မာလာဂါ - ဘာစီလိုနာ
လာလီဂါရဲ့ ရာသီအစပွဲတွေကတော့ မျှော်လင့်ထားသလိုရလဒ်မျိုး အများစု ဖြစ်ခဲ့ပါတယ်။
အသင်းတွေကြား ငွေကြေးသုံးစွဲနိုင်မှုကွာဟချက်တွေနဲ့ အတူ ခြေစွမ်းပိုင်းမှာကွာဟသွားနိုင်တယ်
လို့ ထင်ခဲ့သေးပေမယ့် တကယ် တမ်းပွဲဦးထွက်ပွဲတွေ ကြည့်မယ်ဆိုရင် တော့ ကွာဟချက်၊သိပ်
မရှိလှပါဘူး။ ရီးယဲလ်နဲ့ ဘာစီလိုနာနှစ်သင်းနဲ့ ကျန်အသင်းတွေကြားမှာပဲ သိသာတဲ့ ကွာဟမှုမျိုး
ရှိနေပြီး ကျန်တဲ့အသင်း တွေကြားမှာတော့ ခြေစွမ်းပိုင်းအားဖြင့် ထင်ထင်ရှားရှား ကွာဟနေတာ
မျိုး မတွေ့ရသေးပါဘူး။
ဒါကလည်း ရာသီ အစမှာ အသင်းငယ်လေးတွေအနေနဲ့ အင်ပြည့်အားပြည့် ပွဲထွက်လာပြီး ပြိုင်
ဘက်တွေကို အားကြိုးမာန်တက် ရင်ဆိုင်ခဲ့ကြတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ပွဲချိန်ကြာလာ
တာနဲ့အမျှ အရန်အင်အားတောင့်တင်းမှု အား အနည်းဆုံးအသင်းတွေဟာ တဖြည်းဖြည်းနဲ့ ကျန်
ခဲ့ဖို့ရှိမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ လာလီဂါရဲ့လက်ရှိ အနေ အထားတွေအရ
တော့ ဘာစီလိုနာ၊ ရီးယဲလ် အသင်းကြီးနှစ်သင်းနဲ့ ကျန် အသင်းတွေရဲ့ကြားမှာ သိသာတဲ့ ကွာ
ဟမှုရှိနေတဲ့ အကျိုးဆက်က ဒီအသင်းကြီးနှစ်သင်းကို ယုံကြည်ဖို့ ဆိုရင် သူတို့ရဲ့တိုက်စစ်အား
ကိုပါ အသေအချာတွက်ချက်ရမလို ဖြစ်လာ ပါတယ်။
ဒီအသင်းနှစ်သင်းနဲ့ ကျန် အသင်းတွေကြားထဲမှာ အင်အားချင်း သိသာစွာကွဲပြားနေမှုက ဒီအသင်း
တွေရဲ့ ခေါ်ကြေးတွေကလည်း မတန် တဆဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီအသင်းကြီးနှစ်သင်းနဲ့
ပြိုင်ဘက် အသင်းတွေ တွေ့တဲ့အခါမှာ ဒီအသင်း ကြီးနှစ်သင်းကို အနိုင်ရ၊ မရစဉ်းစား ရမှာမျိုး
ထက် လိုအပ်တဲ့ ဂိုးအရေ အတွက်တွေရအောင် ဒီအသင်းကြီး နှစ်သင်းစလုံး သွင်းပြနိုင်မလား
ဆိုတဲ့ အချက်ကပဲ အဓိကအချက်လိုဖြစ်လာ ပါတယ်။
အခုတစ်ပတ် ပွဲတွေထဲမှာတော့ အသင်းကြီးနှစ်သင်းစလုံးဟာ အဝေး ကွင်းသွားကစားရဖို့ရှိနေ
တယ်။ ရီးယဲလ် မက်ဒရစ်က ဂရန်နာဒါ၊ ဘာစီလိုနာက မာလာဂါလိုအသင်းမျိုးတွေနဲ့ ရင်ဆိုင် ကြ
ရမှာဖြစ်လို့ ပြီးခဲ့တဲ့ရာသီက တန်း မဆင်းရရေး ရုန်းကန်ခဲ့ရတဲ့ ဂရန်နာဒါ ကို ရင်ဆိုင်ရမယ့် ရီးယဲ
