မူရီကွီက မန်နေဂျာ လစ်ပီကို ချီးကျူးစကားဆို

မူရီကွီက မန်နေဂျာ လစ်ပီကို ချီးကျူးစကားဆို

ကွမ်ကျိုးအဲဗာဂရန်ဒီ ကလပ်အသင်းမှ ဂိုးသွင်းစက်ဟု ခေါ်ရမည့် မူရီကွီက တရုတ် အမှတ်ပေး
ဘောလုံးပြိုင်ပွဲ ထိပ်သီးသည် အာရှအောင်ပွဲ ဆင်နွှဲရန်ပြင်ဆင်နေစဉ် မာဆယ်လိုလစ်ပီကို
ကမ္ဘာ့အဆင့်ရှိပါသည်ဟု ထုတ်ဖော်ချီးကျူးခဲ့သည်။

AFC ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရှစ်ဂိုး ဖြင့် ဂိုးသွင်းအများဆုံးဖြစ်နေသူ ဘရာ ဇီးလ်နိုင်ငံသား မူရီကွီက
၎င်းတို့သည် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲ၏ အကြို ဗိုလ်လုပွဲသို့ ရောက်မည်ဟု မျှော်မှန်း ခဲ့သဖြင့်
တရုတ်ချန်ပီယံအနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုရ အီတလီနိုင်ငံ သားကြီး လက်အောက်တွင် ရင့်
ကျက်လာပြီဟု ပြောသည်။

တရုတ်စူပါလိဂ်တွင် အနီးကပ် ပြိုင်ဘက်ထက် ၁၄ မှတ် အသာဖြင့် ရှေ့မှ ပြေးနေသည့် ကွမ်ကျိုး
သည် မကြာမီအိမ်ကွင်း၌ ကာတာမှ လက်ဝီယာကလပ်သင်းနှင့် ကွာတားဖိုင်နယ် ပထမပွဲစဉ်
ကစားရမည်။

"ကျွန်တော်တို့ အသင်းဟာ ပိုမိုတည်ငြိမ်ပြီး ရင့်ကျက်ကာ ယုံကြည်မှု ပြည့်ဝနေတာကြောင့် ကွမ်
ကျိုးဟာ ယမန်နှစ်ကထက် ဒီနှစ်မှာ ပိုတောင့်တင်း တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု မူရီ
ကွီက ပြောသည်။

"ကျွန်တော်တို့အသင်းဟာ င်္ဗဃ ချန်ပီယံလိဂ် ပထမဘောလုံးရာသီမှာပဲ အဖိုးမဖြတ်နိုင်တဲ့ အတွေ့
အကြံုတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ အာရုံစူးစိုက် နိုင်ပြီး အားနည်းချက်တွေကို ကျော် လွှားကာ
ပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့တယ်။ အထူးသဖြင့် တောင့် တင်းတဲ့ အနောက်အာရှကလပ်
သင်း တွေကိုပါ။ လစ်ပီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြဆရာတစ်ဦး ဖြစ်ပါတယ်။ သူဟာ
ကျွန်တော်တို့ကို ခေတ်မီတိုးတက်တဲ့ လေ့ကျင့်မှုတွေနဲ့ နည်းစနစ် သီအိုရီတွေကို သင်ကြား ပြသ
ပေးပါတယ်။ လစ်ပီဟာ ကလပ် အသင်းဘောလုံးသမားတစ်ဦးစီကို အောင်ပွဲစိတ်ဓာတ်တွေ သွင်း
ပေးတဲ့ အပြင် အသင်းကိုလည်း ပိုပြီးတောင့် တင်းလာအောင် ပံ့ပိုးပါတယ်" ဟု ၎င်းက ဆက်ပြော
သွားခဲ့သည်။

(အေအက်ဖ်ပီ)



ဖတ်ရှုမှုအများဆုံး