အဖွင့်ပွဲစဉ်မှာ အသင်းကြီးတွေနဲ့ အိမ်ရှင်တွေကိုပဲ ရွေးလိုက်ပါ - အီတလီစီးရီးအေပွဲစဉ်(၁)

အဖွင့်ပွဲစဉ်မှာ အသင်းကြီးတွေနဲ့ အိမ်ရှင်တွေကိုပဲ ရွေးလိုက်ပါ - အီတလီစီးရီးအေပွဲစဉ်(၁)

ကက်ဂလီယာရီ-အတ္တလန္တာ
ရာသီကြိုခြေစမ်းပွဲတွေမှာ ပွဲတိုင်းနိုင်ထားတဲ့ ကက်ဂလီယာရီဟာတစ်ဦးချင်း ထူးချွန်သူ အများ
အပြား ပါ၀င်နေတယ်။ အသင်းလိုက် လူညီခြေညီပြီး အိမ်ကွင်း စွာတယ်။ ကက်ဂလီယာရီရှေ့
တန်းက ကိုလံဘီယာတိုက်စစ်မှူး ဗစ်တာအိုင်ဘာဘို ကို ထိန်းရခက်တယ်။ အတ္တလန္တာကတော့
ပြီးခဲ့တဲ့ရာသီက နောက်တန်း 'ပွင့်ထွက်' နေလို့ နောက်ခံလူအချို့ အားဖြည့်ထားတယ်။ အတ္တ
လန္တာ တိုက်စစ်ကို လျှော့မတွက်ရဲပေမယ့် နောက်တန်းမလုံဘူး။ ဒါကြောင့် အသင်းလိုက် ကျစ်
လျစ် စုစည်းမှုရှိတဲ့ ကက်ဂလီယာရီကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား-ကာတာနီးယား
အဓိကတိုက်စစ်မှူး ဂျိုဗီတစ်မရှိတော့ပေမယ့် အသစ်ရောက်လာတဲ့ ဂျာမန်တိုက်စစ်မှူး ဂိုမက်ဇ်၊
ဒဏ်ရာက ပြန်ကောင်းလာတဲ့ အီတလီတိုက်စစ်မှူး ရော့စီ၊ ကွင်းလယ်တိုက်စစ်မှူး အဒမ်လာဂျစ်
တို့ရှိနေလို့ ဖီအိုရင်တီးနားတိုက်စစ်က ထက်မြက်နေဆဲပါ။ ကွင်းလယ်မှာလည်း မနှစ်ကခြေစွာခဲ့
သူတွေကို ဆက်ထိန်း ထားပြီး ၀ါရင့်အေစီမီလန်အသင်းခေါင်းဆောင် အမ်ဘရိုစီနီနဲ့ အားဖြည့်
ထား တယ်။ ကာတာနီးယားမှာ တစ်ဦးချင်းကောင်းသူတွေရှိသလို လူသစ်အတော်များများကို
လည်း ထပ်ပြီး အားဖြည့်ထားတယ်။ ဒါပေမဲ့ ကာတာနီးယားဟာ ပြီးခဲ့တဲ့ရာသီကတည်းက အဝေး
ကွင်းခြေစွမ်း သိပ်မစွံဘူး။ ဒါကြောင့် တိုက်စစ် ကောင်းပြီး အိမ်ရှင်အားသာချက်ရှိတဲ့ ဖီအိုရင်တီးနား
ကို ပိုကြိုက်တယ်။

ဗီရိုနာ-အေစီမီလန်
တန်းတက်ဗီရိုနာဟာ စီးရီးဘီမှာတုန်းက အိမ်ကွင်းကောင်းပေမယ့် အေစီ မီလန်လိုအသင်းမျိုးကို
ခံကန်နိုင်ဖို့တော့ သိပ်မလွယ်ဘူး။ အိမ်ကွင်းမှာဖြစ်တာ ကြောင့် ဗီရိုနာကတော့ ဂိုးပြတ်မရှုံးနိမ့်အောင်
အဓိကထားကစားသွားမှာပါ။ မအေစီမီလန်ဟာချန်ပီယံလိဂ်ပွဲတွေ ကစားဖို့ရှိတော့ အခုပွဲကို ထိန်း
ကစားသွား ပြီး ခပ်ပါးပါးအနိုင်လောက်ပဲ ကစားမယ်လို့ ယူဆမိတယ်။

အင်တာမီလန်-ဂျီနိုအာ
နည်းပြသစ် မာရာဇီလက်ထက်မှာ အင်တာမီလန်ဟာ လူငယ်တွေနဲ့ အသင်း ကို ပြန်လည်တည်
ဆောက်နေရပေမယ့် ကိုပါအီတာလျံဖလားပွဲမှာ လေးဂိုးပြတ် နိုင်ထားလို့ ခြေစွမ်းထက်မြက်လာ
မယ်လို့ ယူဆရတယ်။ ဂျီနိုအာကလည်း ယခုအချိန်ထိအသင်းလိုက်မငြိမ်ဘဲ အဝေးကွင်းအားနည်း
တယ်။ ဒါကြောင့် 'ညှစ်အား'ရှိတဲ့ အင်တာမီလန်ကို ရွေးချယ်သင့်တယ်။