လ်ထက်စာရင် ပြီးခဲ့တဲ့ရာသီက တောက်လျှောက် ခြေမှန်ပြခဲ့ပြီး အဆင့်(၆)နေရာရခဲ့တဲ့ မာလာ
ဂါအသင်းနဲ့ ရင်ဆိုင်ရမယ့် ဘာစီလိုနာက ပွဲပိုကျပ်မယ်လို့ ယူဆ စရာကောင်းနေပါတယ်။
ဒါပေမဲ မာလာဂါကလည်း ဒီရာသီမှာ အပြောင်း အလဲတွေ အများကြီးရှိနေခဲ့ပြီး အသင်း ရဲ့ ခြေစွမ်း
ပိုင်းကလည်း မှန်းဆရခက်တဲ့အနေအထားကို ရောက်နေတဲ့ အချက်က အဝေးကွင်းမှာ ဘာစီလိုနာ
အတွက် တကယ့် ခက်ခဲတဲ့ပြိုင်ဘက်မျိုး ဖြစ်လာနိုင် ခြင်းရှိ၊ မရှိဆိုတာ အသေ အချာတွက်ဆလို့
တော့မရသေးပါဘူး။
နှစ်သင်းစလုံးဟာ နည်းပြ အပြောင်း အလဲတွေပြုလုပ်ထားပေမယ့် ကစား သမားအပြောင်းအလဲ
သိပ်မရှိဘဲ အသင်းလိုက်အထိုင်ကျနေမှုအပိုင်းမှာတော့ ဘာစီလိုနာဟာ မာလာဂါ ထက်စာရင်
ပိုပြီးတည်ငြိမ်မှုရှိနိုင်တယ် လို့ ဆိုနိုင်တယ်။ နောက်ပြီး မာလာဂါ အသင်း ခြေစွမ်းပိုင်းမှာ အတည်
ငြိမ်ဆုံး ရှိနေတဲ့အချိန်မျိုးမှာတောင် ဘာစီ လိုနာကို အိမ်ကွင်းမှာ ရင်ဆိုင်နိုင်စွမ်း အားနည်းနေတာ
ကလည်း အခုလို အချိန်မျိုး မာလာဂါမှာ အပြောင်းအလဲ တွေဖြစ်နေတဲ့အခါမှာ ဘာစီလိုနာကို
ရင်ဆိုင်ရတာ ပိုပြီးခက်ခဲသွားနိုင်ပါ တယ်။
မာလာဂါကိုကြည့်ရင် အသင်းရဲ့ အဓိကကျတဲ့ ကစားသမားအများစု မရှိကြတော့ပါဘူး။ အသင်း
ရဲ့လူငယ် သွေးသစ် အစ္စကိုအပါအဝင် ၀ါရင့် ကစားသမားကြီးတွေဖြစ်တဲ့ ဒီမီချီလီစ်၊ ဘက်တစ္စ
တာ၊ ဆာဗီယိုလာ စတဲ့ကစားသမားအများစုကို လက်လွှတ်ထားခဲ့ရ တယ်။ ပွဲဦးထွက်ပွဲမှာလည်း
ဗလင် စီယာကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးထား ခဲ့တယ်။ ဒါပေမဲ့ မာလာဂါကို လျှော့မတွက်သင့်တဲ့
အချက်က မာလာဂါရဲ့နည်းပြ ဘန်းရှူးစတားဟာ လာလီဂါ အတွေ့ အကြံုရှိနည်းပြတစ်ဦးဖြစ်တဲ့
အပြင် ရီးယဲလ်မက်ဒရစ်လို အသင်းကြီးကို တောင် ကိုင်တွယ်ထားခဲ့ဖူးတဲ့နည်းပြ တစ်ဦးဖြစ်နေတဲ့
အချက်ပါပဲ။
ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာလည်း ဘန်းရှူးစတား ဟာ သူ့အသင်းကိုခံစစ်ပိုင်းတည်ငြိမ် အောင်
ကြိုးစားကစားသွားစေနိုင်တာ ကို တွေ့ထားရလို့ အခုပွဲမှာလည်း ဘာစီလိုနာအသင်းရဲ့ တိုက်စစ်
ကိုတားဆီးဖို့အတွက် ဘန်းရှူးစတားဟာမာလာဂါရဲ့ခံစစ်ကြောင်းကို အတောင့် တင်းဆုံးဖြစ်အောင်
အတတ်နိုင်ဆုံး တည်ဆောက်ထားနိုင်တဲ့အခြေအနေ မျိုးရှိနေနိုင်တာပါပဲ။ ဘာစီလိုနာအတွက်က
