ဘယ်ကိုသွားဖို့ရည်ရွယ်ထားလဲ အာဆင်နယ်

ဘယ်ကိုသွားဖို့ရည်ရွယ်ထားလဲ အာဆင်နယ်

၂၀၁၃-၁၄ ပရီမီယာလိဂ်ဘောလုံး ရာသီစတင်လိုက်တာနဲ့ အာဆင်နယ် တို့ကတော့ စကတည်း
ကယဉ်သကို လို့ဆိုရလောက်အောင်ပဲ အရှုံးနဲ့စတင်လိုက်ရပြီဖြစ်ပါတယ်။ အာဆင်နယ် ကွင်းမှာ
ဗီလာကို ဂိုးပြတ်အနိုင်ရပါ့ မလားပဲစဉ်းစားနေကြချိန်မှာ အာဆင်နယ်က ဗီလာကို ဂိုးပြတ်နဲ့ကိုရှုံး
ပြလိုက် တော့ အာဆင်နယ်ပရိသတ်တွေထအော် ကုန်ကြတာကတော့ မလွန်လွန်းဘူးလို့ပဲမြင်
နေမိပါတယ်။

မနှစ်ကလည်းဖုတ်လိုက်ဖုတ်လိုက်နဲ့ ရုန်းကန်ရင်းချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရသွားတာ အာ
ဆင်နယ်ဘုတ်အဖွဲ့နဲ့ အာဆင်ဝင်ဂါးတို့ရဲ့ မနောအာရုံတွေသွေးနားထင်ရောက်သွားစေခဲ့ကြပါ
တယ်။ မရင်းနှီးမမြှုပ်နှံလည်းဘဲ ကြိုးစား ရင်ဖြစ်တယ်လို့ ယူဆထားလေရော့ သလား ထင်ရ
လောက်အောင်ကို အာဆင်နယ်ဟာ အခုထိ ဘာငွေ တစ်ပြားမှမထုတ်ဘဲ ပရီမီယာလိဂ်ကို
စတင်ဖြတ်သန်းလိုက်တာကတော့ အံ့ဩစရာပဲဖြစ်ပါတယ်။

စီမံခန့်ခွဲမှုစီးပွားရေပညာရပ်တွေ သင်ယူလာခဲ့လက်တွေ့အသုံးချနေခဲ့ကြတဲ့ စီအီးအို ဂါဇီဒစ်၊ မန်
နေဂျာအာဆင်ဝင်ဂါးတို့ ဒီလိုလုပ်ကြလိမ့်မယ်လို့ ထင်မထားမိခဲ့ ပါဘူး။ ဟိုအရင်နှစ်တွေက
အကြွေးတွေ ပေးဆပ်ရန်ရှိလို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ချွေတာရတယ်။

ကစားသမား တွေကို ရောင်းလိုက်ရတယ်ဆိုတာလက်ခံနိုင်စရာဖြစ်ပေမယ့် မနှစ်က ရာသီအကုန်
မှာ ငွေကြေးပိုင်းမှာ ရလဒ်ကောင်းတွေပြန်ထွက်လာလို့ လာမယ့်ရာသီသစ်မှာ ထိပ်တန်းကစား
သမားတွေ ၀ယ်မယ်လို့ ကြေညာခဲ့ ပေမယ့် လေနဲ့ဝယ်နေတဲ့ ဂါဇီဒစ်နဲ့ အာဆင်ဝင်းဂါးတို့အဖြစ်
ကတော့ လက်မခံနိုင်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကို ဘယ်ကိုသွားဖို့ ရည်ရွယ်ထား
ပါသလဲ၊ ပန်းတိုင်ဆိုတာ လုပ်ငန်းတိုင်းမှာ ရှိကြစမြဲဖြစ်ပေမယ့် အာဆင်နယ်ကတော့ လီဗာပူးလို
ဟိုမရောက် ဒီမရောက်ဘဝကိုရည်ရွယ် ထားပြီလားလို့ မေးခွန်းထုတ်ရတော့ မှာပဲဖြစ်ပါတယ်။

လာကို ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ အာဆင်နယ်ရဲ့ ဂုဏ်ထူးဆောင်နာယက ဖြစ်တဲ့ ဘရေ့စ်ဝဲလ်
စမစ်ကတော့ သူ့ရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုခရွန်ကီထံ ရောင်းလိုက်ခြင်းဟာ မှားယွင်းသောလုပ်
ရပ်ဖြစ်တယ်။ နောင်တရနေမိတယ်လို့ သူ့ရဲ့တွစ်တာကနေ ရေးသား ဖော်ထုတ်လိုက်ပါတယ်။

ပြီးတော့ အာဆင်နယ်ကို အင်အားကြီးအသင်းဖြစ်အောင် စီမံနိုင်ခဲ့တဲ့ ဒေးဗစ်ဒိန်း ကိုလည်း ပြန်
ခေါ်ဖို့အချိန်တန်ပြီဖြစ် သလို အာဆင်နယ်ရှယ်ယာ ဒုတိယ အများဆုံးပိုင်ဆိုင်တဲ့ အူစမာ နော့ဗ်
ကိုလည်း ဒါရိုက်တာ ဘုတ်အဖွဲ့မှာထည့်ဖို့ လိုနေပြီလို့ ရေးသားလိုက်ပါတယ်။

