်းမြို့တွင် ကျင်းပပြုလုပ်
မည့် ဒုတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ်အားကစား
ရှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ လူငယ်အားကစားသမားရှစ်ဦးသည် ပြေးခုန်ပစ်၊ အလေးမ၊ဂျူဒို၊ သေနတ်ပစ်
အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြေးခုန်ပစ်အားကစားတွင် ထိန်လင်း(အမြင့်ခုန်)၊ ကျော်ထက်အောင်(အလျားခုန်)၊ သေနတ်ပစ်
အားကစားတွင် ခန့်မျိုးဇင်(လေရိုင်ဖယ်)၊ ချမ်းကိုကို (လေပစ္စတို)၊ အလေးမ အားကစားတွင်
သူဇာ(၆၃ ကီလိုတန်း)၊သူရဟိန်း(၆၂ ကီလိုတန်း)၊ ဂျူဒိုအားကစားတွင် ထုံလိန်း(၆၆/၈၁ ကီလို
တန်း)၊ အိသဲသိမ့်သိမ့်သူ (၄၄/၅၂ ကီလိုတန်း)တို့တွင် အသီးသီး ၀င်ရောက်ယှဉ်ပြိုင်သွားကြမည်
ဖြစ်သည်။