လာဇီယို-ယူဒီးနိစ်
ကွင်းဖွင့်ဖလားမှာ ဂျူဗင်တပ်ကို လေးဂိုးရှုံးခဲ့ပေမယ့် လာဇီယိုဟာ အသင်း လိုက် 'မာ'တယ်။ တစ်
ဦးချင်းကောင်းသူ အတော်များများ ပါ၀င်နေပြီး ကွင်းလယ် တိုက်စစ် ကြောက်ဖို့ကောင်းတယ်။
ယူဒီးနိစ်ကလည်း အိမ်ကွင်းစွာသလောက် အဝေးကွင်းမှာ သိပ်မညှစ်ကြဘူး။ လူငယ်တွေမွေးနေ
လို့ အသင်းသိပ်မငြိမ်ဘူး။ လာဇီယိုအနိုင်ပါ။

လီဗော်နို-ရိုးမား
တန်းတက်လီဗော်နိုဟာ စီးရီးဘီမှာကတည်းက နောက်တန်းမလုံဘူး။ ရိုးမား ကတော့ နည်းပြသစ်
ဂါစီယာကိုင်တွယ်နေပေမယ့် ရာသီကြိုခြေစမ်းပွဲတွေမှာ ကွင်းလယ်ကစားကွက်ကောင်းတယ်။
တိုက်စစ်မှူးအော့စဗဲဒိုကို ရောင်းလိုက် ပေမယ့် တောင်ပံတိုက်စစ်သမားတွေ အားဖြည့်ထားလို့
တိုက်စစ်အား ကျဆင်း သွားမယ် မထင်ဘူး။ ရိုးမားတို့ ညှစ်နိုင်ရင် အဝေးကွင်းဖြစ်ပေမယ့် ဂိုးရဖို့
မခက်ပါဘူး။ ရိုးမားကို ပိုကြိုက်တယ်။

ပါးမား-ချီယေဗို
ပူပူနွေးနွေး ကိုပါအီတာလျံဖလားပွဲမှာ လက်ချီကို လေးဂိုပြတ်နိုင်ထားတဲ့ ပါးမားဟာ တိုက်စစ်
ထက်မြက်တဲ့အသင်းဖြစ်တယ်။ အင်တာမီလန်တိုက်စစ်မှူး ကာဆာနိုရောက်လာလို့ ပါးမားတိုက်
စစ် ပိုကောင်းသွားတယ်။ ကွင်းလယ်နဲ့ နောက်တန်းမှာလည်း ခြေစွမ်းထက်မြက်သူတွေ ပါ၀င်နေ
တယ်။ ချီယေဗိုက တော့ ပြီးခဲ့တဲ့ရာသီကတည်းက အိမ်ကွင်း 'စွာ'ပြီး အဝေးကွင်း 'ဟာ'တယ်။
အဝေး ကွင်းမှာ နောက်တန်းက ရုန်းကန်ရလေ့ရှိတယ်။ ဒါကြောင့် အပြီးသတ်ဂိုးသွင်း သေချာမယ်
ဆိုရင် ပါးမားတို့ အနိုင်ပြတ်သားဖွယ်ရှိတယ်။

ဆမ်ဒိုးရီးယား-ဂျူဗင်တပ်
အိမ်ကွင်းကောင်းတဲ့ ဆမ်ဒိုးရီးယားဟာ ပြီးခဲ့တဲ့ရာသီမှာ တိုက်စစ်မှူးတွေ ဖြစ်တဲ့ မော်ရိုအိုင်ကာဒီနဲ့
ဆီမြွန်နီဇာဇာတို့ကို ရောင်းလိုက်လို့ တိုက်စစ် 'ကျ'သွားနိုင်တယ်။ လက်ရှိချန်ပီယံ ဂျူဗင်တပ်က
တော့ အသင်းလိုက် တောင့်တင်း စိတ်ဓာတ်ပါ မြင့်မားနေတယ်။ ကွင်းဖွင့်ဖလားပွဲမှာလည်း
လာဇီယိုကို လေးဂိုး ပြတ်နိုင်လိုက်လို့ ဂျူဗင်တပ်တိုက်စစ်က ကြောက်ခမန်းလိလိပဲ။ ဂျူဗင်တပ်ကို
ရွေးချယ်တာ ပိုပြီးသေချာပါလိမ့်မယ်။

တိုရီနို-ဆက်စူလို
အီတလီလက်ရွေးစင်နောက်ခံလူ အော့ဘွန်နာကို ရောင်းလိုက်လို့ တိုရီနိုခံစစ် ကြောင်း အားပျော့
သွားပေမယ့် အခုပွဲမှာ ပြိုင်ဘက်က တန်းတက်ဆက်စူလို ဖြစ်နေလို့ သမ္ဘာရှိတဲ့ တိုရီနိုတို့ 'ညှစ်'
ကစားမှာ သေချာတယ်။ တိုရီနိုတိုက်စစ်မှူး အင်မိုဘီလီကလည်း အားကိုးရပြီး ကွင်းလယ်မှာလည်း
သမ္ဘာရှိသူတွေ ပါ၀င်နေ တယ်။ ဆက်စူလိုအနေနဲ့ အခုပွဲမှာ ခံစစ်ကိုပဲ အဓိကထား ပြင်လာဖို့ပဲ ရှိပါ
တယ်။တိုရီနို နိုင်ခြေများတယ်။



ဖတ်ရှုမှုအများဆုံး