တော့ ပွဲတစ်ပွဲ ကိုအနိုင်ရဖို့အတွက် သိပ်ပြီး စဉ်းစား စရာမလိုပါဘူး။ ဘာစီလိုနာရဲ့ လက်ရှိ အင်
အားဟာ လာလီဂါတွင်မကဘူး၊ ဥရောပအဆင့်မှာတောင် ထိပ်တန်း အဆင့်မှာရှိနေဆဲဖြစ်လို့ အခု
အဝေး ကွင်းပွဲကိုလည်း ဘာစီလိုနာပဲခြေစွမ်း အသာနဲ့ ကစားသွားနိုင်ဦးမှာ သေချာ တယ်။
အဓိကစောင့်ကြည့်ရမှာက ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းက လိုအပ်တဲ့ ဂိုးအရည်အတွက်ရအောင်
သွင်းနိုင် ခြင်းရှိ၊ မရှိဆိုတဲ့အချက်နဲ့ အခုချိန် အထိ အားမဖြည့်နိုင်သေးတဲ့ခံစစ်ကြောင်းဟာ မာလာ
ဂါရဲ့တန်ပြန် တိုက်စစ်အောက်မှာ မထင်မှတ်တဲ့ ဂိုးတွေပေးလိုက်ရမယ့် အနေအထားမျိုး ရှိနိုင်၊
မရှိနိုင်ဆိုတာကိုပါပဲ။
နောက်တစ်ချက်က ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင်းရဲ့အဝေးကွင်းကစားပုံတွေကိုပါ။ ဘာစီ
လိုနာဟာ ပြီးခဲ့တဲ့ရာသီက အဝေး ကွင်း ကစားတဲ့ပွဲတွေမှာ တိုက်စစ်ပိုင်း က လိုအပ်သလောက်
ဂိုးတွေကို သွင်းယူ နိုင်မှု အားနည်းခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ ဒီရာသီမှာ တိုက်စစ်အတွက် နေမာ
ရောက်လာတဲ့အပြင် ပက်ဒရို ကလည်း ပုံမှန်ဂိုးသွင်းခြေပြန်ရနေတဲ့ အချိန်မျိုးဖြစ်လို့ ဘာစီလိုနာရဲ့
တိုက်စစ် အားဟာအားရစရာကောင်းနေတာ တော့အမှန်ပါပဲ။ ဒါ့ပြင် ဘာစီလိုနာ အတွက် အရေး
ကြီးတဲ့အချက်က ဒီရာသီမှာ ရီးယဲလ်မက်ဒရစ်နဲ့ ပိုပြီး ယှဉ်ပြိုင်ရမယ့်အနေအထားမျိုးဖြစ်နေ ခဲ့လို့
အခုလိုရာသီအစပွဲမျိုးတွေမှာ အတိမ်းအစောင်းနည်းနိုင်သမျှနည်း အောင် ကြိုးစားကစားသွားဖို့က
လည်း များနေပါတယ်။
ဒါကြောင့် အခုပွဲမှာ အဓိက စောင့် ကြည့်ရမှာက မာလာဂါခံစစ်ကြောင်း အနေနဲ့ ဘာစီလိုနာရဲ့
တိုက်စစ်ကို ဘယ်လောက်အတိုင်းအတာအထိ တောင့်ခံနိုင်စွမ်းရှိ၊ မရှိဆိုတဲ့အချက်ပါပဲ။ ဒီပွဲအတွက်
ဘာစီလိုနာနဲ့ ဂိုးအများကိုပဲ ရွေးထားရမယ် ထင်ပါ တယ်။
အခြားပွဲစဉ်များ
* ဂီတာဖေး - အယ်လ်မီရီယာ
* ဘီလ်ဘာအို - အိုဆာဆူနာ
အယ်လ်ချီ - ဆိုစီဒက်*
* အက်စ်ပန်ညို - ဗလင်စီယာ
* ဗီလာရီးယဲလ် - ဗယ်လာဒိုးလစ်
* အလက်တီကို - ရာယို
* လီဗန်းတေး - ဆီဗီလာ
* ဘက်တစ် - ဆယ်လ်တာဗီဂို
ဂရန်နာဒါ - ရီးယဲလ် *















