ဒေါ့မွန်ကပ်နိုင်ပြီး ဘိုင်ယန်အိမ်ကွင်းမှာ ဂိုးပြတ်နိုင်မယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)

ဒေါ့မွန်ကပ်နိုင်ပြီး ဘိုင်ယန်အိမ်ကွင်းမှာ ဂိုးပြတ်နိုင်မယ် - ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)

ဒေါ့မွန်-၀ါဒါဘရီမင်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၀-၁-၁၃ ၀ါဒါဘရီမင် ၀-၅ ဒေါ့မွန်

ဟမ်းမဲလ်၊ မာကိုရူးစ်၊ ဟော့မန်းတို့ ကတော့ အခုအချိန် ခြေစွမ်းပြနေနိုင် ကြတုန်းပါပဲ။ ၀ါဒါဘရီမင်
ကလည်း အော့စ်ဘတ်ကို တစ်လုံးတည်းသော ဂိုးနဲ့ နိုင်လိုက်လို့ အဆင့်(၅) နေရာ အထိ တက်
လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၀ါဒါဘရီမင်ဟာ အခုအချိန်ထိ တိုက်စစ် ပိုင်း အားနည်းနေသေးပြီး တစ်ပွဲ
တစ်ဂိုး နှုန်းသာ သွင်းယူနိုင်တာကို တွေ့ရပါ တယ်။ ဒေါ့မွန်က ၀ါဒါဘရီမင်ထက်ပိုပြီး တိုက်စစ်ထက်
မြက်ပါတယ်။ အစဉ်အလာပိုင်းအရလည်း ၀ါဒါဘရီမင်ကွင်းမှာ ဒေါ့မွန် မယှဉ်နိုင်ခဲ့လို့ အခုလည်းပဲ
ဒေ့ါမွန်ကို အားပေးရဦး မှာပါ။

ဘိုင်ယန်မြူးနစ်-နုရင်ဘတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၃-၄-၁၃ ဘိုင်ယန်မြူးနစ် ၄-၀ နုရင်ဘတ်
ဘိုင်ယန်ဟာ မန်ဇူကစ်ရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့
ဖရန့်ဖတ်ကို အနိုင်ရပြီး အဆင့် (၃) နေရာမှာ ရပ်တည်နေပါ တယ်။ နုရင်ဘတ်ကလည်း သွင်းဂိုး
စုစုပေါင်း ခြောက်ဂိုးသွင်းလာတဲ့ ဟာသာဘာလင်ကို ၂-၂ သရေကစားနိုင်ခဲ့ပြီး သရေပွဲတွေဆက်
လာကာ အဆင့် (၁၁) နေရာရောက်နေတာပါ။ ဘိုင်ယန်အနေနဲ့ နုရင်ဘတ်ကို သတိ တော့ ထား
ရပါလိမ့်မယ်။ ဒါပေမဲ့ အစဉ် အလာပိုင်းအရ ၄-၀ နှစ်ကြိမ်၊ ၃-၀ တစ်ကြိမ် နှိပ်ကွပ်ထားတဲ့ ဘိုင်ယန်
ကိုပဲ ယုံကြည်ရမှာပါ။

လေဗာကူဆင်-မွန်ချင်ဂလက်ဘက်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၉-၂-၁၃ မွန်ချင် ၃-၃ လေဗာကူဆင်

လေဗာကူဆင်ဟာ ဖရိုင်းဘတ်နဲ့ စတုဂတ်ကို ချေမှုန်းပြီး အဆင့် (၂) နေရာ ရောက်နေပါတယ်။
မွန်ချင် ကလည်း ဘိုင်ယန်ကိုရှုံးခဲ့ပေမယ့် ဟန်နိုဗာကို ပြတ်ပြတ်သားသား အနိုင် ယူခဲ့လို့ စောင့်
ကြည့်ရမယ့်အသင်း စာရင်းထဲပါ၀င်နေပါတယ်။ မွန်ချင်ရဲ့ ပုံစံက တိုက်စစ် အမြဲဖွင့်ကစားတတ်တဲ့
ပုံစံဖြစ်နေပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ဟာ နှစ်သင်းပေါင်းသွင်းဂိုးအများနဲ့ လေဗာကူဆင်ကို ရွေး
ချယ်ရမှာဖြစ်ပါ တယ်။

ဟာသာဘာဟင်- ဟမ်းဘတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၈-၁-၁၂ ဟာသာဘာလင် ၁-၂ ဟမ်းဘတ်

ဟာသာဘာလင်ဟာ ဖရန့်ဖတ်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် နုရင်ဘတ်ကို ၂-၂ နဲ့ သရေကျခဲ့လို့ အဆင့်
(၆) နေရာမှာ ရပ်တည်နေတာပါ။ ဟမ်းဘတ်ကလည်း နှစ်ပွဲကစား တစ်မှတ်သာ ရရှိသေးတဲ့
အသင်းတစ်သင်းဖြစ်နေပါတယ်။ ဟာသာဘာလင်နဲ့ သူ့ရဲ့ အိမ်ကွင်း ရလဒ်ကို ပြန်ကြည့်ရင်
၂၀၀၈ ဘောလုံး ရာသီမှာ၂-၁ ဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာလည်း
ဟာသာဘာလင်တို့ ဟမ်းဘတ်ကို ရှုံးနိမ့်သွားနိုင်တယ်လို့ မြင်ပါတယ်။

