မော်ရင်ညို အောင်ပွဲခံလေမလား - ပရီမီယာလိဂ်ပွဲစဉ်(၂)

မော်ရင်ညို အောင်ပွဲခံလေမလား - ပရီမီယာလိဂ်ပွဲစဉ်(၂)

ဗီလာ - လီဗာပူး
အက်စ်တွန်ဗီလာက ပွဲဦးထွက်မှာ အာဆင်နယ်ကို အဝေးကွင်းမှာဂိုးပြတ်နဲ့ နိုင်လိုက်တဲ့အားက
သူတို့ကိုတွန်းအားဖြစ်သွားစေပါတယ်။ လီဗာပူးက ပွဲဦးထွက် မှာ အနိုင်ရခဲ့ပေမယ့် ကံကောင်းလို့
သာ အနိုင်ရခဲ့တာပါ။ ဗီလာပတ်ခ်မှာ ဆိုတော့ လီဗာပူးခက်ခက်ခဲခဲကစားရပါလိမ့်မယ်။ ဗိလာ
အနိုင်ရဦးမှာပါ။

ကာဒစ်ဖ်-မန်စီးတီး
တန်းတက်အသင်းထဲမှာ ကာဒစ်ဖ်ဟာ ကစားပုံမဆိုးတဲ့အသင်းဖြစ်ပါတယ်။ ၀က်စ်ဟမ်းကိုရှုံးခဲ့
တယ်ဆိုပေမယ့် ဘောလုံးထိန်းချုပ်ရာမှာ မဆိုးတဲ့အသင်းဖြစ် ပါတယ်။ မန်စီးတီးအနေနဲ့ ဝေးလ်
ကိုသွားကစားရမှာဖြစ်လို့ အလွယ်တကူ ကစားနိုင်ဖို့မလွယ်ပါဘူး။ မန်စီးတီးနိုင်မယ်ဆိုရင်တောင်
ဂိုးမပြတ်နိုင်ပါဘူး။

အဲဗာတန်-၀က်စ်ဘရွန်း
အဲဗာတန်က ပထမပွဲမှာ နော်ဝစ်ချ်ကို သရေကစားနိုင်ခဲ့ပါတယ်။ နည်းပြသစ်နဲ့ ဆိုပေမယ့် ကစား
ပုံကပြောင်းမသွားပါဘူး။ ၀က်စ်ဘရွန်းက ပထမပွဲမှာ ဆောက် သမ်တန်ကို အိမ်ကွင်းမှာရှုံးထားပါ
တယ်။ မနှစ်ကတည်းက အဝေးကွင်းဆိုရင် ၀က်စ်ဘရွန်းအားနည်းလေ့ရှိတာကြောင့် အဲဗာတန်
အနိုင်ရမယ့်ပွဲဖြစ်ပါတယ်။

ဖူလ်ဟမ်-အာဆင်နယ်
လန်ဒန်ဒါဘီပွဲဖြစ်ပါတယ်။ အာဆင်နယ်ပွဲဦးထွက်မှာ ရှုံးသွားလို့ ပရိသတ်ကို အာဆင်ဝင်းဂါး
တောင်းပန်နေရပြီဖြစ်ပါတယ်။ ဖူလ်ဟမ်က ပထမပွဲမှာ ဆန်းဒါးလန်း ကိုအနိုင်ရလို့ အားတက်
သွားပါတယ်။ အခုအိမ်ကွင်းဖြစ်ပြီး အာဆင်နယ် အားနည်းနေတဲ့အချိန်ဖြစ်လို့ ဂိုးအများနဲ့ ဖူလ်
ဟမ်ကိုရွေးသင့်ပါတယ်။