တစ်ခါ တုန်းကတော့ ခရွန်ကီနဲ့ အူစမာ နော့ဗ်ဟာ အာဆင်နယ်ရှယ်ယာ တွေကို အပြိုင်အဆိုင်
၀ယ်နေပြီး အူစမာနော့ဗ် ဒါရိုက်တာ ဘုတ် အဖွဲ့ထဲကို ရောက်လာမှာစိုးလို့ ဘရေ့စ် ၀ဲလ်ဟာ သူ
ပိုင်ရှယ်ယာ ၁၅ ရာခိုင် နှုန်းကို ခရွန်ကီထံရောင်းပြီး ခရွန်ကီကို ချုပ်ကိုင်ခွင့်ပေးလိုက်ကြတာပါ။

အခုတော့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ခရွန်ကီနဲ့ သူခေါ်လာတဲ့ စီအီးအိုဂါဇီဒစ်တို့ရဲ့ ဆုံးဖြတ်
ချက်တွေက အာဆင်နယ်ကို ရှေ့ကိုမရောက်စေဘဲ နောက်ကိုသွားနေသလို ဖြစ်နေခဲ့ပြီဖြစ် ပါတယ်။
အာဆင်နယ်ရဲ့ ရှယ်ယာဈေး တွေကျဆင်းသွားအောင်လုပ်နေကြ ရော့သလားလို့တောင် သံသယ
တွေ ၀င်လာနေပြီဖြစ်ပါတယ်။

ရှယ်ယာဈေး တွေကျရင် ရောင်းတဲ့သူတွေပေါ်လာမယ်။အဲဒီလိုဆိုရင် သူတို့က အဲဒီရှယ်ယာတွေ
ကို ၀ယ်မယ်လုပ်လို့ရနိုင် တဲ့အနေအထားမျိုးဖြစ်နေပါတယ်။ မနှစ်က နှစ်ချုပ်ထွက်လာတော့ ပေါင်
၁၅၄ သန်းအထိ အာဆင်နယ် ပိုင်ဆိုင်ထားကြောင်းသတင်းထုတ်ပြန် ထားခဲ့ပါတယ်။

အဲဒီလိုအခြေအနေ ကောင်းတဲ့အတွက် ဒီနှစ်မှာတော့ ထိပ်တန်းကစားသမားတွေကို ၀ယ်ပေး မယ်
လို့ အစောပိုင်းကပြောခဲ့ပေမယ့် လေနဲ့သာ ဂါဇီဒစ်ဟာဝယ်နေခဲ့ကြပါ တယ်။ ဟီဂူအင်၊ ရွန်နီ၊
နောက်တော့ ဆွာရက်ဇ်၊ နောက်တော့ကာပူအီနဲ့ ဂူစတာဗိုတို့ အသံထွက်ပေမယ့် တစ်ယောက်မှ
မဝယ်ခဲ့ဘဲ ရာသီသစ် ကို စတင်လိုက်ကြပါတယ်။ ဟီဂူအင်ဆို နာပိုလီ၊ ကာပူအီဆို စပါး၊ ဂူစတာ
ဗိုဆို ၀ုဖ်ဘတ်တို့ကို ရောက်သွားခဲ့ကြပြီဖြစ် ပါတယ်။ ရွန်နေအသံက ချယ်လ်ဆီး လောက် အသံ
မကျယ် ခဲ့ပါဘူး။ အခုနောက် ဆုံးမှာ ဆွာရက်ဇ်ကိုလည်း လီဗာပူးက မရောင်းဘူးလို့ ဆိုလိုက်ပြန်
လို့ အာဆင်နယ်ဟာ ဒီရာသီ မှာ တစ် ယောက်မှ မခေါ်သေးဘဲရှိနေခဲ့ ပါတယ်။ ရောက်နေတဲ့
ဆာနိုဂိုဆိုတာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်လာ သူသာဖြစ်ပါတယ်။

အဲဒီလိုအချို အချောင်တွေကိုပဲ အာဆင်နယ်ဟာ စောင့်စားနေခဲ့တာကြာပြီ ဖြစ်ပါတယ်။ သူတို့က
တစ်ပြားမှမသုံးချိန်မှာ မနှစ်က တန်းတက်လာပြီး တင်ကျန်နေ ခဲ့တဲ့ ဆောက်သမ်တန်အသင်း
တောင် ဒီရာသီမှာပေါင်သန်း ၃၀ ကျော် သုံး ထားပြီးဖြစ်နေပါတယ်။

ဆောက်သမ်တန်ဟာ ကစားသမားသုံးယောက်ကို သန်း ၃၀ သုံးထားခဲ့တာဖြစ်ပါတယ်။ ဆွမ်ဆီး
ဟာလည်း ပေါင် ၂၁ သန်းကျော် သုံးထားကြပြီဖြစ်ပါတယ်။ ဒီလို အသင်းလေးတွေတောင် အဲဒီ
လောက် သုံးထားချိန်မှာ အသင်း ကြီးဖြစ်တဲ့ အာဆင်နယ်က တစ်ပြားမှ မသုံးသေးတာ အံ့ဩစရာ
ပဲဖြစ်ပါတယ်။