မိန့်ဇ်-၀ုဖ်ဘတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၃-၁၂-၁၃ မိန့်ဇ် ၁-၁ ၀ုဖ်ဘတ်
မိန့်ဇ်အသင်းဟာ စတုဂတ်ကိုရော၊ ဖရိုင်းဘတ်ကိုပါ အနိုင်ယူပြီး အဆင့် (၄) နေရာအထိ တက်
လှမ်းနိုင်ခဲ့ပါတယ်။ ၀ုဖ်ဘတ်ကတော့ဟန်နိုဗာကို ရှုံးခဲ့ ပေမယ့် ရှော်လ်ကေးလို အသင်းကြီးမျိုး
ကို အနိုင်ကစားနိုင်ခဲ့လို့ စောင့်ကြည့်ရမယ့်အသင်း စာရင်းထဲ ထည့်သွင်းထားရမှာပါ။ အစဉ်အ
လာပိုင်းအရ မိန့်ဇ်ကွင်းမှာ သရေပွဲတွေများပြီး ၀ုဖ်ဘတ်နိုင်ခဲ့စဉ်တုန်းကလည်း ၀-၁ ရလဒ်နဲ့ နိုင်
ခဲ့တာမို့ နှစ်သင်းပေါင်း သွင်းဂိုးအနည်းနဲ့ ၀ုဖ်ဘတ်ကိုရွေးမယ်။

ဘရောက်ချ်-ဖရန့်ဖတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၅-၂-၁၂ ဖရန့်ဖတ် ၂-၁ ဘရောက်ချ်
တန်းတက် မျက်နှာသစ်ဘရောက်ချ် အဖို့ကတော့ ၀ါဒါဘရီမင်နဲ့ ဒေါမွန်တို့ရဲ့ သင်ခန်းစာပို့ချမှုကို
ကောင်းကောင်း ခံယူခဲ့ပြီးပါပြီ။ အခု သူရင်ဆိုင်ရမယ့် အသင်းကလည်း နှစ်ပွဲစလုံး ရှုံးထားတဲ့ ဖရန့်
ဖတ်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဖရန့်ဖတ် ခံစစ်ကြောင်းက ဘရောက်ချ် ထက် ပိုပြီးဆိုးဝါးနေလို့
ဘရောက်ချ် တစ်ဂိုးတော့သွင်းမယ်လို့ ခန့်မှန်းရပါတယ်။ ဖရန့်ဖတ်တို့ မျက်နှာသစ် ဘရောက်ချ်
ကို ၁-၂ လောက်နဲ့ သင်ခန်းစာပေးဦးမှာပါ။

ဟော့ဖန်ဟိမ်း-ဖရိုင်းဘတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂-၂-၁၃ ဟော့ဖန်ဟိမ်း ၂-၁ ဖရိုင်းဘတ်

ဟော့ဖန်ဟိမ်းဟာ ဟမ်းဘတ်ကို အဝေးကွင်းမှာ ၁-၅ နဲ့ နိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ တိုက်စစ်အင်
အားတက်လာတာကိုတွေ့ရပါတယ်။ သူတို့ကစားပြီး တဲ့ ပွဲနှစ်ပွဲဟာလည်း နှစ်သင်းပေါင်း သွင်းဂိုး
များတဲ့ပွဲတွေ ဖြစ်ပါတယ်။ဖရိုင်းဘတ်ကတော့ နှစ်ပွဲဆက်ရှုံးပြီး တန်းဆင်းအမှတ်အသားထဲကို
ရောက်သွားပါပြီ။ ဒါကြောင့် ဖရိုင်းဘတ်အနေနဲ့ ဟော့ဖန်ဟိမ်းရဲ့ ထက်မြက်နေတဲ့ တိုက်စစ်ကို
တောင့်ခံနိုင်ဖွယ်ရာ မမြင်ပါဘူး။ဟော့ဖန်ဟိမ်းနဲ့ နှစ်သင်းပေါင်း သွင်းဂိုးအများကို ကြိုက်ပါတယ်။

အော့စ်ဘတ်-စတုဂတ်
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၂၇-၄-၁၃ အော့စ်ဘတ် ၃-၀ စတုဂတ်

အော့စ်ဘတ်ရော၊ စတုဂတ်ပါအဖွင့် နှစ်ပွဲစလုံး ရှုံးပွဲကြံုထားတဲ့အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့
နှစ်သင်းရဲ့ အစဉ်အလာကိုပြန်ကြည့်တဲ့အခါ စတုဂတ်က သုံးကြိမ်နိုင်ပြီး အော့စ်ဘတ်က တစ်ကြိမ်
နိုင်ထားပါတယ်။ နှစ်သင်းစလုံးရဲ့ ခံစစ်ကြောင်းကလည်း ဆိုးဝါးနေလို့ အပြန်အလှန်ဂိုးသွင်းခွင့်တွေ
ရရှိနိုင်ပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုးအများနဲ့ စတုဂတ်ကို ကြိုက်ပါ တယ်။

ဟန်နိုဗာ - ရှော်လ်ကေး
နောက်ဆုံးအကြိမ်တွေ့ဆုံမှု
၁၉-၁-၁၃ ရှော်လ်ကေး ၅-၄ ဟန်နိုဗာ

ဟန်နိုဗာဟာ မွန်ချင်ဂလက်ဘက် ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ရှော်လ်ကေး ဟာလည်း ၀ုဖ်ဘတ်ကို
ဂိုးပြတ်အရေးနိမ့်ခဲ့တာချင်းတူညီနေပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး ခံစစ်ပိုင်းမှာ အားနည်းမှုကိုယ်
စီ ရှိနေတာကလည်းသေချာနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ဟာ သရေပွဲဖြစ်ဖို့များပြီး နှစ်သင်းပေါင်း
သွင်းဂိုး နည်းမယ်လို့ထင်ပါတယ်။



ဖတ်ရှုမှုအများဆုံး