မကြာမီက ကျင်းပပြီးစီးသွားခဲ့သည့် မော်စကို ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံ ပြိုင်ပွဲကြီးတွင် တာတို
အပြေးချန်ပီယံ နှင့် တာဝေးအပြေးဗိုလ်တို့ဖြစ်ကြသည့် အူစိန်ဘော့နှင့် မိုဖာရာတို့သည် လင်း
လက်တောက်ပသည့် ကြယ်ပွင့် များအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။
ကမ္ဘာ့အားကစားလောကတွင် ဂန္ထဝင် အားကစားသမားကြီးများဖြစ်ကြသည့် ဘရာဇီးလ်ဘောလုံး
ဘုရင် ပီလီနှင့် အမေရိကန် ဂန္ထဝင်လက်ဝှေ့သမား မိုဟာမက်အလီတို့ဖြင့် နှိုင်းယှဉ်လောက် သည့်
အံ့ဖွယ်တာတိုအပြေးချန်ပီယံ ဘော့သည် အမျိုးသားမီတာ ၁၀၀ နှင့် ၂၀၀ တို့တွင် ရွှေတံဆိပ်များ
ဆွတ်ခူး ခြင်းဖြင့် ၎င်း၏ပြိုင်ပွဲတွင် ဒုတိယနှင့် တတိယမြောက် ကမ္ဘာ့ချန်ပီယံဆုများ ကို ရယူခဲ့
သည်။
ဗြိတိန်နိုင်ငံသား ဖာရာ သည်လည်း မီတာ ၅,၀၀၀ နှင့် ၁၀,၀၀၀ ပြေးပွဲများတွင် ရွှေတံဆိပ်ဆုများ
ဆွတ်ခူးကာ လန်ဒန်အိုလံပစ်မှ အောင် မြင်မှုများကို ထိန်းထားနိုင်ခဲ့သည်။
(အေအက်ဖ်ပီ)