အရင်နှစ်တွေက ဖာဘရီဂတ်စ်၊ နာဆရီ၊ကလစ်ချီ၊ အဒီဘာယောတို့ကိုရောင်းလိုက်ချိန်မှာ သူတို့မှာ
အရင်း အမြစ်တွေရှိနေခဲ့ပါတယ်။ နောက်နှစ် မှာ ဗန်ပါစီ၊ အဲလက်စ်ဆောင်းတို့ကို ရောင်းတော့
လည်း သူတို့မှာ အရင်း အမြစ်ကရှိနေပါတယ်။ ဒီလိုနှစ်ရာသီ ဆက်တိုက် ကစားသမားကောင်း
တွေ ရောင်းပြီး အကြွေးတွေလျော့နိုင် အောင် ကြိုးစားခဲ့တာ မှန်ပေမယ့် ဒီနှစ်မှာတော့ အာဆင်
နယ်မှာ အရင်း အမြစ်တွေက ကုန်ခမ်းသွားပြီဖြစ်ပါ တယ်။ ဒါကို ဂါဇီဒစ်၊ အာဆင်ဝင်ဂါး တို့မသိ
ဘဲမနေပါဘူး။ သိသိကြီးနဲ့ကို ဒီအတိုင်းနေနေတာကတော့ တစ် နေရာရာမှာ စီမံခန့်ခွဲမှုအမှားတစ်
ခု ရှိနေတယ်ဆိုတာက ထင်ရှားလို့နေ ခဲ့ပြီဖြစ်ပါတယ်။

သူတို့ရဲ့စီမံပုံတွေ မမှားဘူးလို့ဆိုရင်တောင် အရင်းအမြစ် ကတော့ အာဆင်နယ်မှာ ကုန်ခမ်းနေ
တာ သေချာနေပါတယ်။ ဗီလာကိုရှုံးသွားတော့ အာဆင်ဝင်းဂါး က ပရိသတ်ကို တောင်းပန်စကား
ပြောဆိုလိုက်ရပါတယ်။

ပရိသတ်ကိုသူတို့ အလေးမထားတာကြာပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပရိသတ်တချို့ဟာ ပိုက်ဆံတွေ
ထောင်ပြီးတော့ကို ကစားသမားဝယ်ဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ ငွေပေးပြီး အားပေးမှုမှာ ထိုက်
တန်ကျေနပ်မှုမျိုးရချင်ကြတာ လူတိုင်းဖြစ် ပါတယ်။ ကိုယ့်ပရိသတ်ကို လေးစားရ တော့မယ့်အချိန်
ကို ရောက်လာနေပြီ ဖြစ်ပါတယ်။

ဗီလာပွဲမှာ အာဆင်နယ် ထက် ဗီလာက ပိုကောင်းပြီး အနိုင်ရ သွားခဲ့တာပဲဖြစ်ပါတယ်။ အာဆင်
နယ် ဟာ ဗီလာရဲ့ကစားကွက်လောက်မကောင်းတာကလည်း ငြင်းလို့မရတဲ့အချက်ပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း အာဆင်ဝင်းဂါးဟာ တောင်းပန်စကားပြောရတာပဲဖြစ်ပါတယ်။ အခုဒဏ်ရာ ရသူ
တွေ များနေပြန်ပြီဖြစ်ပါတယ်။

အရန်အရင်းအမြစ်ဆိုတာ အာဆင် နယ်မှာ ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။ အထူးသဖြင့် နောက်
တန်းပဲဖြစ်ပါ တယ်။ နောက်တန်းက ဆစ်ဂနာ၊ ကီရင်ဂစ်၊ ဗာမေလန်တို့ နာနေကြလို့ အာဆင်ဝင်း
ဂါး ပြဿနာတက်နေပြီ ဖြစ်ပါတယ်။

"မန်နေဂျာဟာ အရင်က အပြောင်းအရွှေ့မှာ အကောင်းဆုံး ၀ယ်နိုင်တဲ့သူ၊ ရှာဖွေနိုင်တဲ့သူဖြစ်ပါ
တယ်။ အခုအဲဒီလိုလုပ်ဖို့ လိုအပ်နေပြီ။ အပြောင်းအရွှေ့အတွက် အချိန် ရှိပါသေးတယ်''လို့ အာ
ဆင်နယ်ကစား သမားဟောင်းမာတင်ကီရွန်က ပြော ဆိုထားခဲ့ပါတယ်။ အာဆင်ဝင်းဂါး အတွက်
လက်ကျန်သီတင်းနှစ်ပတ် အတွင်းမှာ လေနဲ့မဝယ်ဘဲ တကယ် ၀ယ်ရတော့မယ့်ကာလဖြစ်ပါ
တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နောက်ထပ် အဆင့်(၄)ဆိုတာ ဝေလားဝေးလို့ ပြောလိုက်ချင်ပါရဲ့။



ဖတ်ရှုမှုအများဆုံး