ဟားလ်စီးတီး-နော်ဝစ်ချ်
ဟားလ်စီးတီးက ချယ်လ်ဆီးကိုရှုံးသွားပေမယ့် ကစားပုံက မဆိုးတာတွေ့ရပါ တယ်။ အခုအိမ်
ကွင်းဖြစ်ပြီး နော်ဝစ်ချ်နဲ့ဖြစ်နေလို့ ဟားလ်စီးတီးကစားအား တင်လာနိုင်ပါတယ်။ နော်ဝစ်ချ်က
ကစားသမားတွေကို အားဖြည့်ထားပေမယ့် ကစားပုံကပြောင်းသွားခြင်းမရှိပါဘူး။ ဒီပွဲမှာ ဟား
လ်စီးတီးအနိုင်ရသွားပါလိမ့်မယ်။

မန်ယူ-ချယ်လ်ဆီး
အခုပွဲမှာ မိုယက်စ်နဲ့ မော်ရင်ညို အားပြိုင်မယ့်ပွဲဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ပထမပွဲမှာ ကစား
အားကို ဒုတိယပိုင်းမှာ လျှော့ပြီးကစားသွားတယ်လို့ ယူဆထား ပါတယ်။ မနှစ်ကလည်း မန်ယူ
ဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကိုအနိုင်မရခဲ့ပါဘူး။ အခုလည်း အနိုင်ရဖို့မလွယ်ပါဘူး။ချယ်လ်ဆီး
အနိုင်ရသွားနိုင်တဲ့ပွဲ ဖြစ်ပါတယ်။

နယူးကာဆယ်-၀က်စ်ဟမ်း
မနှစ်ကအဝေးကွင်းဆိုရင် ၀က်စ်ဟမ်း ရလဒ်မကောင်းတာတွေ့ရပါတယ်။ အခုလည်း နယူးကာ
ဆယ်ကွင်းဆိုတော့ ၀က်စ်ဟမ်း ခက်ခက်ခဲခဲကစားရမှာပါ။ နယူးကာဆယ် မနှစ်ကလို ရုန်းကန်
ရတာမျိုးကလွတ်ဖို့အတွက် အခုကတည်းက ပြင်ဆင်လာပါလိမ့်မယ်။ နယူးကာဆယ်အနိုင်ရသွား
မယ့်ပွဲဖြစ်ပါတယ်။

ဆောက်သမ်တန်-ဆန်းဒါးလန်း
ဆောက်သမ်တန်က ဒီနှစ်မှာ နောက်တန်းပိုပြီး တောင့်တင်းသွားပါတယ်။ ဆန်းဒါးလန်းက ကစား
ဟန် ထူးခြားပြောင်းလဲပေမယ့် တိုက်စစ်က သိပ်ပြီး ထက်မြက် လာခြင်းမရှိပါဘူး။ ဆောက်သမ်
တန်အနိုင်ရသွားနိုင်ပါတယ်။

စတုတ်-ခရစ္စတယ်ပဲလေ့စ်
စတုတ်က လီဗာပူးကိုရှုံးပေမယ့် ကစားပုံမဆိုးပါဘူး။ ခရစ္စတယ်ပဲလေ့စ်ဟာ တိုက်စစ်အားနည်း
လွန်းတဲ့အသင်းဖြစ်နေပါတယ်။ အခုလည်း အဝေးကွင်းဖြစ် နေလို့မလွယ်ပါဘူး။ စတုတ်အနိုင်ရ
ဖို့သေချာတဲ့ပွဲဖြစ်ပါတယ်။

စပါး-ဆွမ်ဆီး
စပါးဟာ ပွဲဦးထွက်မှာ အနိုင်ရတယ်ဆိုပေမယ့် ကစားပုံက သိပ်ပြီးအကောင်း ကြီးမဟုတ်ပါဘူး။
ဆွမ်ဆီးက မန်ယူပွဲမှာ နောက်တန်းတော်တော်လေးမှားယွင်း သွားတာတွေ့ရပါတယ်။ တိုက်စစ်
ကတော်တော်လေးကောင်းလို့ ဆွမ်ဆီး ကောင်းကောင်းကစားနိုင်မယ့်ပွဲဖြစ်ပါတယ်။ ဆွမ်ဆီးကို
ကြိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး